ကားသင်္ချိုင်းဆီမှ အစပြုလာသော ပြည်သူတစ်ယောက်၏ အတွေးတစ်စ

နွေရာသီရောက်လျှင် ပြည်သူတွေ ရင်ထဲမှာ မီးအတွက် သောကရောက် ကြရသည်မှာ လျှပ်စစ်မီးမလာခြင်းနှင့် မီးလောင်ခြင်း ကိုပင် ညွှန်းရပေမည်။ ထိုအထဲတွင် ပေါ့ဆမီးသည် အဆိုး ဆုံးပင်ဖြစ်သည်။ ပေါ့ဆမီးဆိုရာ၌ ခေတ်မီ လာသည်နှင့်အမျှ  လျှပ်စစ် ၀ါယာရှော့ပ်မီးသည်  မီးလောင် ကျွမ်းမှုတွင် အဖြစ်များဆုံးသော ပေါ့ဆမီးဖြစ်သည်။

လျှပ်စစ်မီးကြောင့်  ပေါ့ဆပြီး လောင်ကျွမ်းသော အဓိကအချက်မှာ မီးမလာခြင်းကိုပင်  သတ္တုချရပေ မည်။ ထမင်းအိုးတည်စဉ်၊ ဟင်းအိုး တည်စဉ်များတွင် မီးပြတ်တောက် သွားသည့်အခါ အာရုံများသော အိမ် ရှင်မများသည် အချိန်မီ ထမင်းဟင်း ကျက်စေရန် အနားရှိ ဂတ်စ်မီးဖို၊ ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် အ ဆောတလျင် ပြောင်း၍ ချက်ကြရ သည်။ ထိုချက်ပြုတ်မှုပြီးသောအခါ မီးသတ်ပြီး ထမင်းချိုင့်ထည့်၊ လုပ် ငန်းခွင်ဝင် အစရှိသော အမှုကိစ္စများ ဖြင့် သောကများစွာ ခါးရေးဝမ်းစာ ရှာဖွေစားသောက်ရန် နေအိမ်ကို ပစ် ပြီး ထွက်သွားကြရသည်။

ယခုလို ပြည်သူများ သောကများ စွာဖြင့် စီးပွားရှာထွက်နေစဉ်တွင် မည်သည့်အချိန်တွင် လာမည်ကို မသိ သော မီးကပြန်လာပြီး မပိတ်မိသော လျှပ်စစ်မီးအသုံးအဆောင်များမှ မီး များ လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေခဲ့ သည်။

လွန်ခဲ့သောမတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီမနစ် (၅၀) အချိန် တွင်  မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း၊ အမှတ် (၃) သံမဏိစက်ရုံ (ရွာ မ)မှ သံရည်ကျိုရန် သိမ်းဆည်းထား သော ကားဟောင်းများမှ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်  အဟောင်းများကြောင့် အလိုအလျောက် မီးလောင်မှုကြောင့် ကားအစီးရေ (၃၀) ခန့် ပျက်စီးဆုံး ရှုံးခဲ့ပြီး နေ့လယ် (၁၂) နာရီ (၃၀) မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းကို  ကိုယ်တိုင်တွေ့မြင်ခဲ့ရ သည်။

ထိုမီးလောင်မှုသည်  ဒုတိယအ ကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ဖေ ဖော်ဝါရီလ (၁) ရက်နေ့ ညနေ (၅) နာရီ (၂၅) မိနစ်အချိန်တွင် ကား ပျက်များထားရာအနီးတွင်  ၀ရိန်
ဆော်နေစဉ် မီးပွားများလွင့်ပြီး မီး လောင်ခဲ့ကြောင်း ဖော့ကန်အရန်မီး သတ် တပ်ရင်းမှူးမှ ပြောပြခဲ့သည်။

ထိုနှစ်ကြိမ် မီးလောင်မှုများတွင် မီးသတ်နှင့် စက်ရုံမှတာဝန်ရှိသူများ ၏ သုံးသပ်ချက်များသည် အရည်ကျို ရမည့် ကားဟောင်းများဖြစ်သည့် အ တွက် ဆုံးရှုံးမှုတန်ဖိုးတွက်ချက် မပြ ခဲ့ခြင်းသည် ပိုပြီးအံ့သြစရာပင် ဖြစ် ပေသည်။ ပြည်သူများမီးလောင်လျှင် မီးပျက်ရာမှ အမှတ်မထင်လာပြီး ၀ါ ယာရှော့ပ်ဖြစ်ခြင်းသည်  ပေါ့ဆမီး ဟုဆိုလျှင် ဓာတ်ဆီ၊ ဒီဇယ်၊ အင်ဂျင် ၀ိုင်များပါပြီး သံထည်များမှ အပူ လွန်ကဲပြီး ကားဟောင်းများအပ်ရာ တွင်ပါလာသော ကူရှင်နှင့် အခြားမီး လောင်နိုင်သော ပစ္စည်းများ ပါလာပြီး အလွယ်တကူ မီးလောင်နိုင်ခြင်းကို ကြိုတင်တွက်ချက်မှုမရှိခြင်းက  အံ့ သြစရာပင်ဖြစ်ပေသည်။

