“ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ကို ကန့် ကွက်ခြင်း

 “တိုးရစ် ဂိုက်မလေး” ဆိုသည့် စကားရပ်သည် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ကိုင်ဆောင်၍ တရားဝင် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော ဧည့်လမ်းညွှန် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် ထိခိုက် စော်ကားသော ရေးသားမှု ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ သုံးသပ်ပြီး ပြင်းထန်စွာ ရှုံချကန့်ကွက်သည်။ ၄င်းဆောင်းပါး ရေးသားသူ မင်းမင်းလတ်(မြစ်ငယ်)မှ ဧည့်လမ်းညွှန်များထံသို့ တရားဝင် တောင်းပန်ရန်----

ကန့် ကွက်စာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


“ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ဆောင်းပါး ကို ပြန်လည် ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ


“ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ကို ကန့် ကွက်ခြင်း “ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ကို ကန့် ကွက်ခြင်း Reviewed by သစ်ထူးလွင် on 16:04 Rating: 5

13 comments:

ဖိုးဖိုးကြီး said...

***“တိုးရစ်ဂိုက်မလေး”ဆိုသည့်စကားရပ်သည်ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ကိုင်ဆောင်၍တရားဝင်အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသောဧည့်လမ်းညွှန်အမျိုးသမီးများ၏ဂုဏ်သိက္ခာကိုတိုက်ရိုက်ထိခိုက် စော်ကားသော ရေးသားမှု ဖြစ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှသုံးသပ်ပြီး ပြင်းထန်စွာရှုံချကန့်ကွက်သည်။၎င်းဆောင်းပါး ရေးသားသူမင်းမင်းလတ်(မြစ်ငယ်)မှဧည့်လမ်းညွှန်များထံသို့တရားဝင် တောင်းပန်ရန်----***ဆောင်းပါးရှင် မင်းမင်းလတ်(မြစ်ငယ်) အနေနှင့်ဒီဆောင်းပါးကိုရေးလိုက်ခြင်းဟာအ
ခြားသောဧည့်လမ်းညွှန်မိန်းခလေးများ၏ဂုဏ်သိက္ခာကိုအများကြီးထိခိုက်စော်
ကားလိုက်သလိုဖြစ်နေပါတယ်။(ခုတ်မတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်)
ဆိုတဲ့စကားအတိုင်း-ဒီမိန်းခလေးရဲ့ဘဝကိုရေးသားလိုတယ်ဆိုရင်၊အခြားထိ
ခိုက်စေမဲ့အရေးအသားမျိုးကိုရှောင်သင့်ပါတယ်။ဧည့်လမ်းညွှန်ဆိုသည့်စကား
ရပ်ကိုအသုံးပြုလိုက်မိတာနဲ့အခြားသောအဖွဲ့အစည်းကိုတိုက်ရိုက်စော်ကားမိ
သလိုဖြစ်သွားပါတယ်။ဆောင်းပါးရှင်တိုင်းဟာမိမိရေးသားတော့မည့်အကြောင်းအရာကိုသေချာသုံးသပ်စဉ်းစားပြီးမှရေးသားစေလိုပါတယ်။အယ်ဒီတာချုပ်
များကလည်းဆောင်းပါးရှင်၏စာမူကိုဖတ်ရှု့သည့်အခါသတိထားရမည့်မလို
လားအပ်သောပြသနာများ/ထိခိုက်မှု့များမရှိစေရန်/မပါစေရန်တည်းဖြတ်ရန်
လိုအပ်ပါတယ်။

truth said...

media လွတ်လပ်ခွင့်အကြောင်းပြပြီး ဆောင်းပါး

ရှင်ကတောင်းပန်မယ်မထင်ဘူး။ မြန်မာအမျိုးသမီး

များသင်ခန်းစာယူနိုင်ဖို့ရေးတာဖြစ်ပေမယ့် တိုးရစ်ဂိုက်

မအားလုံးကို အပျက်မတွေအဖြစ်အမြင်စောင်းသွား

နိုင်တယ်။ ဆောင်းပါးရှင်အနေနဲ့ ပြန်တောင်းပန်သင့်

တယ်။ လွတ်လပ်ခွင့်ဘဲ(သို့) တိုးရစ်ဂိုက်မတွေထဲမှာ

ငါ့ညီမ/အမ/အမျိုး မပါဘူး မတောင်းပန်နိုင်ဘူးဆိုရင်

လဲပြသနာတော့မရှိလောက်ဘူးထင်တာဘဲ။

၇န်ကုန် - ၇ှပ်နီ said...

