မ.ထ.သ က ပြည်သူတွေကို လိမ်နေပြီ

ဂျာနယ် တော်တော် များများမှာ သင်္ကြန် ကိုယ်မြို့ကိုယ်နယ် အပြန်တွေကို ခရီးသွား ပြည်သူများ အတွက် ကားလက်မှတ် ခကို သတ်မှတ်ထားသော အဖိုး ထက်ပိုကောက်ရင် ပြင်းထန်စွာ အရေးယူမယ်။ကားဂိတ်ကို ပိတ်မယ်ဆိုပြီး စည်းကမ်း တင်းကြပ်မယ်လို့ ပါပြီးမှ သူတို့ကိုယ်တိုင်ပြည်သူ ကိုဒုက္ခ ရောက်အောင်နှင့် လုပ်ဆောင်နေပါတယ်။

ရန်ကုန်-ဟင်္သာတ  လမ်းကြောင်းပုံမှန်ပြေးဆွဲနေသော ကားဂိတ်များမှ ရိုးရိုးကား။AIR COM  ကားများသည် ကားစီးခကို ရိုးရိုးကားပုံမှန် 2000 ။ AIR COM  ကာ3း000 ဘဲကောက်ပြီး အဝေးပြေးဂိတ်ကြေ3း000 ပေးရပြီး။ ရန်ကုန် မှဟင်္သာတသို့ ပြေးစွဲနေပါတယ်။

ဒါပေမယ့် ရန်ကုန်မ.ထ.သ နှင့် ဒဂုံဧရာ အဝေးပြေး တာဝန်ရှိသူများ ပူပေါင်းပြီး အခြားလိုင်းမှ ကားများကို စတေကာများများဖြုတ်ပြီး လူတစ်ယောက်ကို 3000/4000 (ရိုးရိုးကား) များဖြင့် သတ်မှတ်ထားသော လူဦးရေထက် လည်းပိုတင်တယ်။ပိုတင်တော့ခရီးသည်ကပိုက်ဆံ လည်းပိုပေးရသေး အသက်ရှူကြပ်လို့ ပြောတော့လည်း မကျေနပ်ရင်ဆင်းကြံခဲ့ ကိုယ်မြို့ကိုယ်နယ်က ကားတွေမဟုတ်တော့ ကားကိုမမှတ်မိဘူး။ကားကနံညမတွေလည်းခွါထားတယ်။မှတ်မိတာဆိုလို့ ကားမှာ အအေးကြော်ငြာတွေဘဲကပ်ထားတယ် ဒဂုံဧရာအဝေးပြေးထဲက တစ်နေ့ကိုအစီးရေ (60) ခန်ထွက်ပြီး တစ်ခါထွက်လျင် ပုံမှန်က3000 ဆိုသူတို့က ဒဂုံဧရာအဝေးပြေးကတာဝန်ရှိသူတွေကို 30000ပေးထွက်ရတယ် 10ဆတောင်ပေးနိုင်နေတာ ခရီးသည်တွေဆီက ခရီး ကားလက်မှတ်ကိုဘယ်လောက်ပိုယူထားလဲတွေးကြည့်ပါ။

အဲဒီကားတွေ ဟင်္သာတ ကိုဝင်လာတော့ ဟင်္သာတ မ.ထ.သ ဥက္ကဌ ဦးစံဌေးကလည်း မြိုခံ ကားဂိတ်များ၏နစ်နာတာတွေကိုသိရက်သားနဲ့ ကားမှာလိုအပ်တာတွေ ကိုမစစ်ဆေးသည့်အပြင် ကားတစ်စီဝင်တိုင်း2000 ကျပ်ဖြတ်ကောက်တယ်။ ရန်ကုန်မျာလည်းပေးရ။ဟင်္သာတမှလည်းပေးရ။ လမ်းခရီးဂိတ် များတွင်လည်းပေးရတာတောင် ပြေးဆွဲနေသော လိုင်းမ၀င်ထားသော ကားများကြောင့်ပြည်သူတွေအရမ်းနစ် နာနေလို့ တားဆီးအရေးယူပေးပါရန် တင်ပြအပ်ပါတယ်။

ပေးပို့သူ ဇော်လေး
ယနေ့နေလည်ပိုင်းက ရန်ကုန်သို့ပြန်မည့် အောက်ဆိုဒ်ကားတစ်စီးကို ဟင်္သာတမြို့ထဲတွင် တွေ့ရစဉ်။

ရန်ကုန် အဝေးပြေးကားဂိတ်

မ.ထ.သ က ပြည်သူတွေကို လိမ်နေပြီ မ.ထ.သ က ပြည်သူတွေကို လိမ်နေပြီ Reviewed by သစ်ထူးလွင် on 23:31 Rating: 5
Powered by Blogger.