မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုကြောင့် မီးလောင်မှု ဖြစ်ပွား

နေပြည်တော်  မတ် ၂၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ မတ် (၂၃) ရက် ည (၈) နာရီ ခွဲခန့်က လူစု လူဝေးဖြင့် အကြမ်းဖက်မီးရှို့မှုကြောင့် ဘာသာရေး အဆောက်အအုံတစ်လုံး နှင့် လူနေအိမ် (၅၅) လုံးတို့ မီးလောင် ပျက်စီးခဲ့ကြောင်း၊ မီးလောင်မှုမှာ ည (၁၀)နာရီ ခန့်တွင် မီးညွန့်ကျိုးသွားပြီး လူစုလည်း ကွဲသွား ကြောင်း သိရသည်။

အဆိုပါ မီလောင်မှုဖြစ်ပွားရာ သို့ မီးသတ်ဦးစီဌာန၊ ပျော်ဘွယ် မီးသတ်ဦးစီးဌာနတို့မှ မီးသတ်ယာဉ်များဖြင့် မီးငြိမ်း သတ်နိုင်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ဦးစီးသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်မှုများ ထပ်မံမဖြစ်ပေါ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Ministry of Information




မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုကြောင့် မီးလောင်မှု ဖြစ်ပွား မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုကြောင့် မီးလောင်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 21:14 Rating: 5
Powered by Blogger.