“ယာဉ်အိုယာဉ်ဟောင်းအပ်နှံတယ် ဆိုတာပြောတော့သာလွယ်တာ ကား ၀င်းထဲကိုမောင်းပြီးဝင်ရတယ်။ အဲ့ဒါ သူတို့သတ်မှတ်တာ။ သူ့ဟာနဲ့သူ အ ဆင်ပြေတော့လည်း တွန်းပြီးဝင်သွား ကြတာပါပဲ။ ဓာတ် ဆီပါတယ်ဆိုတာ တော်တော်ရှားပါတယ်။ ကားမောင်း ၀င်နိုင်အောင်ဆီပုံးလေးကိုပိုက်တပ် ပြီးမောင်းသွားတာ။ ကားရပ်လို့ရတဲ့ နေရာကြတော့ အဲ့ဒီဆီပုံးဆွဲပြီး ပြန် ထွက်သွားကြတာ။ သူဌေးက မလာ ဘူး။ အဲ့ဒီနားမှာတင် အငှားမောင်းတဲ့ သူရှိတယ်။ မအပ်ခင်  တစ်စချင်း ဖြုတ်ပြီးရောင်းလိုက်တာ  ထိုင်ခုံ တောင်မရှိတော့ဘူး” ဟု “လ” အက္ခ ရာဟောင်းလာအပ်သူ ဦးမြင့်ဆွေက ဆိုသည်။

“ယာဉ်ဟောင်းအပ်တဲ့အခါ ယာဉ် အမှတ်၊ ယာဉ်အမျိုးအစား၊ ယာဉ်အ မျိုးအမည်၊ စက်အမှတ်၊ ဘောင်အ မှတ်၊ ဆေးအရောင်၊ ကုန်ဆုံးရက်၊ ပိုင်ရှင်အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံပါမှ အပ်လို့ ရတာ။ အဲ့ဒါတွေစုံမှပုံစံ (ဃ) ထုတ် ပေးတယ်။ ပုံစံ (ဃ)ကိုယူပြီး သံရည် ကျိုစက်ရုံကိုသွားရတာ။ တစ်သက် လုံးကိုယ်နဲ့လက်တွဲပြီး  ဒိုးတူပေါင် ဖက်အလုပ်လုပ်လာတဲ့ ကားသံရည် ကျိုမခံရဘဲ မီးလောင်တိုက်အသွင်းခံ ရတာတော့ ပိုင်ရှင်တွေရင်နာမှာပေါ့” ဟုမီးလောင်ပြင်ကို လာကြည့်နေသူ တစ်ဦးကဆို သည်။

အမှိုက်ကစ  ပြဿာဒ်မီးလောင်ဆို သလို ယခုလို တစ်ကြိမ်မဟုတ်နှစ် ကြိမ်ပေါ့ဆမှုကြောင့်  အလိုအ လျောက်မီးလောင်မှု  ဖြစ်ပွားခြင်း ကြောင့်  အဆိုပါ သံမဏိစက်ရုံ၏ အောက်မှ သွားသော ရွာမ ဂတ်စ်တွန်း လွှတ်စက်ရုံမှ ဂတ်စ်ပိုက်လိုင်းသာ အပူရှိန်ကူးပြီး မီးလောင်ကျွမ်းခြင်း ဖြစ်ခဲ့လျှင်ဆိုသော  အတွေးကပေါ် လာခဲ့သည်။ မီးဟူသည် မလောင်ခင် က တားရသော အဓိကရန်သူဖြစ်ပေ သည်။
သံမဏိစက်ရုံ၏နောက်ကျောတွင် မြစ်ခံနေသော်လည်း ဘေးတွင် ရွာမ အနောက်ရပ်ကွက်နှင့် သံမဏိစက်ရုံ အနီးတွင် ရွှေပြည်သာစက်မှုဇုန်နှင့် မော်တော်ယာဉ်များထည့်နိုင်သော ဂတ်စ်ဆိုင်လည်းရှိနေသည်ကို အမြဲ တမ်းနေ့စဉ်သွားလာနေရသောစာရေး သူ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ ထိုအခါ သံမဏိစက်ရုံမီးနှင့် ပတ် သက်၍ စာရေးသူစဉ်းစားမိသော အ ချက်ကိုတင်ပြလိုပါသည်။
ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ ခဲ့သည်မှာ   နှစ်ချီ၍ကြာခဲ့ပေပြီ။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရာတွင် ယာဉ်ပိုင်ရှင်များမှ   မိမိယာဉ်အား နှမျောတသစွာအပ်နှံပြီး   ထိုယာဉ် သည်လည်း  နိုင်ငံတော်အခွန်ဘဏ္ဍာ ကိုထမ်းဆောင်ထားသော ယာဉ်များ ဖြစ်သည်။  ယာဉ်ဟောင်းအပ်နှံပြီး ယာဉ်အသစ်  ထပ်မံတင်သွင်းပြန် လျှင်လည်း   အခွန်များ ထပ်မံပေး ဆောင်ကြရသည်ဟု နားလည်သိရှိ ထားသည်။

မြို့တော်စည်ပင်သာယာရေးမှ အ မှိုက်စိုများပင် လျှပ်စစ်ဓာတ်အားနှင့် မြေသြဇာရရှိရန်  နိုင်ငံတော်မှ ငွေ ကြေးတစ်စိတ်တစ်ဒေသ ပြန်လည်ရ ရှိခဲ့ပြီး  ယခုသံထည်များဖြစ်သော ယာဉ်အိုယာဉ်ဟောင်းများသည် နိုင်ငံ တော်၏   စွန့်ပစ်ပစ္စည်းဖြစ်သော် လည်း  ငွေကြေးတစ်စုံတစ်ရာမည် သည့် အစိုးရအဖွဲ့အစည်းသို့ပြန်လည် ပေးသွင်းပြီး သံရည်ကျိုခြင်း အလုပ် ကိုပြုလုပ်နေကြောင်း  ပြည်သူအများ သိရှိနိုင်ရန်  ပွင့်လင်းမြင်သာမှုမရှိ သည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်နေပေ ပြီ။

ပြင်ပတွင်  သံနန်းဆွဲလုပ်ငန်းများ လုပ်ကိုင်နေသော  သံရည်ကျိုလုပ် ငန်းအများစုသည် သံရည်ကျိုကုန် ကြမ်းများကို  ၀ယ်ယူလုပ်ကိုင်ရသည် ဟုစာရေးသူသိခဲ့သည်။ ယခုအမှတ် (၃) သံရည်ကျိုစက်ရုံသည် သံရည် ကျိုနိုင်ရန် နိုင်ငံတော်မှတရားဝင် အိုဟောင်းယာဉ်များ သိမ်းဆည်းခြင်း အပေါ်မည်ကဲ့သို့သောအချိုး၊ ရာခိုင် နှုန်းများဖြင့် ၀ယ်ယူအသုံးပြုနေကြရ ခြင်းနှင့် ယခုကဲ့သို့ယာဉ်အို ယာဉ် ဟောင်းများကိုအရည်အတွက် ရောင်း ချခြင်းအပေါ် နိုင်ငံတော်အခွန်ဘဏ္ဍာ မည်မျှပြန်လည်ရရှိခဲ့ပြီး၊ နိုင်ငံတော် ၏လမ်းတံတား  ၊ ပြည်သူပိုင် အ ဆောက်အအုံများတွင် မည်မျှအကျိုးရှိသည်ကိုပွင့်လင်းမြင်သာစွာ  ထုတ် ဖော်ပြောဆိုလျှင်  ၀မ်းနည်းတသစွာ ဖြင့်မိမိကားကိုအရည်ကျိုရန် အပ်နှံ သူကားပိုင်ရှင်များသည်မိမိ၏စွန့်ပစ် ပစ္စည်းများနိုင်ငံတော်အကျိုးကြောင်းသိရှိလျှင်   ပိုမိုပီတိနိုင်စရာပင်ဖြစ် သည်။

စာရေးသူ  လေ့လာမှတ်သားမိ သော ဗြိတိန်နိုင်ငံအကြောင်းကိုတင် ပြလိုပေသည်။   ဗြိတိန်နိုင်ငံသည် နိုင်ငံတော်အတွင်း    ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ  ပြန့်ပွား စေသော ယာဉ်အိုယာဉ်ဟောင်းများ၊ မီးခိုးထွက်ရှိမှုများပြား၍ ဆိုးကျိုး များပေးခြင်းအား ကာကွယ်နိုင်ရန် ကာဗွန်အထွက်နည်းသော ကားများ ကို ပိုမိုစိတ်ဝင်စားစေရန် ပညာပေး လှုံ့ဆော်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ  (၂၇) ရက်နေ့တွင် (၂၀၀၃) ခုနှစ်မှ ဆယ်နှစ်တာကာလအတွင်း ယာဉ်အို ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး ထိုကားများကို   သံရည်အဆင့်သို့ ပြောင်းလဲဖြစ်ခါ ကာဗွန်အထွက် နည်းသောကားများကို တင်သွင်း အသုံးပြုစေခဲ့သည်။

ထိုကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းခြင်း စီမံချက်တွင်သံရည် ကျိုကားများအား ပုဂ္ဂလိကသံရည်ကျို လုပ်ငန်းရှင်များအား ရောင်းချရာတွင် နိုင်ငံတော်မှ ငါးဆယ်ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ငါးဆယ် ရာခိုင်နှုန်း အကျိုးအမြတ်မျှဝေခံစား စေခဲ့ရာ ထိုစီမံချက်ကြောင့် စတာလင် ပေါင်သန်း (၂၀၀၀) ရရှိခဲ့ပြီး မြန်မာငွေဖြင့် တိုင်းတာကြည့်လျှင် ကျပ်သန်း (၂၆) သိန်း  နီးပါးဝင်ငွေ ရရှိခဲ့ကြောင်း လေ့လာမှတ်သားရပါ သည်။

အခြားအခြားသော နိုင်ငံများတွင် လည်း ထိုသို့ဆောင်ရွက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ယခုကဲ့သို့ ကားအစီးရေ များပေါ်  နိုင်ငံတော်မှ မည်သည့်အ ကျိုးအမြတ်ရာခိုင်နှုန်းနှင့်  ပုဂ္ဂလိက လုပ်ငန်းရှင်များမှ  မည်ကဲ့သို့သော အကျိုးအမြတ်  ရာခိုင်နှုန်းများရရှိ သည်ကို  ပွင့်လင်းမြင်သာသတင်း ထုတ်ပြန်သင့်ပါသည်။

ဗြိတိန်နိုင်ငံတွင် သံရည်ကျိုလုပ် ငန်းရှင်များပုဂ္ဂလိကစီးပွားရေးအသေး စားများသည်  ရေခဲသေတ္တာကဲ့သို့ သော လူအသုံးအဆောင်များ ပြန် လည်ပြုလုပ် ကုန်ချောထုတ်ပြီး စီး ပွားရေး လုပ်ငန်းရှင်ကားကုမ္ပဏီများ သည် အဟောင်းကိုကျိုကာ အသစ် အသစ်သော ကားအစိတ်အပိုင်းများ နှင့်  ကားအချောထည်များပြန်လည် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့  စွန့်ပစ်ပစ္စည်းသံရည် ကျိုကားများအား အခြားနိုင်ငံများ တွင်  စည်းစနစ်တကျဖြင့် ယခုကဲ့သို့ အလိုအလျောက် မီးမလောင်စေရန် မည်ကဲ့သို့ ထားရှိပါသနည်းဆိုသည် ကိုလည်း တတ်သိပညာရှင်များမှ လေ့ လာပြီး စနစ်တကျထားရှိသင့် သည် ဟုဆိုရပေမည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၂ ခုနှစ်   တစ်နှစ်တာကာလ အတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၂၁၉) ကြိမ်လောင်ကျွမ်းပြီး (၁၀ ၇၀၁.၁၈) သန်း  ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ မည်သို့ပင်ဆိုစေကာ မူ ပြည်သူများထင်သာမြင်သာရှိစေ ရန်နှင့်  မလိုလားအပ်ဘဲနိုင်ငံတော် အခွန်ဘဏ္ဍာများဆုံးရှုံးမှုမဖြစ်စေ ရန်ဝိုင်းဝန်းကူညီသင့်ပေသည်ဟု ရေး သားလိုက်ရပါသည်။

ဝင်းနွယ်(ပုသိမ်)

Auto World Journal Vol-2-Issue-11


ကားသင်္ချိုင်းဆီမှ အစပြုလာသော ပြည်သူတစ်ယောက်၏ အတွေးတစ်စ  ကားသင်္ချိုင်းဆီမှ အစပြုလာသော ပြည်သူတစ်ယောက်၏ အတွေးတစ်စ Reviewed by သစ်ထူးလွင် on 14:03 Rating: 5
Powered by Blogger.