ရှေးဟောင်းစေတီမှန်း သိလျှက်နှင့် ဖြိုဖျက်မှု တစ်ရပ် ပြည်မြို့ ပေါ်တွင် ဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၊  ရွာဘဲနယ်မြေ၊ မူယာပင်ရပ်ကွက်၊ (သံလမ်းဂိတ်အနီး)၊ ခြံကွက်အမှတ် (၃၉၁) ၏ နောက်ဘက် အကွက်တွင် ၅.၁၁.၂၀၁၂ နေ့တွင် နံနက် ၈း၀၀ မှစ၍ လုပ်သာများနှင့် ရှေးဟောင်းစေတီကုန်း မှန်းသိလျှက်နှင့် ဖြိုဖျက်မှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရှေးဟောင်းဘုရားမှာ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူအင်အားသုံး တူးဖော်ယုံ သာမက ထွန်စက်ဂေါ်တပ်၍ တူးဖော်ရှင်းလင်းရာ ရှေးဟောင်း အုတ်ချပ် များမှာ မြေမှုန့်ဘဝသို့ ရောက်ရှိခဲ့ရသည်။
ရှေးဟောင်းစေတီမှန်း သိလျှက်နှင့် ဖြိုဖျက်မှု တစ်ရပ် ပြည်မြို့ ပေါ်တွင် ဖြစ်ပွား ရှေးဟောင်းစေတီမှန်း သိလျှက်နှင့် ဖြိုဖျက်မှု တစ်ရပ် ပြည်မြို့ ပေါ်တွင် ဖြစ်ပွား Reviewed by သစ်ထူးလွင် on 22:32 Rating: 5

5 comments:

Unknown said...

စကောလောက်မှဆောင့်မနက်တဲ့လူတွေပဲ ဘုရားမှန်းတရားမှန်းတောင်မသိကြတော့ဘူးလား အဲဒီလိုမျီုးဘုရားစေတီတွေကိုစော်ကားနေရင်တော့ ဘာသာ/သာသနာကွယ်ပျောက်တော့မယ် သတိထားပြီးဆင်ခြင်ကြပါအုးံ

thuraboarch said...

မိမိတို့ရဲ့ယဉ်ကျေးမှု အမွေအနှစ်ကိုဖျက်ဆီးခြင်းဟာ မိမိလူမျိုးဂုဏ်သိက္ခာကို ကိုယ်တိုင်ရိုက်ချိုးခြင်းဖြစ်ပြီး မိမိတို့ရဲ့အနာဂတ်၊မိမိတို့ရဲ့သမိုင်းကြောင်းကိုဖျက်ဆီးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့အကျိုးစီးပွားဖြစ်တဲ့ မီးခိုးမထွက်တဲ့စက်ရုံတွေကို ဖျက်ဆီးပစ်ခြင်းလည်းဖြစ်ပြီး နိုင်ငံတော်နဲ့ပြည်သူ့တွေအတွက် Cultural Tourism Development စီမံကိန်းကို လေထဲပျောက်ကွယ်အောင်ပြုလုပ်ခြင်းလည်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ သမိုင်းအမွေအနှစ်၊ရိုးရာအမွေအနှစ်တွေ မိမိတို့လောက်မရှိပါပဲ Historic Park တွေ Cultural Landscape Conservation တွေပြုလုပ်ပြီး တိုင်းပြည်နဲ့လူမျိုးဂုဏ်သိက္ခာလည်းမြင့် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင်ရွက်နေကြတာ လူတိုင်းအသိဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာလည်း Prehistoric ကနေ အစဉ်အဆက် ဘိုးဘွားတွေ ချန်ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို နိုင်ငံတော်နဲ့ပြည်သူ လက်တွဲပြီး ထိန်းသိမ်းဆောင်ရွက်နေကြတာ သိကြမှာဖြစ်ပါတယ်။သူများနိုင်ငံနည်းတူ ငွေကြေးမြောက်မြားစွာ ကျခံ မဆောင်ရွက်နိုင်သေးပေမယ့် တတ်နိုင်သလောက်ဆောင်ရွက်နေချိန်မှာ ယခုလို သတင်းဖတ်ရတော့အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အလားတူ ကိစ္စရပ်တွေလည်းမကြာခဏဖတ်ရတော့ မိမိတို့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိထိရောက်ရောက်မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ကမ္ဘာတ၀ှမ်းလုံးက လေးစားတန်ဖိုးထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းကိုဘယ်တော့မှ မ၀င်၊မှတ်တမ်းတင်နိုင်တော့မှာမဟုတ်ပါဘူး။ ကျွန်တော်သိသလောက်ပြောရရင် နိုင်ငံတ၀ှမ်းမှာ ယဉ်ကျေးမှုအမွေအနှစ်ပေါင်း သောင်းချီရှိတာကို ရှေးဟောင်းသုတေသန ၀န်ထမ်း စုစုပေါင်း၁၀၀၀ လောက်နဲ့ မကပဲ ပြည်သူလူထုကပါဝိုင်းဝန်း ထိန်းသိမ်းပေးကြပါအုံးလို့ဆန္ဒပြုပါတယ်။ ပြည်သူလူထုကြီးမှ လက်တွေ့မှာလည်း မိမိတို့ကိုယ်ပိုင်ငွေများနဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအတွက် လှူဒါန်း ဆောင်ရွက်နေတာကိုလည်းအရမ်းဂုဏ်ယူမိပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့်နိုင်ငံတော် ဂုဏ်သိက္ခာမမဲ့ရအောင် ..............

