မိုဘိုင်း အင်တာနက် အသုံးပြုခကို ဒေတာ ပမာဏဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မိုဘိုင်း အင်တာနက် အသုံးပြုရာတွင် ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့် အစား ဒေတာ ပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ ပြောင်းလဲ ကောက်ခံနိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုဘိုင်း အင်တာနက် အသုံးပြုခကို ဒေတာ ပမာဏဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ် မိုဘိုင်း အင်တာနက် အသုံးပြုခကို ဒေတာ ပမာဏဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ် Reviewed by သစ်ထူးလွင် on 22:00 Rating: 5

9 comments:

Unknown said...

လိုင်းကအရမ်းကောင်းတော့ ကောက်ခံမယ့်စနစ်ကိုစဉ်းစား

ပေါ့ customer တွေက တော့ ဒီconection နဲ့ဆိုရင်အသက်တို

မှာသေချာတယ်

peertopeer said...

သောက်ဆံ ကောက်ရရင်တော့ နိုင်ငံတကာစံအတိုင်းကောက်မယ်တဲ့
သောက်လိုင်းကျတော့ နိုင်ငံတကာကလို ကောင်းအောင်လုပ်မယ်မရှိဘူး

owner said...

ကျွန်တော်ကအင်တာနက်ကို အခုမှထိတွေ့ဖူးတာဆိုတော့သတင်းခေါင်းစဉ်ကိုတွေကို
select လုပ်ပြီး tv ထိုင်ကြည့်နေလိုက်တယ် ပြီးမှပြန်လာကြည့်ပြီး ဒေါသတွေပေါက်ကွဲတာ..အဲဒါမြန်မာအင်တာနက်ပါ
အခု 1;00 am ရှိပြီ။

Unknown said...

သုံးစွဲမှု ပမာဏအပေါ်မှာ ကောက်ခံတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အင်တာနက် အမြန်နှုန်းကို အနှေးဆုံးဖြစ်အောင် လုပ်ထားပြီး အချိန်နဲ့ ကောက်ခံတာဟာ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို မိမိစိတ်တိုင်းကျ ချယ်လှယ်ပြီး ပြည်သူအပေါ် နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ် ကျမှုတွေထဲက အထင်ရှားဆုံးတစ်ခုပါ။ အရင်ကတည်းက သုံးစွဲမှုပမာဏအပေါ်မှာပဲ ကောက်ခံရမှာကို စားလို့ဝတော့မှ.. အင်တာနက်အမြန်နှုန်းတွေကိုလည်း မြန်လာအောင် မဖြစ်မနေလုပ်တော့မယ်လည်းဆိုရော... သုံးစွဲမှုပမာဏအပေါ်မှာ ကောက်ခံမယ် ဖြစ်သွားပြန်ရော။ တကယ်တော့ အမြန်နှုန်း အရမ်းနှေးနေချိန်မှာ အချိန်နဲ့ကောက်ခံသလို မြန်လာတဲ့အခါမှာလည်း အချိန်နဲ့ ကောက်ခံပါလား။ ဒီလူတွေကတော့ သူတို့ဖက် အသာစီးရဖို့ပဲ စဉ်းစားတတ်တဲ့လူတွေပါ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ.. သုံးစွဲတဲ့ ပမာဏအပေါ်မှာ ကောက်ခံတာက ဖြစ်သင့်တာ ကြာပါပြီ။

မြင့်မိုးမြင့် said...

အသုံးပြုရတာ ကောင်းလာဘို့ အရင်လိုအပ်ပါသည်။
ကောင်းတာသုံးရလျှင် ဈေးကောင်းပေးရမည်ကို နားလယ်ပါသည်။
အများစုက အင်တာနက်သုံးပြီး ၀င်ငွေ ရသူနဲနေပါသေးသည်။
သို့ပါသဖြင့် ဈေးကြီးသွားမည်ကို စိုးရိန်မိပါသည်။
ဒါပေမဲ နိုင်ငံတကာ စံချိန်၊ စနစ်နှင့်ဆောင်ရွက်မည်ကို လုံးဝ ကျေနပ် ထောက်ခံပါသည်။ အမြန်အောင်မြင်ပါစေ။

jc said...

International မှာ data usage နဲ့ကောက်တယ်ဆိုတာ down speed က ကောင်းလို့ time limit နဲ့ဆို သူတို့ပေမကိုက်လို့။ ဒါပေမယ့် လိုတဲ့အခါကောက်ဖွင့်လိုက် မြန်သလားမမေးနဲ့။ အဲဒီတော့ပေးရတာတန်တယ်။တစ်ခုရှိတာက voipသုံးတဲ့သူ သတင်းလောက်ကြည့်တဲ့သူတွေတော့ အရင်ထက်အဆင်ပြေမယ်ထင်တယ်။data တွေ down တဲ့သူတွေကျတော့ connection speed မကောင်းရင် အချိန်လဲကြာ သူတို့သတ်မှတ်တဲ့နှုန်းကများရင်ပိုတောင်ကုန်မယ်။speed ကောင်းမယ်ဆိုရင်တော့ ဒီစနစ်ကကိုယ်လဲစိတ်ချမ်းသာ သူတို့လဲမနစ်နာဘူးပေါ့။

Unknown said...

data ပမာဏနဲ့ ကောက်ခံမယ်ဆိုရင်ဈေးနှုန်းသိရဖို့ တော့အရေးကြီးတယ်။အခုလက်ရှိအခြေအနေက ည၁၁နာရီမှမနက်၉နာရီအထိconnection speed ကမဆိုးပါဘူး ညနက်လေပိုကောင်းလေပဲ download ချရတာအဆင်ပြေတယ် 500MBဆိုရင် ၄နာရီကြာတယ် တိုတိုထွာထွာလေးတွေဆိုရင်ခဏပေါ့ ။ ဒို့ ကတော့speed မြန်ဖို့ ပဲ တောင်းဆိုချင်တယ်

Unknown said...

ပြောလိုက် ရင်နိုင်ငံတကာ လုပ်လိုက်ရင် နိုင်ငံတကာလိုက်လို့မမီ တဲ့ ဆင်ခြေ တွေပေး ၊ သုံးစွဲသူတွေ ကို ဘယ်လို အမြတ်ထုတ် ရမလဲဘဲစဉ်းစား ၊ နိုင်ငံ တကာ ဆိုတဲ့ အသုံး တကယ် မလုပ်နိုင် ရင်မသုံးပါနဲ့ ၊ ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ် နဲ့ ၊မြန်မာနိုင်ငံ မှာ internet သုံးစွဲသူ ဘယ်လောက် ရှိသေးလို့ connection က ဒီလောက် ညံ့ နေ တာလဲ ယှဉ်ကြည့် ပါဦး နိုင်ငံတကာနဲ့

Unknown said...

ကျွန်မတို့သင်္ကန်းကျွန်းမှာလည်းညဆိုရင်connection ကအရမ်းကျတယ်။ဒီလိုပြောင်းတာကောင်းပါတယ်။ဒါပေမဲ့ဈေးနှုန်းတင်မဟုတ်ပဲ internet ရဲ့မြန်နှုန်းကိုပါ international အတိုင်းဆိုရင်ပိုကောင်းပါတယ်။

Powered by Blogger.