ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ-မွတ်စလင်တွေ တစ်အိမ်ထောင် ကလေး ၂ ဦးနှုန်းသာမွေးဖွားဖို့ ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ပါတီ ၈ ခုပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်း ကျေးရွာ အုပ်စု၊ အုန်းခြံပိုင်းရှိ အမည် မရှိထမင်းဆိုင် တွင် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ
ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ) ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့် ကိစ္စနှင့် ပတ်သက်၍ စကားများကြပြီး အမည်(စုံစမ်းဆဲ) ကျောင်းသား အဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိ သဖြင့် ကျောင်းဆေးခန်းမှ တစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေ ခဲ့ပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်ကွန်းထိန်းနှင့် အဖွဲ့မှ ကျောင်း စည်းကမ်းအရ အရေးယူရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအတွင်းရေးမှူး ဖြစ်သူ ဦးခင်အောင်မြင့်က ကြံ့ခိုင်ရေးပါတီ သည်သာ ပြည်သူတို့၏ အားကိုး ယုံကြည်ရသည့် ပါတီအဖြစ် ပြည်သူကို စည်းရုံးရန် သူ၏ ပါတီဝင်များကို မေ ၂၉ ရက်တွင် ညွှန်ကြားလိုက်သည်။ ''ပြည်ခိုင်ဖြိုး ပါတီသည်သာ ပြည်သူတွေရဲ့ ယုံကြည်အား ကိုးစရာ ဖြစ်လာအောင် စည်းရုံးကြရမယ်။ ပြည်သူ အများ အားကိုးစရာ ဖြစ်လာအောင် အောက်ခြေကစပြီး ဆောင်ရွက်ရမယ်'' ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းရဲ့ ဖိတ်ကြား ချက်အရ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့ဟာ ဇွန်လ ၅ ရက်နေ့မှာ တရုတ်ပြည်ကို တပတ်ကြာ လေ့လာရေးခရီး သွားရောက်မယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဒီခရီးစဉ်ဟာ တရုတ်ပြည်ကိုသွားရောက်တဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုး ရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရေး အတွက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရခိုင်ပြည်နယ်အတွင်း အုပ်စု နှစ်ခုကြား အပြန်အလှန် တိုက်ခိုက်မှုများကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်မျိုးနွယ်စုများမှာ ဖိအားပေး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရပြီး ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာလျက်ရှိကြောင်း ဒုက္ခသည်များနှင့် ကူညီ စောင့်ရှောက်နေသူများက ပြောသည်။ ဝင်ရောက်လာသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်မှ အများစု ဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ဓါတ်ပုံ - RSV |
မြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေရရှိတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ ဒီသဘောတူ ညီချက်တွေကနေ ကချင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို နှစ်ဘက်စလုံးက ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးသွားနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။--
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဂျိုဝါထလွန် ကျေးရွာအုပ်စုက လယ်သမား အယောက် ၅ဝဝ ကျော်လောက်ဟာ ဇင်းဘောင်ကုမ္ပဏီက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့ မနက်ပိုင်းကစပြီး ဝင်ရောက်ထွန်ယက်ခဲ့ ကြတယ်လို့ သိရပါတယ်။ ဇင်းဘောင်ကုမ္ပဏီဟာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကချင်စစ်ရှောင် ဒုက္ခသည်များ အား နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းကို မိုးတွင်းပြီးမှသာ ဆောင် ရွက်နိုင်မည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ဘောက် ဂျာက ပြောသည်။ ”အခုမိုးတွင်းထဲမှာ အကုန်လုံး ပြန်ပို့မယ်ဆိုရင် လမ်းပန်း ဆက်သွယ်ရေး အခြေအနေအရ မဖြစ်နိုင်ဘူး”ဟု ၄င်း က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ ပယ်ဖျက် ပေးမယ်လို့ ပြောလာခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃) |
ကျွန်တော် က ရဲတိုက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ သူ့ ကို အင်တာဗျူးပြီး သူ့ဘ၀ အကြောင်းကို စာရေးဖူးတယ်။ အင်တာဗျူး ခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို ပြောပြ သလောက် ဘယ်သူ့ကိုမျှ မပွင့်လင်းခဲ့ဖူးဘူး လို့ သူကပြန်ပြောတယ်။ သူ့ဘ၀ အကြောင်းကို တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော် သိခွင့်ရ ခဲ့တယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ခံဝန်ကတိစာချုပ်တွင် လက်မှတ်ရေးထိုးနေပုံ။ ဓါတ်ပုံ - St.Mary Cathedral |
 |
ရဲတိုက်ရဲ့ ဝန်ခံကတိစာချုပ်။ ဓါတ်ပုံ - St.Mary Cathedral |
အခုနှစ် ၄ လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွား သူ ဦးရေဟာ မနှစ် တနှစ်လုံးရောဂါ ဖြစ်ပွားသူဦးရေရဲ့ ထက်ဝက် လောက်ရှိနေပြီး ရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေပါတယ်။ ၂၀၁၂ ခုနှစ် တနှစ်လုံး ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၁၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၁၃ ခုနှစ်မှာတော့ ဇန်န၀ါရီလကနေ ဧပြီလအထိ ၄ လအတွင်း ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိတယ်လို့ ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လားရှိုးမြို့က ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူးလို့ ကာယကံရှင် မအေးအေးဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ရဲဝင့်သူ တင်ဆက်။ ရိုက်ကူး အိမ်ခိုင်မြဲ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆန်လိုအပ် ချက် မြင့်မားနေချိန်၌ မြန်မာနိုင်ငံ သည် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင် တင်ပို့မှုများ ဈေးနှုန်းအရ အားနည်းချက် ရှိနေကြောင်း သိရသည်။ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေသေးသည့် မြန်မာ့ဆန်သည် နည်းပညာ မြင့်မားကာ ကုန်ကျစရိတ်သက်သာသော ဗီယက်နမ်ဆန်များနှင့် နှိုင်းယှဉ်ပြီး လူဦးရေ သန်း ၁,၀၀၀ ကျော်ဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မေလ၃၁ရက်၊ နေ့လည် ၃နာရီ ၀န်းကျင်က ရဲတိုက်ဟာ ဗိုလ်တစ်ထောင် ရဲစခန်းမှ အာမခံနဲ့
ပြန်လွတ်လာပြီလို့သိရပါတယ်။
ငြိမ်းချမ်းရေး သင်္ကေတနဲ့ မင်းသားရဲတိုက် သူဟာအာမခံနဲ့ ပြန်လွတ်လာပြီ ဖြစ်သော်လည်း လာမယ့်ဇွန် ၁၀ရက်မှာ ရုံးချိန်း ကို ပြန်လည် လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်၊
Sunday Journal
photo-Credit သိမ်မွေ့

 |
စိန့်မေရီ ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် ဥက္ကဌနဲ့ အတူ လက်ဆွဲနုတ်ဆက်နေတာဖြစ်ပါတယ်၊ |
အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းကာ မီးရှို့သောကြောင့် ဒဏ်ရာများဖြင့် လားရှိုး ဆေးရုံရောက်နေသည့် မအေးအေးဝင်းက ၎င်း၏ညီမထံ မေ ၂၈ ရက်ညဦးပိုင်းတွင် အကူအညီ တစ်ခုတောင်းခံသည်။ မီးလောင်ဒဏ်ရာ များကြောင့် သတိရတစ်ချက် မရတစ်ချက်မဖြစ်မီ ၎င်း၏ညီမ မခင်ဝင်းရီထံ တောင်းသည့် အကူအညီမှာ ခံစားနေရသော ဒဏ်ရာများကို သက်သာစေရန် အတွက်မဟုတ်ပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ဓာတ်ပုံ- ရဲအောင်သူ/အေအက်ဖ်ပီ |
