ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဆိုင်းငံ့ရေး လွှတ်တော်တွင် တင်ပြမည်

ရန်ကုန်၊ မတ် ၉

ပုံနှိပ်နှင့် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားမပါဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ရန် လာမည့် ပြည်သူ့ လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ဥက္ကဌ သူရဦးအေးမြင့် က ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံ အနီး ဟိုတယ်ရန်ကုန် တွင် ယနေ့ ပြုလုပ်သည့် စာပေစာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ တွေ့ဆုံပွဲတွင် အထက်ပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ တင်သွင်းမှာပါ။ အောင်မြင်မယ်၊ မအောင်မြင်ဘူး အတိကျကြီးတော့ ပြောလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၂၈ချက် ဖြည့်စွက်ချက် နှစ်ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များ အနေဖြင့် မတ်လ ၁၈ရက်နေ့ နောက်ဆုံး စာရင်းပေးသွင်းရန် ထုတ်ပြန်ထားသည်။

“ဒီ ပြန်ကြားရေးက ထုတ်တဲ့ ပုံနှိပ်ဥပဒေက ပြစ်မှုပြစ်ဒဏ် များတယ်၊ ပြစ်ဒဏ် ကလည်း ဈေအကြီးဆုံး ဥပဒေပါ” ဟု အလုံမြို့နယ် မဲဆန္ဒနယ်အမတ် ဦးခိုင်မောင်ရည်ကပြောဆိုသည်။

The Voice Weekly


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဆိုင်းငံ့ရေး လွှတ်တော်တွင် တင်ပြမည်  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဆိုင်းငံ့ရေး လွှတ်တော်တွင် တင်ပြမည် Reviewed by သစ်ထူးလွင် on 18:28 Rating: 5
Powered by Blogger.