Maymyochit said...

လူတွေရဲ့လောဘကြောင့်သမိုင်းအမွေအနစ်တွေပြောက်နေရပြီ
ဖုရားမှန်းတရားမှန်းမသိကြတော့ဘူး သံသရာငရဲဆိုတာသေပြီးမှမဟုတ်ဘူး
မသေခင်လက်တွေ့ ခံကြရတယ်
ဖုရားတရားမမေ့ကြပါနဲ့။

Unknown said...

မှန်ပါတယ် ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ရှေးဟောင်းသုတေသနဦးစီးဌာနတစ်ခုတည်းနဲ့ ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါတွေဟာ နိုင်ငံတော်ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တာကြောင့် တစ်မျိုးသားလုံးကပါ အသိစိတ်ဓါတ်ရှိစွာဖြင့် မိမိတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ . . . .ဒါကိုအခုလို တာဝန်မဲ့စွာနဲ့ ပြုမူခဲ့တာဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးခြင်းလို့ပဲ မြင်မိပါတယ် အမျိုးချစ်စိတ်၊လူမျိုးနဲ့ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် ပြုလုပ်ချင်တဲ့ လူတွေသာလျှင် ဒီလိုမျိုး တာဝန်မဲ့စွာ မိမိအကျိုးစီးပွားအတွက် ဘာကိုမှ ပဓါန မထားပဲ ဖျက်ဆီးခဲ့တာဟာ စံနမူနာအဖြစ် ထိုက်ထိုက်တန်တန် အရေးယူဆောင်ရွက်သင့်ပါကြောင်း

sansan said...

စိတ်မကောင်းပါဘူး ဘာသာတရားကို မရိုသေတာတော့ ဘယ်သူဘယ်ဘုရားကမှ ခွင့်လွှတ်နိုင်လိမ့်မယ်လိုတော့မထင်ပါဘူး။ အခုဟာက အဟောင်းဆိုတော့ တော်သေးတယ်လို့လည်းပြေားလို့ရ ကောင်းရနိုင်ပါတယ်။ ဒါပေမယ့်အရမ်းကို ရင်နာစရာတစ်ခုကလေ။ ချင်းပြည်နယ် မတူပီမြို့မှာ ဆောက်ပြီးခါစ ခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ထား တဲ့လက်ဝါးကပ်တိုင် လတ်လတ်ဆတ်ဆတ် ကိုတောင်မှ စစ်အစိုးရ ဘက်တော်သားတပည့် ဗျူဟာမှူးဟောင်း ဦးဆန်းအောင်က ဖြိုခဲ့တယ်လေ အရမ်းကို ရင်နာစရာကောင်းတဲ့ဖြစ်ရပ်ပါ။

Powered by Blogger.