First Weekly ကလည်း SSCကိုဘာမှ မမေး ..သေဆုံးသွားသူ လူနာ၇ှင်မိသားစု ကိုလည်း ဘာမှ မမေးပဲ သတင်းေ၇းထားတာ အံအား သင့် စ၇ာကြားတိုင်းပြောတဲ့  လူတိုင်း၇ဲ့ စကားကို သတင်း အဖြစ်ေ၇းနေတာလားမသိသတင်းလွတ်လပ်ခွင့် ကိုလူတိုင်းလက်ခံပါတယ် သတင်းကျင့် ဝတ် ကို Journalist အသိဆုံးပါ.. စက်ပြုတ်ကျပြီး သတိလစ်သွားတယ်လို့ေ၇းထားတယ် မမှန်ပါဘူး လူနာက ကင်ဆာေ၇ာဂါကြောင့်  ဆေး၇ုံကဆ၇ာဝန်ကြီးတွေက လက်လျှော့  ထားတာပါ စက်မပြုတ်ကျလည်း သူ့ ဘာသာသေတော့ မှာပါ..တစ်
ည ထဲ ထားပြီးနောက်နေ့  ချက်ချင်း သဂြိုလ်လိုက်တာ မိသားစု
သဘောထားပါ SSC ကြောင့် မဟုတ်၇ပါဘူး ဆေး၇ုံ စ၇ိတ်တွေ အတိကျထည့်ေ၇းထားတယ် SSC ကို First Weekly က ဘယ်သတင်းထောက်က သွားမေးမြန်းပြီးေ၇းထားခဲ့ ပါသလဲ.. လူထု ပုံ၇ိပ် ဂျာနယ်တိုက်က သတင်းေ၇စဉ် ဆေး၇ုံ သို့ လူကိုယ်တိုင် သွားေ၇ာက် သတင်းယူေ၇းသားခဲ့  ခြင်းဖြစ်ပါတယ် SSC ဆေးရုံက တာဝန်၇ှိ သူ တချို့  First weekly သတင်းကြောင့်  မိသားစု
ထံ သွားေ၇ာက် စူံစမ်းမေးမြန်ခဲ့ တဲ့  သတင်းေ၇ာ ကြာမိပါ၇ဲ့ လား
မိသားစု မှာ ဆုံးပါးသွားသူ အတွက် စိတ်သောကေ၇ာက်နေစဉ်
ဒီသတင်းကြောင့်  တစ်ပူပေါ် နှစ်ပူဆင့်  ဖြစ်ခဲ့ ၇ပါတယ်..မိသားစုက
မည်သည့်  မီဒီယာကိုမှ သေဆုံးသူ အကြာင်း ဖော်ပြပေး၇န် မပြောခဲ့ ပါ
ကြောင်း .. မည်သည့်  သတင်းဂျာနယ် တိုက်မှ သတင်းထောက်မျှ လာေ၇ာက် ကိုယ်တိုင်ကိုယ်ကျ သတင်းမေးမြန်း၇ယူခြင်း မ၇ှိခဲ့ တဲ့ 
အပေါ် SSC ဆေး၇ုံ ကို ဖြေ၇ှင်းခဲ့ ပါတယ်..မိသားစုမှာလည်း ယခု အခါ နောက်ထပ် ဘယ်ဂျာနယ် က ထပ်ပြီး သတင်းဖန်တီးပြီး ထည့် 
ဦးမလဲ ဆိုတာ စိတ်သောကေ၇ာက်နေကြပါတယ် မိသာစု၇ဲ့  စိတ်ထဲ
Firsr Weekly က ကိုယ်ကျိုး စီးပွားအတွက် မသာကိုယ်တောင်
ချမ်းသာမပေး SSC က လူနာတွေ ဆီက အမြတ်ထုတ်တာ First weekly က မသာဆီက ဂျာနယ်ေ၇ာင်းကောင်းေ၇း အမြတ်ထုတ်တာဖြစ်
ကြောင်း စကားသံတွေ ထွက်လာခဲ့ ပါတယ် မီဒီယာလွတ်လပ်ခွင့် က
တကယ်ကြောက်စ၇ာဖြစ်နေပါလား..ေ၇းမယ်ဆို၇င်း အားလူံနဲ့  သက်ဆိုင်
၇င်အားလုံးကို မေးပြီးေ၇း ။ တစ်ယောက်ထဲ သက်ဆိုင်၇င် တစ်ထဲ အကြောင်း၇ှင်း၇ှင်းေ၇း .. တခြားလူတွေ အကျိုးစီးပွားထိခိုက်အောင် မေ၇းနဲ့ 

