ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ အတွက် ရေစက်ချတရားနာပွဲ ပြုလုပ်

၂၄.၁၂.၂၀၁၂ က  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့ ပါတယ်။  ကွယ်လွန်သွားသော အသက်(၁၉)နှစ်အရွယ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မချောသဇင်ဝတ်မှုံသိန်း အတွက် ရေစက်ချတရားနာပွဲနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ၀မ်းနည်းကြောင်းစာလွှာဖတ်ကြားခြင်းကို ၂၈.၁၂.၂၀၁၂ က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင်ပြုလုပ်ခဲ့သည်။ သာဓုကျောင်းတိုက်မှ ဆရာတော်သုံးပါးကို ပင့်ဖိတ်၍ သင်္ကန်းသုံးစုံနှင့် ဆွမ်းဆန်များ ဆပ်ကပ်ခဲ့သည်။





၂၈.၁၂.၂၀၁၂တွင်ပြုလုပ်သောရေစက်ချတရားနာပွဲ (ဓါတ်ပုံ - ဒီဗွီဘီ)

ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ အတွက် ရေစက်ချတရားနာပွဲ ပြုလုပ် ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ အတွက် ရေစက်ချတရားနာပွဲ ပြုလုပ် Reviewed by သစ်ထူးလွင် on 21:53 Rating: 5
Powered by Blogger.