01B မှ MAHASEN လို့အမည်ပေးလိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက်

ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် 01B သည် ပိုမိုအား ကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အပြည်ပြည် ဆိုင်ရာအမည် MAHASEN ဟု အမည်ပေးလိုက်ပြီ။

ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက် တောင်ဘက် ၆၈၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၈၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၉၈ဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC လမ်းကြောင်း ကြိုတင် ခန့်မှန်းချက်တွင် တွေ့ရပါသည်။

*ပုံတွင် - မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမြောက်ပိုင်း ဒေသအချို့အား ပုံတွင် တွေ့မြင်နိုင်ပါသည်။

DVB TV News

Ref: mmweather page
http://blog.mmweather.com/2013/05/11/mahasen-01b-01/


01B မှ MAHASEN လို့အမည်ပေးလိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက် 01B မှ MAHASEN လို့အမည်ပေးလိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက် Reviewed by သစ်ထူးလွင် on 17:53 Rating: 5
Powered by Blogger.