Unknown said...

လုပ်သင့်လုပ်ထိုက်တာ လုပ်တာ
စည်းမဲ့ကမ်းမဲ့ လွတ်လပ်ခွင့် မဟုတ်ဘူး
ပညာပေးတာ ကောင်းပါတယ်

moon mdy said...

ကျွန်မက လိုင်ရ tourist guide တစ်ယောက်ပါ။ခွင့်ပြုချက် ရပြီး ရေးတာနာမည် ထည့်ရေးပါ။အရေး အသားက ဘာကိုပြောချင်တာလဲ နားမလည်တဲ့ မိဘ တွေဆို မိန်းကလေး ဂိုက် မလုပ်ရ ဆိုတဲ့ထိဖြစ်သွားမည်။မိန်းကလေး တွေအနေနဲ့မိသားစုတာဝန် နိုင်င့တာဝန် ထမ်းဆောင် ရတာ အခက်အခဲအများကြီးပဲ။ဒါကို မကူညီချင်ထားပါ media အားကိုး နဲ့ ကိုယ့်လူမိုး ချင်း မသတ်ပါနဲ့။

nanda khit said...

သူက တိုးရစ်ဂိုက်မလေး လို့ ရေးထားတာပဲ တိုးရစ်ဂိုက်မများ လို့ရေးထားတာမှ မဟုတ်တာ သူက အသိသတိ ရှိဖို့ ပညာပေး ရေးထား တယ်လို့ မြင်ပါတယ် ပုဂံ ကဟော်တယ် တခုမှာ ဂိုက်မလေးတယောက် တိုးရစ်အဘိုးကြီး တယောက်နဲ့လာတည်းတယ် ယူတော့တယောက်တခန်း ညကျတော့ ဟိုကြည့်ဒီကြည့်နဲ့ဝင်သွားတာ ပြန်ထွက်မလာတော့ဘူး ကဲဘယ်လိုလပ်မလဲ

Unknown said...

မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သို့ 


လိုင်စင်ရ ဧည့်လမ်းညွှန် /
အင်္ဂလိပ်ဘာသာဧည့်လမ်းညွှန်များ၏
ရွေးချယ်ခံဘာသာစကားကိုယ်စားလှယ်
/မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏
ပြန်ကြားရေးတာဝန်ခံ - ဦးထွန်းမြတ် (G-၁၈၄၄)

