နိုင်ငံခြားသတင်းထောက်များ လိုက်နာရမည့်အချက်များ (၈) ချက်


နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့ ကနဦး ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း နှုန်းထားအဖြစ် ကျပ်ငွေ (ငါးသောင်းတိတိ) ပေးသွင်းရမယ်လို့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ နိုင်ငံခြား သတင်းထောက်များ လိုက်နာရမယ့် အချက် (၈ ချက်) ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အဲဒီပေးသွင်းငွေကို အမေရိကန်ဒေါ်လာနဲ့ ပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာ ပါရှိချက်ကို သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရုံးက ၀န်ထမ်းတဦးက အခုလို ဖတ်ပြပါတယ်။

(က) ဂျာနယ်လစ်များသည် ခရက်ဒစ်ကတ်အား နိုင်ငံကူးလက်မှတ်၊ ပတ်စ်ပို့နှင့် ဗီဇာမိတ္တူ (၃ အမြှောက် ၄) စင်တီမီတာ။ ရောင်စုံဓာတ်ပုံ ၂ ပုံ။ ဗီဇာထုတ်ယူခဲ့သည့် သက်ဆိုင်ရာသံရုံးမှ ထုတ်ပေးသည့် အကြောင်းကြားစာများနှင့်တကွ ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် လျှောက်ထား ထုတ်ယူရမည်ဖြစ်သည်။

(ခ) မှတ်တမ်းတင်ရိုက်ကူးမှု ခွင့်ပြုချက်အား သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ သတင်းပို့အကြောင်းကြားရမည်။

(ဂ) ကန့်သတ်ထားသည့် ရိုက်ကူးရေးနယ်မြေများသို့ သွားရောက်ရိုက်ကူးလိုပါက သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ၀င်ရောက်ခွင့်ပြုစာလိုအပ်သည်။

(ဃ) ပင်လယ်အောက် ရိုက်ကူးရေးလုပ်ငန်းများအတွက် ဗဟိုရေကြောင်း ဌာနချုပ်၏ ခွင့်ပြုချက်လိုအပ်သည်။

(င) ပြည်ပသတင်းစာ၊ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယို၊ အခြားသော မီဒီယာအဖွဲ့အစည်းများတွင် သင့်လျော်သောရာထူးဖြင့် လုပ်ဆောင်နေသူ သို့မဟုတ် သတင်းထောက်တဦး သို့မဟုတ် အလုပ်ရှင်ထံမှ အခကြေးငွေယူ လက်ခံရယူပြီး အလုပ်လုပ်ကိုင်နေသူဖြစ်ရမယ်။

(စ) သတင်းထောက်သည် ပြည်ပမီဒီယာအဖွဲ့အစည်းတခုတွင် အလုပ်အကိုင်ကျွမ်းကျင်သူရှိကြောင်း အာမခံချက်ထားရှိရမည်။

(ဆ) ဂျာနယ်လစ်များအနေဖြင့် ကနဦးပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနှုန်းထားအဖြစ် ကျပ်ငွေ ငါးသောင်း ပေးသွင်းရမည်ဖြစ်သည်။ ငွေပေးသွင်းခြင်းအား ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ပေးသွင်းရမည်ဖြစ်သည်။

(ဇ) ဂျာနယ်လစ်များ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းအတွက် ငွေပေးသွင်းခြင်းကို နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့် ပေးသွင်းနိုင်သည်။

ဒီလိုက်နာရမယ့်အချက်တွေ ထုတ်ပြန်တာနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကျော်ကို မေးမြန်းရာမှာ နိုင်ငံခြားသတင်းထောက်တွေ ပိုမိုအဆင်ပြေချောမွေ့အောင် လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

 by ​အေး​နိုင် (ဒီဗွီဘီ)

ဦးမြင့်ကျော်နဲ့ မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။



နိုင်ငံခြားသတင်းထောက်များ လိုက်နာရမည့်အချက်များ (၈) ချက် နိုင်ငံခြားသတင်းထောက်များ လိုက်နာရမည့်အချက်များ (၈) ချက် Reviewed by သစ်ထူးလွင် on 19:09 Rating: 5
Powered by Blogger.