ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ

ယာဉ်ထိန်းရဲ အယောင်ဆောင် ငွေတောင်းခံ ကျူးလွန်မှုများ ရှိနေကြောင်း သတင်း အရ ရန်ကုန်တိုင်း ဒေသကြီး တပ်ဖွဲ့မှ စုံစမ်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး မှုခင်း ဖော်ထုတ်ရေး အဖွဲ့ မှုခင်း အကူဌာနစုမှ ရဲတပ်ဖွဲ့ဝင် များသည် ၄.၁၁.၂၀၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြို့တော် ဂေါက်ကွင်း အနီး လေဆိပ် လမ်းမပေါ်တွင် ယာဉ်ထိန်းရဲ ယူနီဖောင်း အကျီင်္ဖြူ (ရင် ၂၀၄၂ နံပါတ်ပါ) နှင့် နက်ပြာရောင် ဘောင်းဘီ ၀တ်ဆင်လျက် ယာဉ်ထိန်းရဲ အယောင်ဆောင် ဇော်သန်းဦး ဆိုသူအား မော်တော်ယာဉ် များကို တားဆီး စစ်ဆေး နေကြောင်း တွေ့ရှိရပြီး ၄င်း၏ ယူနီဖောင်း ဘောင်းဘီ အတွင်းမှ တောင်းယူထားသော ငွေ ၄၁၀၀ိ/- နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂၀၁၂၊  ပြစ်မှုပုဒ်မ ၁၇၀ ဖြင့်  အမှုဖွင့် အရေးယူ ထားကြောင်း  Myanmar  News Now  မှ စုံစမ်းသိရှိရပါသည်။


ယာဉ်ထိန်းရဲ ဒုတပ်ကြပ် အယောင် ဆောင်သူ  ဇော်သန်းဦး

ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ  မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 01:05 Rating: 5

4 comments:

thingyan minthar said...

ယာဉ်ထိန်းရဲဆိုတာ ယာဉ်စည်းကမ်း နားမလည်တဲ့ယာဉ်မောင်းသူတွေ သိနားလည်လာအောင် လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းကို ရှင်းပြ၊
လမ်းသွားလမ်းလာပြည်သူတွေ အန္တရာယ်ကင်းအောင် ရှေ့ဆောင်
လမ်းပြ လုပ်ပေးရမှာပါ။အခုတော့ ဒီလို မဟုတ်ပါဘူး။
မီးပျက်လို့ မီးပွုင့်တွေ အလုပ်မလုပ်တော့ရင် လည်း ယာဉ်ထိန်းရဲက
ကင်းတဲထဲကနေ ထိုင်ရာကတောင် ထမလာဘူး။ပိုက်ဆံရမည့် ကုန်ကားတွေကျရင်တော့ ဇွတ်အတင်းတားတယ်။(ဆင်မလိုက်ရေကြောင်းကောလိပ် အနီးမှာ တွေ့နိုင်ပါတယ်)
မီးပွိုင့် ဝါနီကို ကစားပြီး မီးဝါ၊မီးနီဖြတ်မှုကို အကွက်ဆင်ဖမ်းတယ်။တစ်ကယ်ဆိုရင် မီးဝါခါနီးပြီဆိုရင်ဝီစီမှုတ်ပြီး အချက်ပြပါလား။အခုတော့သစ်ပင်အကွယ်ကနေ ထွက်ထွက်လာတယ်။တစ်နေ့ကို အမှု ဘယ်နှစ်မှု မပြည့်မနေရ ဖမ်းပေးရမယ်ဆိုတဲ့ ဘယ်နိုင်ငံမှာမ မရှိတဲ့ စီမံချက်တွေ ဆိုတာလဲ ရှိသေးတယ်။
ကားတိုက်မှုဖြစ်လို့ ဒဏ်ရာ ဗလဗွနဲ့ လဲနေလဲ တာဝန်သိ ပြည်သူတစ်ရောက် အနေနဲ့ သွားပြီး ကူညီလို့ မရဘူး။ယာဉ်ထိန်းရဲနဲ့ ပြည်သူရဲတွေ မလာသေးလို့တဲ့၊လူနာကို သွားထိလို့ မရဘူး။ ဒီလိုကိစ္စတွေနဲ့
လမ်းပေါ်မှာ သေသွားကျရတာတွေ မနည်းတော့ပါဘူး။လူ့အသက်တစ်ချောင်းကို တန်ဖိုးထားတဲ့ ဗုဒ္ဓဘာသာဟုတ်တဲ့တိုင်းပြည်တွေက လုပ်ရပ်တွေကို စံနမူနာယူပြီး ဗုဒ္ဓဘာသာမြန်မာနိုင်ငံက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဥပဒေတွေ အမြန်ဆုံး ပြင်ပါတော့။

ရာရာ said...

မင်းက အဲ့လိုတောင်းနေတော့ ငါတို့ ရဲအစစ်တွေတောင်းဖို့ ရှယ်ယာ လျော့တာပေါ့ကွ...သေဖို့သာပြင်ထား

ူlay said...

အယောင်ဆောင်ငွေတောင်းခြင်းဟာ..အစစ်တွေကငွေတောင်း
နေလို့ ပါ..အစစ်တွေ ငွေတောင်းတာကိုလဲမှူခင်းအဖွဲ့ ကဖမ်းဘို့ လိုပါတယ်..ဒီရေစီးကြောင်းကြီးကို ဘယ်လိုပြင်ကြမလဲ...
ဒီမိုကရစီလိုချင်ရင်တော့..လူတိုင်း ကိုယ့်အကျင့် ကိုယ်ပြင်
ကြပါ..

မောင်မောင်မောင် မောင်မောင် said...

ပြင်လို့ရမယ်မထင်

Powered by Blogger.