စာရေးဆရာ/ကဗျာဆရာ ဆူးသစ်နီ - ၏ Personal အိတ်ဖွင့်ပေးစာ

၁။ မြစ်မခ မီဒီယာ အုပ်စု၏ အွန်လိုင်းသတင်းဆောင်းပါး " ဧည့်မျှော်
နေဦးမည့် တိုးရစ် ဂိုက်မလေး " ဆောင်းပါးနှင့် ပတ်သက် ၍
မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်းမှ အဆိုပါ ဆောင်းပါးသည်၊
ဧည့်လမ်းညွှန်များ၏ဂုဏ်သိက္ခာကိုတိုက်ရိုက်ထိခိုက်ပါကြောင်း ထောက်ပြ၍၊ ဆောင်းပါးရှင်မှ ဖြစ်စေ၊မြစ်မခမီဒီယာမှ ဖြစ်စေ၊
လိုင်စင်ရဧည့်လမ်းညွှန်များသို့ 
တောင်းပန်မှု ပြုရန်၊ တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ ရာတွင် မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း က TheVoice Weekly၏ မေးမြန်းချက်ကို ပြောကြားသည် ဟူသော၊ သတင်းများအရ၊
- တရား ဥပဒေအရ ဆောင်ရွက် လာပါက ရင်ဆိုင် သွားမည် ဖြစ်သည်ဟုလည်းကောင်း။
- ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို မှ ဖြေရှင်းမှာ မဟုတ်ဘူး၊
- အဲ့ဒီ သတင်းထောက်ကလည်း တိုးရစ် ဂိုက် လို့ သုံးတာက လွဲလို့ FITဆိုတာလည်း ထည့်ထား ပေးတယ်၊အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင်ထည့်ရေးထားတာ မဟုတ်တော့ ရှင်းစရာလိုတယ်လို့ မထင်ဘူး ဟုလည်းကောင်း။
- ထိုကိစ္စ နှင့် ပတ်သက်၍ တရား စွဲဆိုလာပါက မည်ကဲ့သို့
ဖြေရှင်းရန်စီစဉ်ထားကြောင်း The Voice Weekly ၏ မေးမြန်းချက် ကို ၎င်းကစွဲပေါ့၊ မြန်မာပြည်မှာ အဲ့ဒါမျိုး ဂိုက်မတွေ အများကြီး၊ ပြုပြင် စေချင်လို့ ထောက်ပြ တာ ကိုတရားစွဲမယ် ဆိုလည်း ငြင်းစရာ မရှိပါ ၊ရင်ဆိုင်ရုံပါပဲ။ ဟု လည်းကောင်း
- ထိုသတင်း ဆောင်းပါအား ရွေးချယ်ခြင်းမှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု များဝင်ရောက် လာမည့် ကာလတွင် ယခုကဲ့သို့
အမျိုးသမီးတွေ မဖြစ် စေချင်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေ အနေနဲ့ တားဆီးစေချင်သော စိတ်ဖြင့် Gender Issueဖြစ်သောကြောင့် တင်ခြင်း ဖြစ်ကြောင်း။
ဦးအေးချမ်းဟိန်း က အွန်လိုင်း စာမျက်နှာပေါ် ယင်းဆောင်းပါး ရွေးချယ်
တင်ပြခြင်း နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည် ဟူ၍လည်ကောင်း တာဝန်ခံအယ်ဒီတာ ဦးအေးချမ်းဟိန်း ၏ သဘောထားများကို ကြားသိရပါသည်။

Unknown said...

။ အကယ်၍ (အကယ်၍) မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း ကThe Voice Weekly
၏ မေးမြန်းချက်ကိုအထက်ပါအတိုင်း ပြော ကြားသည် ဆိုပါက (ဆိုပါက) အဆိုပါတာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သဘောထားယူဆချက်များနှင့်ပတ်သက်၍၊
အောက်ဖေါ်ပြပါအတိုင်း ရှင်းလင်းခြင်း၊ မေးခွန်းထုတ်ခြင်းတို့ ကို ဦးစွာ
ပြုပါသည် -

- တရား ဥပဒေအရ ဆောင်ရွက် လာပါက ရင်ဆိုင် သွားမည်၊ ဘယ်လိုမှ ဖြေရှင်းမှာမဟုတ်ဘူး ဟု ပြောပေါက်ဆိုပေါက်များသည် မိမိတို့ မမှားဟုဆိုလိုရာရောက်သဖြင့်၊ လူကြီးမင်းအနေဖြင့် လူ့ အဖွဲ့ အစည်း တစ်ခု (သို့ )
၎င်း၏ အမည်တစ်ခု (ဥပမာ - ဧည့်လမ်းညွှန်မလေး၊ အယ်ဒီတာဘယ်သူဘယ်ဝါ) ကို
အမည်တပ်၍ မကောင်းရာတစ်ခု၊ မသင့်တော်ရာတစ်ခု၊
Negative Point of View
တစ်ခု ကို ရေးရာပြောရာတွင် (စိတ်ကူးယဉ်ဝတ္ထုပင်ဖြစ်ပါစေ)
ကျင့်ဝတ်နှင့်ညီသည်၊ Community တစ်ခုလုံးကို မထိခိုက် ဟု ယုံကြည်နေပါသလား
(မှတ်ချက်၊ ယနေ့ ခေတ်အချိန်အခါတွင်၊ အမည် Name ကိစ္စသည် အလွန် Sensitiveဖြစ်သည်ကို သတိချပ်သင့်ပါသည်။ )
- တိုးရစ် ဂိုက် လို့ သုံးတာက လွဲလို့ FIT ဆိုတာလည်း ထည့်ထား
ပေးတယ်၊အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင် ထည့်ရေးထားတာမဟုတ်တော့ ရှင်းစရာလိုတယ်လို့ မထင်ဘူး ဟု ပြောဆိုချက်နှင့် ပတ်သက်၍၊
(က) တိုးရစ်ဂိုက်ဟု သုံးတာကို က၊ ကျုးလွန်ပြီးဖြစ်နေပါပြီ
(စကားပြန်များ၊ နိုင်ငံခြားသားများနှင့် အတူ တွဲ လုပ်နေသည့် ၀န်ထမ်းများ၊နိုင်ငံခြားသားများနှင့် လိုက်ပါနေသူများ အနေဖြင့် တိုးရစ်ဂိုက်ဟုမသုံးရပါ။ သုံးခွင့်မရှိပါ။ တိုးရစ်ဂိုက် ဆိုသည်နှင့် ဘွဲ့ ရ၊
ဘာသာစကားအနည်းဆုံးတစ်ခုကျွမ်းကျင်၊ သင်တန်းတက်၊ တရားဝင်လုပ်ငန်းလိုင်စင်ရ သည့် Professional
ဖြစ်ပါသည်၊ Industrial Title ဖြစ်ပါသည်)
(ခ) FIT ဆိုသည်မှာ၊ Foreign Independent Traveler ဖြစ်ပါသည်။ ခရီးသည်ကို
ဆိုလိုပါသည်။ တိုးရစ်ဂိုက် နှင့် မပတ်သက်ပါ။ အကယ်၍၊
Package Tourမဟုတ်သော လမ်းလျောက်အိတ်ဆွဲ FIT များကို လိုက်သော လိုင်စင်မရှိသူများကို
ပြောလိုလျှင်လည်း တိုးရစ်ဂိုက်ဟု မရေးရပါ။
အပိုဒ်(က)တွင်ရှင်းပြီးဖြစ်ပါသည်။ နိုင်ငံခြားသားနှင့် တွဲပါနေတိုင်း
တိုးရစ်ဂိုက်များမဟုတ်ပါ။ ( ယနေ့ မီဒီယာတော်တော်များများ
Tourism Industry ၏ သဘောသဘာဝကို နားမလည်ပါ။ Package Tour နှင့် FIT ကိုနားမလည်ကြပါ။ စကားချပ်)
(ဂ) အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင် ထည့်ရေးထားတာ မဟုတ်တော့ရှင်းစရာလိုတယ်လို့ မထင်ဘူး ဆိုသည်နှင့် ပတ်သက်၍၊ တိုးရစ်ဂိုက်တွင်၊
ရာထူး သတ်မှတ်မှု မရှိပါ။ အမည် နှင့် အလုပ်လုပ်သည့်ကုမ္ပဏီ
အမည်ထည့်မရေးသည်၊ ရေးသည်မှာအဓိက မဟုတ်ပါ။
ဧည့်လမ်းညွှန်ဆိုသည်နှင့်ပင်အသိုင်းအ၀ိုင်း၏ ဂုဏ်သိက္ခာကို
ထိခိုက်ပြီးသားဖြစ်နေပါပြီ

Unknown said...

(ဃ) မြန်မာပြည်မှာ အဲ့ဒါမျိုး ဂိုက်မတွေ အများကြီး၊ ပြုပြင် စေချင် လို့
ထောက်ပြ တာ ဟူသော အပြောနှင့်ပတ်သက်၍
မိမိတို့ Community သို့  ကျင့်ဝတ်မထိန်းဘဲ တိုက်ရိုက် ကျုးလွန်သည့်
ရင့်သည်းသော စကားဖြစ်ကြောင်း သတိချပ်ပါရန် နှင့် ယခုကဲ့သို့
အမျိုးသမီးတွေ မဖြစ် စေချင်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေ အနေနဲ့ တားဆီးစေချင်သော စိတ်ဖြင့် တင်သည်ဟူသောအယူအဆနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ၊

အကယ်၍ အဆိုပါစိတ်ထားမျိုးရှိသည်ဆိုပါက၊ လေ့လာဆန်းစစ်၍၊ အတည်အခန့်အကျိုးပြု ဆောင်းပါးမျိုးရေး၍လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနသို့အပြုသဘော
ဖြစ်စေ၊ တိုင်စာဖြစ်စေ ရေးသားဖေါ်ပြ၍လည်ကောင်း၊
မြန်မာအမျိုးသမီးများအားလုံးကို ဆိုလို လိုပါက၊ ဧည့်လမ်းညွှန် ဟူသော
Professional ကို တိုက်ရိုက်မသုံးစွဲခြင်းဖြင့်လည်းကောင်း၊ ယခုကဲ့သို့ အပျော်ဖတ်လိုလို၊ စိတ်ကူးယဉ်လိုလို၊ အပြာဆန်ဇါတ်လမ်းလိုလို၊ အပေါစား၊
အပေါ့စား စာများဖြင့် ဖေါ်ပြ၍ တိုင်းပြည်ကောင်းကျိုး၊
အမျိုးသားရေးတာဝန်ကို ထမ်းဆောင်သည်ဟု လုံးဝ ပြော၍ မရပါကြောင်း။
၎။ သို့ ဖြစ်၍၊ အဆိုပါ ဆောင်းပါးကြောင့် မိမိတို့ ဧည့်လမ်းညွှန်များ၏
ဂုဏ်သိက္ခာကို ပွန်းပဲ့စေသည်၊မိမိတို့ Professional ကို
ကျုးလွန်စော်ကားခံရသည်၊ မြန်မာအမျိုးသမီး လိုင်စင်ရ ဧည့်လမ်းညွှန်များ၏လုပ်ငန်း နှင့် အမျိုးသမီး ကုဒြေ္ဒ ကို ကြီးစွာ ထိခိုက် သေးသိမ် စေသည် မှာလွန်စွာ ထင်ရှား၍ ဆောင်းပါးရှင် နှင့် မီဒီယာတာဝန်ခံအယ်ဒီတာ တို့အနေဖြင့် ကျင့်ဝတ်များစွာကို ချိုးဖေါက်ခြင်းဖြင့် လုံးဝတာဝန်ရှိပါသည်။

၅။ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းသည် မီဒီယာများနှင့် ချစ်စကို
ရှည်စေ မူဖြင့် မြစ်မခ မီဒီယာမှ တရားဝင် အကြောင်းပြန် ဆက်သွယ်ကာ၊လေးစားရင်းနှီးစွာ ပြန် လည် ဖြေရှင်းခြင်းတစ်ခုပြုရန်ကိုသာ ၊ လိုလားလျက်
ရှိနေချိန်တွင်၊ မြစ်မခ မီဒီယာ မှ ပူးပေါင်းဆောင်ရွက်နိုင်ပါရန်၊
မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သို့ 
မိမိတစ်ဦးတည်းသဘောဖြင့် အထက်ပါအတိုင်း အိတ်ဖွင့်စာ ရေးသား ပေးပို့အပ်ပါသည်။
၆။ မြစ်မခ မီဒီယာ ၏ တုံ့ ပြန်မှုအပေါ်မူတည်၍ ၊
မြန်မာနိုင်ငံလိုင်စင်ရဧည့်လမ်းညွှန်များ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်း(MTGA) တို့ နှင့် တသားတည်း ရပ်တည်သွားမည်ဖြစ်ပါကြောင်း။

ဦးထွန်းမြတ် (G-၁၈၄၄) လိုင်စင်ရ ဧည့်လမ်းညွှန် /
အင်္ဂလိပ်ဘာသာဧည့်လမ်းညွှန်များ၏ ဘာသာစကားကိုယ်စားလှယ်/
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ပြန်ကြားရေးတာဝန်ခံ
စာရေးဆရာ/ကဗျာဆရာ ဆူးသစ်နီ
၁၇-၁၀-၂၀၁၂ (ဗုဒ္ဓဟူးနေ့ )

com.ayemin said...


တိုးရစ်ဂိုက်မတွေ တော်တော်များများပျက်စီးနေတာကတော့ ပုဂံမှာလက်တွေ့ပါ ဒါကိုပြုပြင်စေချင်လို့ရေးတာမှန်ပါတယ် ရေးသင့်ပါတယ်၊ ကိုယ့်အဖွဲ့အစည်းထဲက ဧည့်လမ်းညွှန်တွေကို သတိပေးဆုံးမပေါ့ အမြင်မကျဉ်းပါနဲ့၊ အပြင်မှာတကယ်ပျက်စီးနေတာ အမှန်ပါဘဲ

moon mdy said...

ဘာမှ နားမလည် တဲ့သူ တွေcomment မရေးပါနဲ့ ။ tourist guide ဆိုတာ လိုင်စင်ရှိတဲ့လူ ကိုခေါ်တာ။ဟုတ်ပြီ လိုင်စင် ရှိတယ်ထား။ဘယ် company နဲ့လဲ။ဘယ်မြို့ မှာလဲ ဟိုတယ် အခန်းနံပတ်
နာမည် အတိ အကျရေး။လိင် လုပ်သား တောင်မှ ကိုယ့် ကိုကို ကာကွယ်ခွင့်ရှိတယ်။ကျမ တို့ကလဲ ကိုယ့်ကိုကို ကာ ကွယ်ရမှာပဲခြေမ မကောင်း ခြေမပေါ့။

Anonymous said...

ပုဂံမှာ တွေ့ပါတယ်ဆိုတာ Tourist Guide ဆိုတာကို ဘယ်လို အထောက်အထားနဲ့ ပြောနိုင်ပါသလဲ။ နိုင်ငံခြားသားနှင့် တွဲပါနေတိုင်း tourist guide လို့ ယူဆလို့ မရပါဘူး။ ဒီဆောင်းပါးဟာ ပြုပြင်စေချင်တဲ့ အပြုသဘောထက် Tourism field ကို နားမလည်ဘဲ ရေးထားမှန်း သိသာပါတယ်။ ဒီတော့ အမြင်မကျဉ်းပါနဲ့ ပြောသူများလည်း အမြင်ကျယ်စေချင်ပါတယ်။ လိုင်စင်ရ ဧည့်လမ်းညွှန် လား ဘာလားဆိုတာကို သေသေချာချာ ခွဲခွဲခြားခြားနားလည်စေချင်ပါတယ်။

moon mdy said...

လူပိန်းတွေက guide ဆိုရင်,ကြားဖူးတဲ့ သရဲ အကြောင်းလိုပဲ ပြောလို့မဆံုး ကြောက်လို့မဆုးံ တော့ဘူး သူတို့ကိုယ် ကိုင်လဲ မမြင်ဖူးဘူး။အခုလဲ မြင်တယ် လို့တာ ပြောတယ် ဘယ်မှာလဲ ဘယ်သူလဲ ဘာလဲ......လဲ......အဲ့ လိုတွေမေးလိုက်ရင် ငါလဲကြားဖူးတာပဲ မမြင် ဖူးဘူး ဆိုတာဖြစ်ရော။ပြည့်တဆာ ဆိုရင်တောင် သူ့ဘဝနဲ့ သူကိုယ်က နားလည်ပေးရအုးံမှာ။အခုက ဘာပဲ ကြားကြား ဒါ guide ပဲ။လက်ဆုတ်လက်ကိုင်လဲ ပြ နိုင်တာမဟုတ်ဘူး။ယုံတမ်း သရဲ ပုံပြင်သမားတွေ။ပြီးတော့ မိန်းမငယ် ထားတဲ့ ကားပွဲစား တစ်ယောက် မြင်ဖူးတာနဲ့ ပဲ "မိန်းမငယ် ထားသောကားပွဲစား လို့ပြောရင် ကျမတို့လို ပဲ သူတို့လဲ စိတ်ဆိုးမှာပဲ။လိုင်စင် မပါရင် guide ဟု မသုးံရန် မူပိုင် ခွင့် ကြိုးစား လိုက် ပါ အုးံ MTGA.

Powered by Blogger.