ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရုံတင်ထားရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က (၃) မူလတန်းလွန်ကျောင်းတွင် အတန်းပိုင် ဆရာမက ဆရာမ နှုတ်ဆက်ပွဲ အတွက် ငွေကျပ် ၁၀၀ မပေး နိုင်သောကြောင့် သံပေတံဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုး အက်သွားအောင် ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်းက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျောင်းသား မောင်ဇာနည်လမင်း

ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရုံတင်ထားရ ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရုံတင်ထားရ Reviewed by သစ်ထူးလွင် on 19:03 Rating: 5

3 comments:

မောင်ငွေ said...

အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ်ပမချန်၊ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊နှုတ်ဆက်ဖို့ငွေတောင်း၊အရိုက်ကောင်း...ဟာ..မဟုတ်သေးဘာဘူး...သတိထားပါဆရာ မများရယ်..။

Unknown said...

အကောင်းဘက်ကလည်း တွေးပေးကြပါဦး Media ရယ်
ပိုက်ဆံတစ်ရာကြောင့်ရိုက်တာမှန်သည့်တိုင်အောင် တစ်မင်ရည်ရွယ်ပြီး အရိုးအက်အောင် ဘယ်သူကမှ ပြသနာအတက်ခံပြီး ရိုက်မှာတဲ့လဲ
မစာနာလို့ပြောနေတာမဟုတ်ပါဘူး အိမ်ကမောင်လေးဆို ဆရာမရိုက်တာမျက်နှာမှာ အမာရွတ်တောင် မပျောက်ဘူး
ငွေကြေးကောက်ခံပြီး အချိန်ပိုသင်တာကလည်း ဟိုးပဝေသနီကပါ တက်တဲ့သူတွေရှိလို့လည်း သင်တဲ့သူတွေဖြစ်လာတာပေါ့
ပြသနာတက်တော့မှပဲ အချိန်ပိုသင်တာရမယ်ရှာတော့ တစ်ဖက်စောင်းနင်းကြီးဖြစ်မနေဘူးလားကွယ်။

naytun said...

ကလေးပြောတိုင်းမယုံသင့်ဘူး။ဘာပဲပြောပြောဒီဘက်ခေတ်ဆရာနှင့်တပည့်ကျင့်ဝတ်တွေပြန်ထိမ်းရမယ်ထင်ပါတယ်။

Powered by Blogger.