တိုက်ပွဲများဖြစ်ပေါ်နေခြင်းမှာ နှစ်ပေါင်းများစွာဖြစ်ခဲ့သော ပဋိပက္ခဖြစ်၍ အချိန်ယူရန်လို

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံတော် သမ္မတမှ ထိုးစစ်များ ရပ်တန့်ရန် တပ်မတော်သို့ ညွှန်ကြားထား သော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှု ရှိနေခြင်းနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ဖြစ်ခဲ့သော ပဋိပက္ခ ဖြစ်သဖြင့် အချိန်ယူရန် လိုကြောင်း၊ စစ်ပွဲများ ချက်ချင်း ရပ်တန့်ရန် မလွယ်ကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြော သည်။

““တစ်ဖက်နဲ့ တစ်ဖက်နဲ့ ပဋိပက္ခ နှစ်ပေါင်းများစွာကြာပြီဆိုတဲ့ အခါကျတော့ မီးတောက်အရမ်း ကြီးနေတဲ့အချိန်မှာ ချက်ချင်း ရေနဲ့ ဖျန်းလို့လည်း ငြိမ်းဖို့ဆိုတာတော့ မလွယ်ပါဘူး။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ကြည့်တဲ့အခါမှာလည်း အတော်လေးကိုပဲ အချိန်ယူကြရတာပေါ့နော်။ ဒီလိုအချိန်ယူပြီး လုပ်နေကြတဲ့ အချိန်အတွင်းမှာလည်း ဒီလိုပဲကြိုကြား၊ကြိုကြား ထိတွေ့မှုလေးတွေကတော့ ရှိနေ တတ်ပါတယ်”” ဟု ဦးကိုကိုလှိုင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ် တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ နှစ်ဖက်တပ်များ စစ်တပ်အပြောင်းအရွှေ့ကြောင့် ထိတွေ့ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍လည်း ဦးကိုကိုလှိုင်က ““တပ်ပြောင်းရွှေ့တယ်၊ တပ်တွေနေရာ ပြန်ချတယ်ဆိုတာက နှစ်ဖက်ညှိကြ ရတာကိုး။ နှစ်ဖက်ညှိကြတဲ့အခါမှာ အမျိုးမျိုးရှိတာပေါ့။ အမျိုးမျိုးရှိ တယ်ဆိုတာ နှစ်ဖက်သဘောတူဖို့ အသေးစိတ်ညှိရတာတွေ ရှိတယ်။ ပြဿနာက အဲဒီလိုညှိဖို့အတွက်ကိုပဲ ဆွေးနွေးရမယ့်ဟာကို နှစ်ဦး နှစ်ဖက်က သဘောတူညီချက်မရသေးတာပေါ့။ ဒါကလည်း နှစ်ဦးနှစ်ဖက် ယုံကြည်မှုက တစ်စုံတစ်ရာသော အတိုင်းအတာအထိ လိုနေသေးတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ ထပ်ပြီးတော့ ကြိုးစားကြ ရမှာပဲ””ဟု ပြောသည်။

သို့သော် တဖြည်းဖြည်းနှင့် ငြိမ်းချမ်းရေးကိစ္စများ တိုးတက် မည်ကို တွေ့မြင်နေရပြီး မည်မျှကြာမည်ကိုမူ နှစ်ဦးနှစ်ဖက်၏ ယုံကြည်မှုတည်ဆောက်နိုင်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း ပြောသည်။

စစ်ပွဲများ ရပ်တန့်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကပင် အရပ်ဘက် လူ့အဖွဲ့ အစည်းများ စုပေါင်းကာ နိုင်ငံတွင်းနေရာအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း သိန်းဂဏန်းဝန်းကျင်အထိ ရှိလာ ပြီဖြစ် ကြောင်း လေ့လာဆန်းစစ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

by Myanmartandawsint Newspaper


တိုက်ပွဲများဖြစ်ပေါ်နေခြင်းမှာ နှစ်ပေါင်းများစွာဖြစ်ခဲ့သော ပဋိပက္ခဖြစ်၍ အချိန်ယူရန်လို တိုက်ပွဲများဖြစ်ပေါ်နေခြင်းမှာ နှစ်ပေါင်းများစွာဖြစ်ခဲ့သော ပဋိပက္ခဖြစ်၍ အချိန်ယူရန်လို Reviewed by သစ်ထူးလွင် on 22:31 Rating: 5

5 comments:

Unknown said...

အချိန်ယူရမှာ ဟုတ်ပါပြီ ဘာလို့ လူထုကို ဒုက္ခပေးနေတာလဲ ကချင်ခေါင်းဆောင်လို့ ခံယူထားတဲ့
ကချင်လူမျိုးတွေရယ်
စစ်ပွဲဖြစ်နေရတာ ဘာကြောင့်လဲဆိုတာ နိုင်ငံတကာက သိ နေကြပြီနော် စဉ်းစားဝေဖန်သုံးသပ်ဖို့ပါ

user said...

ဟိုးတုန်းကဉီးကျော်ရဲ့သီချင်းတစ်ပုဒ်ကိုသတိရမိပါတယ်။ရန်ပွဲတွေရပ်ပစ် အမုန်းများရပ်ပစ်။ဒို့လူသားတွေချစ်ခင်ကြဟေ့ စစ်မဖြစ်ရဘုး။မှောင်သောညတွေပြီးရင်တွေ့မယ့် ငြိမ်းချမ်းသောကမ္ဘာသစ်ကြီးကို အမြန်ဆုံးရောက်နိုင်ပါစေလို့တစ်မျိုးသားလုံးကိုယ်စားဆန္ဒပြုနေကြောင်းပါ။

ratkhunswe said...

ငြိမ်းချမ်းရေးလက်မှတ် အမြန်ဆုံးရေးထိုးနိုင်ကြပါစေ ။

Anonymous said...

ကေ အိုင် အေ ကို မေး ခြင် ပါ တယ့့်  က ချင် ပြ ည် နယ် ကြီး အေး ချမ်း တည် ငြိမ် တိုး တက် ရေး ကို လို ခြင်း တာ လာ ဒါ မှ မ ပာုတ် အေး ချမ်း သွား ရ င် ခင် ဗျား တို့ အ ရ င် လို ဆက် ကြေး တောင်း မိုက် ကြေး ခွဲ လူ သတ် စတာ တွေ လုပ် လို့ မ ရ တော့ မှာ ကို စိုး ရိမ် နေ တာ လား လို့

Unknown said...

ရပ်ကြပါတော့။ပြည်သူတွေလဲးကြည်ပါဦး။

Powered by Blogger.