ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှ သိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ်ဆေးဝါး နှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ ကွတ်ခိုင်မြို့နယ် နေထိုင် သူနှစ်ဦးအား တွေ့ရှိရပြီး ယာဉ်နောက် ခန်းတွင် ၎င်းတို့၏ ခရီးဆောင်သေတ္တာနှင့် မုန်ညင်းရွက်များ ဖုံးအုပ်ယူဆောင် လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ (WY) စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၉ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၃၉၈ဝဝဝ ပြား၊ အလေးချိန် ၃၅ ဒသမ ၈၂ ကီလို ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ ကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားခံများကို လားရှိုး အမှတ်(၁) ရဲ စခန်းတွင် မယ(ပ)၂၃၆/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉ (က)/၂ဝ(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 11:25 Rating: 5

3 comments:

Unknown said...

ဘာဖြစ်လို့ ဒီလိုတွေမိနေရတာလဲ သုံးသပ် ကြည့်ရင် ကျန်တဲ့အချိန်တွေမှာ သွားလာလို့ ရနေတာပဲဖြစ်ရမယ် ရှမ်းမြောက်မှာ တာဝန်ကြနေတဲ့ စစ်တပ်တွေ ရဲတွေ နေ့တိုင်းအဲလို ကုန်သွယ်မှုရှိနေလို့သာ ကောင်းကောင်းစား ကောင်းကောင်းသုံး နေကြတာပေါ့ လစာနဲ့ သုံးလို့မလောက်ဘူး ပြောရင်းနဲ့ တိုက်ဆောက် ကားစီး မယားပြိုင်ယူ KTVသွား . . .
တော်ပါပြီ ဆက်မရေးတော့ပါဘူး

than said...

တရုပ် က ဝင်တာ ပါ။ ပေါပ်ဖေါ်ကြီ ကျေးဇူး ဆပ်လို့မကုန်

shwe man thar said...

ပိုင်လောက်တဲ့ အနေအထား၇ှိလို့ဒီလောက်ကြီးတောင်

သယ်၇ဲတာပေါ့။ ဘယ်နှစ်ခေါက်မြောက်လဲလို့တောင်မေး

လိုက်ချင်သေး။

Powered by Blogger.