လက်ပံတောင်းတောင်စီမံကိန်းကြောင့် မြန်မာ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်းနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၉

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခဲ့ပါက မြန်မာနိုင်ငံ ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်း ပျောက်ကွယ်သွားနိုင် ခြေရှိကြောင်း မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောသည်။

ယင်းငှက် ၃ မျိုးမှာ စွေ့ငှက်၊ မြန်မာဘီလုံငှက်နှင့် နဖားကြူးငှက်တို့ဖြစ်ပြီး လက်ပံတောင်းတောင် ၀န်းကျင်တွင် ကျက်စားကြသည်ဟု ၄င်းက ပြောသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးရင် အဲဒီမှာရှိတဲ့ ငှက်တွေလည်း ပျောက်ကွယ်နိုင်တယ်လို့ ယုတ္တိဗေဒနဲ့ တွက်လို့ရတယ်” ၄င်းက ဆက်လက်ပြောသည်။

Popular Myanmar News Journal
လက်ပံတောင်းတောင်စီမံကိန်းကြောင့် မြန်မာ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်းနိုင် လက်ပံတောင်းတောင်စီမံကိန်းကြောင့် မြန်မာ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်းနိုင် Reviewed by သစ်ထူးလွင် on 00:59 Rating: 5

8 comments:

TTT said...

နိုင်ငံက ငွေရှာရမှာ ဗမာတွေနည်းနည်းလောက်သိပြီဆိုရင် ဟိုရှောက်ပြောဒီရှောက်ပြောနဲ့ သူများနိုင်ငံမှာ EIA ကြည့်အတိုင်းလုပ်တယ်ဆို စက်ရုံတွေက အရမ်းများတာ သိပ်သည်းပြီးထုတ်တာ ကို့နိုင်ငံမှာ စက်ရုံအလုပ်ရုံ လက်ချိုးရေလို့ရတယ်ဗျ
ဖွံ့ဖြိုးဆဲမှာ အဲဒါတွေကိုသိပ်စိတ်စဉ်းစားရင် နိုင်ငံကဘာမှရှိလာမှာမဟုတ်ဘူး Ratio ကိုညှိလို့ရတာပဲ

nanda khit said...

နိုင်ငံ့အကျိုး ပြည်သူ့အကျိုး တကယ်ရှိရင်တော့ စဉ်းစားရမှာပေါ့ ဦးပိုင်အကျိုး ဝမ်ပေါင့်အကျိုး ဆိုရင် လုံးဝကန့်ကွက်ရမှာပါ ဒေသခံပြည်သူတွေ ကိုလည်း ထည့်တွက်ရမယ် အရာရာ ထင်သာမြင်သာ ရှိရမယ်

dawnmunhon.88 said...

အထက်ကဆရာသမားစကားကိုသေသေချာချာစဉ်းစားပြီးမှပြောပါ

Tun Tun Naing said...

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အစိုးရအနေဖြင့် ရေရှည်အကျိုး၊ အမြတ် အတွက် သေချာသုံးသပ်ပြီးမှ ဆောင်ရွက်စေချင်ပါတယ်။

ဖာနိုင်ငံသားစစ်စစ် said...

လူ့ဘဝအဆက်ဆက်အကောင်းတွေပဲခံစားနေရတဲ့သူတွေက
အကောင်းမြင်ကြတာမဆန်းပါဘူး။အကောင်းကိုတခါမှမခံစားဘူး
တဲ့လူတွေပြောတာလဲမဆန်းပါဘူး။သံသရာထဲမှာကျင်လည်နေကြ
တဲ့သတ္တဝါတိုင်းဟာအကောင်းပြီးရင်အဆိုးလာသလိုအဆိုးပြီးရင်
လည်းအကောင်လာတာနီယာမပါ။ဒီနိယာမမရှိရင်နောင်တဆိုတာ
ဖြစ်ပေါ်လာမှာမဟုတ်ပါဘူးရှေ့ကသွားကြပြီဖြစ်တဲ့ခေါင်းဆောင်
ကြီးတွေရဲ့ကျန်ရစ်တဲမိသားစုတွေကိုလေ့လာပြီးနောင်တမရခင်
သင်ခန်းစာယူလိုက်ပါ။

naymyo said...

ဒါဆို မင်းနေတဲ့အိမ်ကိုဖယ်ပေးပြီး ratio ညှိကြည့်ပါလား

shwe man thar said...

အထက်ကTTT ဆိုတဲ့ လူကပြသနာ၇ဲ့ အ၇င်းခံမသိဘဲသုံး

သပ်နေတာ။

တိုင်းပြည်အကျိုးဘန်းပြပြီးတ၇ုတ်ကျွန်ဇတ်သွင်းနေတဲ့လုပ်

ပေါက်တွေကိုကြည့် ပြီးအစိုး၇ကိုမယုံလို့ ထောင့်ပေါင်းစုံက

ထောက်ပြနေတာ။ ယုံကြည်လေးစား၇တဲ့အစိုး၇ကထုတ်ပြန်

တဲ့ စေတနာစကားလို့ လက်ခံနိုင်၇င်အားလုံးဝိုင်းထောက်ခံ

ပေးမှာပေါ့ ။ အခုတော့ ၇ှိစုမဲ့ စုသိက္ခာတောင်မီး၇ှို့ ဖြေ၇ှင်းပြ

လိုက်တော့ အမေစုကိုကပ်မှီပြီးဝင်ထိန်းပေး၇တဲ့အခြေအနေ

ဖြစ်နေပြီ။ နေ၇ာပေးတော့ လွှတ်တော်အမတ်နေ၇ာလေး။

လုပ်ပိုင်ခွင့် ကြတော့ ဘာမှမပေးဘဲတာဝန်ခံခိုင်းနေတာ။

လက်ေ၇ွးစင်ဝန်ကြီးတွေကလဲတ၇ုတ်၇ဲ့ ငယ်ကြောက်တွေ။

င်္ဟသာ said...

လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)လောက်ကထည်းက ratio တွေညိုခဲ့မယ်ဆိုရင်
တို့မြန်မာတွေ ကမ္ဘာမှာ အခုလောက်မျက်နှာငယ်စရာရှိမှာမဟုတ်ပါဘူး။

Powered by Blogger.