နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေ

တေးသံရှင် ခင်မောင်တိုး စကာင်္ပူတွင် သက်၇ှိထင်ရှား ရှိနေသေးကြောင်း သိရပြီး မြန်မာနိုင်ငံမှ တေးသံရှင်
ဂျေမောင်မောင်သည် ယနေ့ နံနက်၁၀ နာရီ အချိန်က စကာင်္ပူနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။
ဂျေမောင်မောင် မထွက်ခွာမီ ၉နာ၇ီဝန်းကျင် အချိန် ထိ တေးသံရှင် ခင်မောင်တိုးမှာ သက်၇ှိထင်ရှား ၇ှိနေသေးကြောင်း သိရပြီး ဂျေမောင်မောင်ထံမှ ဆက်သွယ်မှုကို စောင့်ဆိုင်းနေကြသည့် အပြင် မိတ်ဆွေ သူငယ်ချင်းများ ကလည်း စောင့်ဆိုင်းနေကြကြောင်း သိရသည်။

နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေဟာ အထူးစိုးရိမ်ဖွယ် အနေအထားနဲ့  ယမန်နေ့ က သတိပြန်လည်ရရှိခြင်း မရှိကြောင်းနဲ့  အထူးကြပ်မတ် ကုသဆောင်ထဲတွင် ထားရှိရကြောင်း ၊ စင်ကာပူမှ သတင်းများ ရရှိမှုနှင့်အတူ အွန်လိုင်းစာမျက်နှာ အချို့ မှာလည်း ကွန်လွန်ပြီဆိုသည့် သတင်းနှင့်  ထိုသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း ဆိုတဲ့ သတင်းတွေပျံ့ နှံ့ နေဆဲဖြစ်တာမို့ သူရဲ့  ချစ်ပရိ သတ်များကတော့ ဦးခင်မောင်တိုး ပြန်လည် ကျန်းမာလာစေရန် ဆုတောင်းနေကြဆဲဖြစ်ပါတယ်။

ကွန်လွန်ပြီဆိုသည့် သတင်းမှန် ၊ မမှန်ကို နာရေးကူညီမှုသတင်း(ရန်ကုန်) သို့ လည်း မေးမြန်မှုများ အထူး များပြားနေကြောင်း နာရေးကူညီမှု အသင်း(ရန်ကုန်) အနေနဲ့ အဲဒီ သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သာ ဖြေကြားပေးနေ ကြကြောင်း ကြားသိရပါတယ်။ အတူသီဆိုခဲ့ဘူးတဲ့ အဆိုတော် မီမီဝင်းဖေ ကလည်း “ ကိုခင်မောင်တိုး ကျေးဇူးပြုပြီး အားတင်းထားပါလို့ ” သူရဲ့ Facebook မှာ ဆန္ဒပြုထားပါတယ်။

Popular Myanmar News Journal


နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေ နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေ Reviewed by သစ်ထူးလွင် on 11:24 Rating: 5

2 comments:

Unknown said...

အမြန်ဆုံပြန်လည်ကျန်းမာပါစေ။

zaw said...

ဘာရောဂါဖြစ်လို့လဲ....

Powered by Blogger.