Browse ›
Home ›
မြန်မာ့သတင်း
» ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာ မန္တလေးတိုင်း နဲ့  စစ်ကိုင်းတိုင်းမှာ အင်အားပြင်း ငလျှင်လှုပ်ခတ်
နိုဝင်ဘာလ(၁၁)ရက်နေ့ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့် က မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ အင်အားပြင် ငလျှင် တခု လှုပ်သွားကြောင်း သိရပါတယ်။ တစ်မိနစ်ခန့် ကြာတဲ့ လှုပ်ခတ်မှု့ ကြောင့် လူတွေ ထိန့် လန့် ခဲ့ရတယ်လို့  စစ်ကိုင်းတိုင်း ငါးဇွန်မြို့ ခံတဦးက ပြောပါတယ်။
ငလျှင်ဒဏ်ကြောင့် လူတွေ မတ်တပ်မရပ်နိုင်ပဲ ထိုင်နေကြရတယ် ၊မီးလည်း ပျက်သွားတယ်လို့ ငါးဇွန်မြို့ ခံက Myanmar News Now ကို ပြောပါတယ်။
လောလောဆယ် စုံစမ်းသိရှိရ သလောက် ကတော့ မန္တလေးနဲ့ ပြင်ဦးလွင် မြို့ တွေ အပါအ၀င် အထက်မြန်မာပြည် မြို့ တော်တော်များများမှာ ငလျှင်လှုပ်ခတ်မှု ဒဏ်ကို ခံစားသိရှိရကြောင်း MNN စုံစမ်းသိရှိရပါတယ်။