လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၈)

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် မုံရွာမြို့ ဆေးရုံသို့ ရောက်ရှိ နေသော ဒဏ်ရာရ သံဃာတော် များနှင့် ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ (နိုဝင်ဘာလ ၂၉)ရက် ည ၉နာရီခန့်တွင် လာရောက် ကြည့်ရှု နေကြောင်း သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ သံဃဆေးရုံသို့ သွားရောက်ပြီး မီးလောင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအား ကြည့်ရှုနေကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာဝန်းကျင်သို့ အဆိုပါစီမံကိန်းမှ ပေးဝေသည့် လျှပ်စစ်ဓါတ်အားကို ယနေ့ (နိုဝင်ဘာလ ၂၉ရက်) ညပိုင်းမှ စတင်ပြီး ဖြတ်တောက်ထားကြောင်း သတင်းရရှိပါသည်။ အဆိုပါ စီမံကိန်းဝင်းအတွင်းတွင် လုံခြုံရေးများ ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

သတင်း- ဓါတ်ပုံ ။ ။ Eleven Media Group







မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေယူနေမှုများ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၈) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၈) Reviewed by သစ်ထူးလွင် on 21:27 Rating: 5

4 comments:

win said...

ဘယ်လိုလုပ်လိုက်တာလဲကွာ၊ရက်ရက်စက်စက်၊
ဘယ်သူ့အကျိုးစီးပွါးကိုကာကွယ်ပေးနေလို့ဒီလိုလုပ်ရတာလဲ၊
ဘယ်သူ့အကျိုးစီးပွါးပျက်စီးတာလဲ၊
ဒါလားဒီမိုကရေစီလမ်းကိုသွားနေတယ်ဆိုတာ၊

Anonymous said...

အမေစု ကိုတင်မဟုတ်ဘူး ပြည်သူလူထုတရပ်လုံးနဲ့ ကမ်ဘာကြီးကိုပါ လိမ်လိုက်တာ ကဲ ဦးသိန်းစိန်အစိုးရ ဘယ်လိုလိမ်အုံးမှာလည်း

Kaungmyat said...

အတော့်ကို စိတ်မကောင်းစရာဖြစ်ရပါတယ်။ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူတွေ သံဃာတွေကိုတော့ အခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် နှိမ်နှင်းဝံ့တယ်။ မဖြစ်သင့်တဲ့ကိစ္စ မလုပ်သင့်တဲ့ လုပ်ရပ်ကိုလုပ်တဲ့ အစိုးရရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုံ့ချပါတယ်။ ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်။

kyawzayya1980 said...

ပြည်တွင်းက ရဟန်းရှင်လူပြည်သူတွေကျတော့ ကြက်ကလေးသှက်ကလေးတွေလို လုပ်ချင်သလိုလုပ်နေပြီးတော့ သူတို့ပထွေး တရုတ်နဲ့ ကုလားတွေ ဆော်ကားတာကျတော့ငြိမ်ခံနေတယ်
သူတို့ဆွေမျိုးတွေမှမခံစားရတာ

Powered by Blogger.