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုတွေ ရရှိလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ လူနေမှုအဆင့် သိသိသာသာ မြင့်တက်မလာ သေးတဲ့ အတွက်၊ ဒီအခြေအနေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ မြန်မာနိုင်ငံအရေး လေ့လာသူ ပညာရှင်တွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွားခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူတစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူနှစ်ဦးဖြင့် အာမခံ ခွင့်ပေးလိုက်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မုံရွာမြို့ ဝင်းယူနတီဟိုတယ်နှင့် ကွေ့ကြီးတံတားကြား ကန်သာယာ အနောက်ဘက်ခြမ်းတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးနှစ်လုံး၊ ကျည် ၁၇ တောင့်နှင့် နိုကီယာဖုန်း ဟန်းဆက်တစ်လုံးကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း ကွေ့ကြီး ရပ်ကွက် ဒေသခံများက ပြောကြားသည်။ ကွေ့ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ပို့ကုန်တွေအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ဖြစ်တဲ့ ဂျီအက်စ်ပီကို ဇွန်လကစပြီးတော့ အကျိုးခံစားခွင့်ပေးမှာ ဖြစ်ပေမယ့် မြန်မာ့ပို့ကုန်တွေအနေနဲ့ အီးယူဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက “အီးယူက ဈေးကွက်ဖွင့်ပေးလိုက်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
"ဒီမိုကရေစီခေတ်မှာ ငွေတွင်းကလည်း နက်လိုက်တာ။ ချစ်သူက ရှင် ကျွန်မကို ကြိုက်တာတော့
ဟုတ်ပါပြီ။ တစ်လ ၀င်ငွေ ဘယ်လောက်ရှိ သလဲဆိုပြီး မေးနေတယ်။ သူ ကွမ်းယာရောင်းတာက
တစ်နေ့ ၁၀,၀၀၀ လောက်ကျန်သတဲ့။ သူ့ထက်ပိုပြီး ၀င်ငွေရှိမှ စဉ်းစားမယ်လည်း ပြောသေးတယ်။
အစ်ကိုကြီးဆီမှာ ငွေအလွယ်ရမယ့် ရေခွင်လေး ဘာလေးရှိရင် မျှပါဦးဗျာ"လို့ အမေးတော်ရှိလာသူ
ကတော့ တပည့်မောင်ကြွက်နီ ပေါ့ခင်ဗျာ။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလ ၂၈ ရက်နေ့က ဓာတ်ဆီအရောင်းအ၀ယ်မှ အစပြုခဲ့
သော ပဋိပက္ခများ ထိမ်းသိမ်းရန်အတွက် မေလ ၂၈ ရက်နေ့ ည ၉ နာရီခန်မှ စတင်ပြီး ပုဒ်မ ၁၄၄
အား ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ထုတ်ပြန်ထားသော်လည်း လုံခြုံရေးချထားမှုမှာ လိုအပ်
နေဆဲ ဖြစ်ကြောင်း သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
လားရှိုးမြို့၌ မီးလောင်နေသည့် အိမ်တစ်အိမ်ကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး မီးငြှိမ်းသတ်နေသည်ကို မေလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - |
ယခုနှစ်တွင် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေကာ ကပ်ရောဂါ အသွင် ဖြစ်ပွားနိုင်
သဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သတိပေးထားသည်။ သွေးလွန် တုပ်ကွေး ရာသီဖြစ်သော မိုးရာသီ အကြို ကာလသို့ ရောက်ရှိလာပြီဖြစ်ကာ ဖြစ်ပွားမှုနှုန်း
မြင့်မားနေသဖြင့် ကလေးငယ်များ ဖျားနာပါက သွေးလွန်တုပ်ကွေး ဖြစ်နိုင်သည်ကို သတိထား
စောင့်ကြည့်ရန် လိုအပ်လျက်ရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သရုပ်ဆောင်ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်
ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။ ''ပြီးခဲ့တဲ့ မေလ ၂၉ ရက် မွန်းလွဲ ၁၁ နာရီအချိန်ကလည်း ဗိုလ်တထောင် တရားရုံးကို ရုံးထုတ်ခဲ့တယ်လို့ သိရတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင် အမှတ်(၁၀)ရပ်ကွက် စိန့်မေရီ (ကာသီဒြယ်) ဘုရားကျောင်းတွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်က သရုပ်ဆောင် ရဲတိုက် အငြင်းပွားမှုဖြစ်ခဲ့ပြီး ဘုရားကျောင်းရှေ့ တွင် ဆန္ဒပြခဲ့ရာ မွန်းလွဲ (၃း၄၅) နာရီတွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ လာရောက်ထိန်းသိမ်းခဲ့သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဘာသာသာသနာ ညှိုးနွမ်းအောင် ပြုလုပ်ဆောင်ရွက်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၉၅/က )ဖြင့် တရားစွဲဆိုထားကာ ညနေပိုင်းထိ အာမခံချက်မရရှိဘဲ ရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ |
အန်ဂျလီနာ ဂျိုလီ အနေဖြင့် သူမ၏ ရင်သား ခွဲစိတ်ဖြတ်တောက်မှု ခံယူကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအများ မြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာမည်ဟု သိရသည်။
