ကျွန်းတိုင် မြင်တိုင်း ငွေတောင်းတဲ့ သစ်တောအုပ်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ရာထူးရှိသူ ဦးမောင်မောင်မြင့် ဆိုသူသည် နောက်လိုက် အဖွဲ့သားများနှင့် ၄င်းမြို့နယ်ရှိ ရွာများဖြစ်ကြသော ပေပင်တန်းရွာ၊ ဗျက်ကြီး (ချောင်းနား)ရွာ၊ ရှားတေားကွင်းရွာ၊ ပျဉ်ထောင်ကွင်းရွာ၊ တူးမြောင်းရွာ အစရှိသော ရွာပေါင်း မြောက်မြား စွာသို့ လှည့်လည်၍ ၄င်းရွာများထဲ၌ တည်ဆောက်ထားသော အိမ်များ၊ နွားတင်းကုတ်များ၊ စပါးကျီများ၊ ဆန်စက် အသေးစားများမှ ကာလကြာမြင့်နေပြီဖြစ်သော  ကျွန်းတိုင် အချို့ ကို ဖမ်းဆီး၍ ရသည်ဟု အကြောင်းပြကာ ကျပ်ငါးသောင်း၊ ခြောက်သောင်း လှည့်လည် တောင်းခံနေ ကြောင်း ဒေသခံများကို Myanmar News Now ကိုပြောပြပါသည်။

၎င်းကျွန်းတိုင် များသည် ကာလသက်တမ်း နှစ် (၂ဝ)မှ (၃ဝ)ကျော်များ ဖြစ်ကြပါသည်။

ကျေးလက်နေ ပြည်သူများ၏ ကာလကြာမြင့်စွာ ဆောက်လုပ်ထားသော အဆောက်အဦးများမှ ကျွန်းတိုင်အခိျု့မှာ တောင်ပေါ် သစ်တောများမှ ခိုးယူခိုးထုတ် သယ်ဆောင်လာ၍မရပါ။ တောင်ပေါ် သစ်တောများမှ ကျွန်းများကို ကျေးလက်နေ ပြည်သူများမှ ခိုးထုတ်သယ်ဆောင်နိုင်မှုမှာ အိပ်မက်ပင် မမက် ရဲကြပါ။ သို့သော် ၄င်းတောအုပ်သည် ဘိုးစဉ်ဘောင်ဆက်က ကျွန်းကို မြင်တိုင်း ပိုက်ဆံတောင်းနေသည်မှာ ကျေးလက်နေ လူတန်းစား ပြည်သူများကို အနိုင်ကျင့်၍ လုပ်စားနေကြသဖြင့် သက်ဆိုင်ရာမှ အရေးယူပေးစေလိုကြောင်း ဒေသခံများက Myanmar News Now ကိုပြောပြပါသည်။


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်