အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား

ကြာသပတေးနေ့က အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာရှိတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ၀င် ရောက်လာတဲ့အတွက် ဂျပန်ဘက်ကလည်း F-15 ဂျက်တိုက်လေယာဉ် ၈ စင်း ပျံဝဲခဲ့ရာက ၂ နိုင်ငံကြား သံတမန်ရေးရာ အချေအတင် ပြသနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ဒီကျွန်းတွေအနီးမှာ တရုတ်သမုဒ္ဒရာရေကြောင်းအဖွဲ့ လေယာဉ်တစင်းကို တွေ့ခဲ့ရတာကြောင့် အခုလို ဂျက်တိုက်လေယာဉ် တွေကို ချက်ချင်း စေလွှတ်ခဲ့ရတာဖြစ်တဲ့အကြောင်း - ဂျပန်နိုင်ငံရဲ့ အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး - အိုစာမူ ဖူဂျီ မူးရ (Osamu Fujimura) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

F-15 ဂျက်တိုက်လေယာဉ်တွေအပြင် E-2 C Hawk Eye အမည်ရှိ ထောက်လှမ်းရေးလေယာဉ်လဲ ပါသွားသလို - ဂျပန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လဲ တရုတ်အစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ကန့်ကွက်မှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က - ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် တိုကျိုမှာရှိတဲ့ တရုတ်သံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောဆိုခဲ့တာပါ။ အခုလိုမျိုး ဂျပန်ဘက်က သူတို့ ပိုင်အဖြစ် မှတ်ယူထားတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ကျူးကျော်ဝင်ရောက် လာတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဂျပန်အစိုးရ က ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကတော့ - ဒါဟာ ပုံမှန်အတိုင်း ပျံသန်းမှုသာဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) က တုန့်ပြန်ခဲ့ပါတယ်။



ဗွီအိုအေ (မြန်မာပိုင်း)

အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေစဉ်။

အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား Reviewed by သစ်ထူးလွင် on 06:33 Rating: 5

5 comments:

agnai said...

တကမ္ဘာလုံး တရုတ်ကိုသာ ပေးလိုက်တော့ အရမ်းလိုချင်နေတာ

tunm4 said...

ဖြစ်မလား စဉ်းစားပြောဟ မောင်၇င့် အမျိုးတွေ အကုန် တရုတ် ဖြစ်ကုန်မှာပေါ့

tunm4 said...

ဖြစ်မလား စဉ်းစားပြောဟ မောင်၇င့် အမျိုးတွေ အကုန် တရုတ် ဖြစ်ကုန်မှာပေါ့

shwe man thar said...

တ၇ုတ်ကစီးပွား၇ှာတာလား။ပြသနာလိုက်၇ှာတာလား။

Unknown said...

ကြားဘူးတာတော့
သူများအိမ်မှာချီးယိုမိရင်အဲဒီလူဟာ
မိမိအိမ်ကိုသစ္စာဖေါက်တယ်လို့ အယူရှိတာ
တရုတ်ပြည်ကပါ၊ချီးကအစအကုန်လိုက်လိုချင်နေတဲ့
တရုတ်ပြည်ရဲ့လောဘဟာဘယ်လောက်ကြီးတယ်ဆိုတာ
တကမ္ဘာလုံးကသတိကြီးကြီးနဲ့စောင့်ကြည့်ရမဲ့နိုင်ငံတစ်ခုပါ

Powered by Blogger.