ရင်သားကင်ဆာ ဖြစ်နိုင်သည့် ဗီဇဆဲလ် ရှာဖွေ တွေ့ရှိမှုကြောင့် သားမြတ် ခွဲထုတ် ဖြတ်တောက် ကုသမှု ခံယူခဲ့ပြီး ယင်းအချက်ကို (၃)လကြာ လျှို့ဝှက်ထားသော ဂျိုလီသည် ယခုလအတွင်း တစ်ကမ္ဘာလုံးသို့ အဆိုပါ ကိစ္စအား အသိပေး ကြေညာခဲ့သည်။
ထို့နောက်တွင်မူ သူမသည် ချစ်သူ ဘရတ်ပစ်တ် ရိုက်ကူးထားသည့် World War Zရုပ်ရှင် အထူးပွဲ ပြသမှု အခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ထားသည်။ ထို့ကြောင့် ယခုသီတင်းပတ်ကုန်တွင် လန်ဒန်သို့ ဂျိုလီ ရောက်ရှိ လာမည်ဟု E! News က ဖော်ပြခဲ့သည်။
Planet Myanmar Network
ပြည်တွင်းမှာ ဒေါ်လာငွေ လိုအပ်ချက်ပမာဏ မြင့်မားစေပြီး ပြည်တွင်းသုံး ကျပ်ငွေရဲ့ အသုံးဝင်မှု အခန်းကဏ္ဍကို လျော့နည်းစေတဲ့အတွက် အစိုးရဌာနအသီးသီးရဲ့ ဒေါ်လာငွေနဲ့ အခွန်ကောက်ခံမှု မှန်သမျှ ဖျက်သိမ်းပြီး မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံဖို့ ဒီနေ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ သိရပါတယ်။ ---
ဒေါ်လာဖြင့် အခွန်ကောက်မှုများ ရုပ်သိမ်း
မန္တလေးမြို့ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြား၊ ၁၇ လမ်းနဲ့ ၁၉ လမ်းကြား ရတနာ မဉ္ဖူဘုရားလမ်းမှာ ဒီနေ့ မနက် ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး အိမ် ၄ လုံး မီးသင့်ခံရပါတယ်။ မီးစတင်လောင်တဲ့အိမ်မှာ လူရှိမနေပဲ မနက်ကတည်းက ခရီးထွက်သွားတယ်လို့ သိရပါတယ်။ မီးစတင်လောင်တဲ့အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ by ဒီဗွီဘီ
သတင်းဓာတ်ပုံ – ချစ်ကို
ပုဂံညောင်ဦး ဒေသတွင် ခရီးသွားလုပ်ငန်း ကောင်းမွန်လာသည့် အလျောက်လက်မှု လုပ်ငန်းထည်များ ယခုနှစ်တွင် ပိုမိုအားထည့် လုပ်ကိုင်လာကြောင်း ဒေသခံ လက်မှု လုပ်ငန်း လုပ်ကိုင်နေ သူများထံမှ သတင်း ရရှိသည်။ ”ပြီးခဲ့တဲ့ ကာလတွေ တုန်းက ခရီးသွား လုပ်ငန်းက အတော်ကို ကျသွားခဲ့တာ ဆိုတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို ဖမ်းဆီး အရေးယူစဉ် ၂၀၀၄ ခုနှစ်ကတည်းက ထောင်ဒဏ် ၁၄၆ နှစ် ချမှတ်ခံထားရတဲ့ သမက်ဖြစ်သူ ဦးတင်ထွဋ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရင်းထဲ ထည့်သွင်းပေးဖို့ နိုင်ငံရေး အကျဉ်းသား ကော်မတီ စိစစ်ရေး ကော်မတီဆီ တင်ပြထားတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က ဒီဗွီဘီ ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အာရှတွင် ထွန်းတောက်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံတွင် စနစ်ကျသော ဖွံ့ဖြိုးရေး အစီအစဉ်များ ပြုလုပ်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ စီးပွားရေး အနေအထားမှာ လေးဆ အထိ တိုးတက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး အလားအလာကို လေးလကြာ သုတေသန ပြုထားသော Myanmar’s moment: Unique opportunities, major challenges အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခ ဖြစ်ပွားအောင် ဖန်တီးခဲ့သူသည် ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေးတို့တွင် ပဋိပက္ခ ဖြစ်ပွားအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ သူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား မြို့တွင် ပြုလုပ်နေသည့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း |
မြန်မာ့ စိုက်ပျိုးရေး ဘဏ်က ထုတ်ချေးပေးနေတဲ့ စိုက်ပျိုး စရိတ်ချေးငွေတွေဟာ သီးနှံ စိုက်ပျိုးပြီးချိန်မှ ရတဲ့အတွက် တောင်သူ လယ်သမားတွေ ကြွေးမြီပြန် ဆပ်ချိန်မှာ အခက်တွေ့နေ ပါတယ်။ အခုစိုက်ပျိုးရေး ရာသီမှာ မြန်မာ့ စိုက်ပျိုးရေး ဘဏ်က တောင်သူ လယ်သမားတွေ အတွက် စိုက်ပျိုး စရိတ်ချေးငွေကို ပြီးခဲ့တဲ့နှစ် ချေးငွေထက် ၂ ဆ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေး ပဋိပက္ခနှင့် ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင် ပါဝင်ခြင်း မပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ် ပြန်လိုက်ပါသည်။ မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) နှင့် အစိုးရတပ်တို့ မေလ ၂၈ ရက်နေ့မှ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၉ ရက်နေ့တွင် အစိုးရတပ်က ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှာ ပြောဆိုလိုက်သည်။တော်လှန်ရေး အဖွဲ့တခု၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ မိမိတို့ တပ်အား တိုက်ခိုက်သော အစိုးရတပ်၏ လုပ်ရပ်သည် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ်တာဝါတို စောင့် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံ ခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ကြေ ညာချက် ထုတ်ပြန်သည်။ လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှ ဒေသခံ ဦးမောင်ဝင်းက ''မိုးကောင်းကောင်း မရွာ သေးဘူး။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ရေက မကျန်သလောက်ကိုဖြစ်နေပြီ။ ရေတွင်းထဲ ရေနည်းနည်းရောက်လာလိုက် နှစ်ယောက်လောက် ခပ်လိုက်နဲ့ ရေက ကုန်သွားလိုက်နဲ့။ အခု မနက်ဆိုလေးနာရီလောက်ကတည်းက ထခပ်ရတယ်။ (ဓာတ်ပုံ - ဟိန်းထက်) |
မေလ ၃၁ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal VOL.4, NO.58
(နောက်ဆုံးရသတင်းများနှင့် ပွဲရလဒ်များပါဝင်သော သောကြာနံနက် အချပ်ပိုပူးတွဲပါရှိ)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင်တွေ အများစု ရှိရာ မြို့၂ မြို့မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူဖို့ သတ်မှတ် လိုက်တဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက မူဆလင်မိသားစုတွေ အနေနဲ့ သားသမီး ၂ ယောက်ထက် ပိုမယူကြဖို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
ရခိုင်ပြည်နယ် စစ်တွေ့မြို့က ဒုက္ခသည်စခန်းတွင်းမြင်ကွင်း |
လူတွေရဲ့ ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ် နိုင်တဲ့ လူသတ် စက်ရုပ် ခေါ် နောက်ဆုံးပေါ် လက်နက် ဆန်း တွေ အသုံးပြုမှု နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ကြားနာနေပါတယ်။ ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
စစ်တိုက်ရာမှာ သုံးဖို့ လူသတ် စက်ရုပ် တီထွင် နေ |
မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ် တမျိုး ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် အစောပိုင်းတုန်းက တိုင်းရင်းသား အဖွဲ့တွေကို ကမ်းလှမ်းခဲ့တုန်းက ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့် ၂ ခု ရှိပြီး တခြားအဖွဲ့တွေက တဆင့်ချင်းအလိုက် လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
အပစ်ရပ်ရေး စာချုပ် မချုပ်နိုင်သေးပေမယ့် စစ်အရှိန်လျော့ဖို့ သဘောတူ |
သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူ ညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲ တရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃) |
ကမ္ဘောဒီးယား နိုင်ငံမှာ ၁၉၇၀ နှစ်တွေအတွင်း ခမာနီခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေအတွက် ခမာနီခေါင်းဆောင် တဦးက ပထမဆုံးအကြိမ် အဖြစ် တောင်းပန်လိုက်ပါတယ်။ Brother နံပါတ် တူး လို့ လူသိများတဲ့ ခမာနီခေါင်းဆောင် နုံချာ (Nuon Chea) က ကြာသပတေးနေ့က ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့ တရားရုံးမှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကြာသပတေးနေ့အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတဝှမ်းမှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 |
အိန္ဒိယနိုင်ငံတွင်း
အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ |