သံဃနာယကအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လူ့ အခွင့်ရေး ချိုးဖောက်မှု

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် မြို့နယ် သံဃနာယက ဆရာတော်များမှ အဓမ္မ၀ါဒ မိုးပြာဂိုဏ်းဖြစ်သည့် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကို စွန့်လွှတ်ရန်နှင့် မစွန့်လွှတ်ပါက ဗဟိုသို့ပို့ရမည်ဟု ပြောဆိုသည့် အတွက် ဦးခင်မောင်သိန်းဆိုသူမှ မစွန့်လွှတ်နိုင် ပါကြောင်းနှင့် ထိုသို့ မစွန့်လွှတ် နိုင်ယုံသာမက ၄င်းတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာမှ နှုက်ထွက်ပြီး ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကိုသာ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကြောင်း ပြောဆိုပါသည်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးညာဏ

သံဃနာယကအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လူ့ အခွင့်ရေး ချိုးဖောက်မှု သံဃနာယကအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လူ့ အခွင့်ရေး ချိုးဖောက်မှု Reviewed by သစ်ထူးလွင် on 06:22 Rating: 5

46 comments:

MMT said...

ဒီမိုးပြာဂိုဏ်းက ဗုဒ္ဓဘာသာကို ဖျက်စီးမည့် အဖွဲ့ ဗျ။ ဘုရားဟောတွေ အကုန်ပြောင်းပြန်လုပ်ပြီး ဗုဒ္ဓဘာသာ အမည်ခံချင်တဲ့ ပါရာဇိက ကျ ဘုန်းကြီးအတုတွေ။ သတိထားကြပါ။

Unknown said...

သစ်ထူးလွင်ရေး သံဃနာယကအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လူ့ အခွင့်ရေး ချိုးဖောက်မှု ဆိုတဲ့ ခေါင်းစဉ် တင်ထားတာကို အပြင်အထန်ရူတ်ချကန့်ကွက်ပါတယ်.မိုးပြားဂိုဏ် ဆိုတာ ဗုဒ္ဓဘာသာကို နာမည်ယူပြီး ဂိုဏ်နာမည်တစ်ခုနင့်ထေရ၀ါဒဗုဒ္ဓဘာသာဖျက်ဆီးနေတာပါ. သံဃနာယက က အဓမ္မ၀ါဒတွေကို တာမြစ်ကာကွယ်ရမှာ သံဃာတော်များ၏ တာဝန်အခွင့်ရေးပါ.နင့်အိမ်ကို လာဖျက်ဆီးတဲ့သူကို တာမြစ်ကာကွယ်ရမှာက နင့်အိမ်သားများ၏ ကိုယ်ပိုင်အခွင့်ရေးပါ.ဦးဥာဏဆိုတာက သူ၏ကိုယ်ကျိုးကြီးပွါးအတွက် ဗုဒ္ဓသာသနာတော်ကို ခုတုံလုပ်ပြီးမိစ္ဆာဝါဒ တည်ထောင်နေတဲ့သူပါ.အဲဒါကို လူအခွင့်ရေးဆိုပြီး အော်တာက သံဃာတော်များအားလုံးကို စော်ကားရာရောက်ပါတယ်.အကြောင်းအရာတစ်ခု ကောင်းကောင်းမသိဘဲလျောက်ပြီး သတင်းတင်တာဟာ တစ်ဘက်သတ်ကို စော်ကားရာရောက်နေပါတယ်. အဲဒါကို အပြင်အထန်ရူတ်ချကန့်ကွက်ပါတယ် ဖြုတ်ပေးပါ.သံဃာတော်များကို စော်ကားတာက နင့်လည်း မဟာလူအခွင့်ရေးကို ချိုးဖောက်တာဘဲ.

Unknown said...

ထေရ၀ါဒသံဃမဟာနာယကအနေနဲ့ ထေရ၀ါဒတရားတွေကို လူတွေလက်ခံကျင့်သုံးချင်လာအောင်သာ အဓိက ဆောင်ရွက်ရမှာပါဖြစ်ပါသည်။ ထေရ၀ါဒအယူကို မယူတော့ပဲ တခြား အယူဝါဒတစ်ခုကို ယုံကြည်ကိုးကွယ်နေတဲ့ သူတွေကိုအခုလို အာဏာပိုင်များအားကိုးဖြင့် အယူဝါဒ စွန့်လွှတ်ဖို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်းသည် နိုင်ငံသားတစ်ဦးချင်းစီ မည်သူမဆိုရသင့်တဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ထိခိုက်စေပါသည်။ ကိုယ့်တရားကို လူတွေလက်မခံတော့တာနှင့်ပဲ အခုလိုမျိုး အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခြင်းကိုက ထေရ၀ါဒတရားတော်တွေရဲ့ ခိုင်ခန့်မှုကို ထိခိုက်စေပါသည်။ မိမိတို့တရားတွေကို လူတွေ လက်ခံကျင့်သုံးချင်လာအောင်သာ ဟောပြောဆောင်ရွက်ဖို့သာလျှင် ပြုရ မှာဖြစ်ပါသည်။ ယခုပစ္စုပ္ပန်ကမ္မ၀ါဒဟု ပြောဆိုနေသော မိုးပြာတရားဆိုတာကလဲ ထေရ၀ါဒလက်အောက်ခံ မဟုတ်ပါဟု ပြောဆိုထားသည့်အတွက် ထေရ၀ါဒမှ မိမိလက်အောက်ခံအနေဖြင့် စီမံဆောင်ရွက်မှုမျိုး မပြုသင့်ပေ၊ အယူဝါဒ ၂-ခုကို အယူဝါဒအနေဖြင့်သာ ဟောပြော၊ ဆွေးနွေး ၊ ညှိနှိုင်းမှုတို့ဖြင့်သာ ငြိမ်းအေးအောင် နိုင်ငံသားတို့၏ ဘာသာသာသနာကိုးကွယ်မှုတွေအပေါ် ဘက်လိုက်မှုမရှိပဲ ဆောင်ရွက်ပေးရမည့် သာသာနာရေးဝန်ကြီးဌာနမှ စီမံပေးရမှာဖြစ်ပါသည်။ ယခုလို့ လွတ်လပ်ပွင့်လင်းမြင်သာဖို့ကို ဦးတည်နေသောခေတ်တွင် အရင်ခေတ်တွေလို ဘာသာရေးပိတ်ဆို့မှုတွေ မရှိသင့်တော့သလို မိုးပြာတရားများကိုလည်း http://ariyathitsa.org/ website တွင် အလွယ်တကူလေ့လာလို့ ရရှိနေပြီး ကမ္ဘာအနှံ့ ပြန့်နေပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာရေးအာဏာရှင်ဆန်ဆန် လုပ်ရပ်များဖြင့် ထေရ၀ါဒသာသနာကို မပြုသင့်တော့ပါခင်ဗျာ။

Anonymous said...

နိုင်ငံတော်ရဲ့လွတ်လပ်စွာကိုးကွယ်ခွင့်ဥပဒေကိုပြန်လည်
ရေးဆွဲသင့်ပါပြီ။ဒီဥပဒေဟာဘာသာခြားတွေအတွက်လက်နက်တခုလိုဖြစ်နေတာကြာပါပြီ။

M Peace said...

သတင်း website ပီသစွာ မိုးပြာနှင့်ပတ်သက်သည့်သတင်းများကို ဘက်လိုက်မှုမရှိ ကောင်းသည် ဆိုးသည်မခွဲခြားပဲ အခုလို ဖော်ပြပေးသော သစ်ထူးလွင်၏ သဘောထားကို လေးစားမိပါတယ်။

Unknown said...

မိုးပြာဂိုဏ်းအကြောင်းလေးလည်းရှင်းပြပါလား

ဝီရသူ said...

ကိုသစ်ထူးလွင်ရေ...
ဒါလှု့အခွင့်ရေးချိုးဖောက်တယ်လို့ မခေါ်ဘူးလေဗျာ...။ သာသသရေးနဲ့ ပတ်သက်လို့ ဘာမှမသိရင် ဘာမှမတင်တာ အကောင်းဆုံးပါ။
လူ့အခွင့်ရေးဆိုတဲ့ အထဲမှာ တခြားဘာသာကို ဖျက်လို့ဖျက်ဆီးလုပ်တာရော ပါသလားဗျ..။ ဘုရားအရေတော်ကိုခြုံပြီး ဘုရားဟောခဲ့တဲ့
ပိဋကတ်သုံးပုံအတိုင်းမကျင့်ဘဲ ဘုရားဟောခဲ့တဲ့ ပိဋကတ်သုံးပုံကို ဖျက်စီးနေတာက လူအခွင့်ရေးတဲ့လားဗျာ...။ သူတစ်ပြန်ကိုယ်တစ်ပြန်
တရားစွဲ၊ သူ့အပြစ်ကို သူဝန်ခံလို့ အဓမ္မဝါဒီပုဂ္ဂိုလ်တစ်ယောက် ထောင်ထဲရောက်သွားတာဟာ လူ့အခွင့်ရေးချိုးဖောက်တာလားဗျာ..။
သူ့ကိုသူ့ဝါဒတစ်ခုထူထောင်ချင်တယ်ဆိုရင် အသွင်တစ်မျိုးနဲ့ထူထောင်လေ.. ဘာလို့ဘုရားအရေးခြုံပြီး ဘုရားဟောထားတဲ့ တရားတော်တွေကို
ဆန့်ကျင်ဘက်လုပ်ပြီး ဒါသူ့ဝါဒပါလို့- ဆိုနေသူ ဒီအသားထဲကလောက်ကို လူ့အခွင့်ရေးဆိုပြီး နားလည်ပေးရမှာလားဗျာ....။
ခင်ဗျားနားလည်အောင် ဥပမာတစ်ခုပြောပြမယ်... ခင်ဗျားနှင့် နှစ်ပေါင်းများစွာ အတူလက်တွဲလာတဲ့ ခင်များသိပ်ချစ်တဲ့
မိန်းမတစ်ယောက်(ခင်များမိန်းမပေါ့) အဲဒီခဗျားမိန်းကို တစ်ခြားလူတစ်ယောက်က သူ့ဘက်ပါအောင် မြူဆွယ်မယ်၊
ရှင်းရှင်းပြောရရင် ကြာကူလီလုပ်သွားမယ်ဗျာ...၊ အဲဒီလူကို ခင်များဘယ်လိုမြင်မလဲ... ဒါလူ့အခွင့်ရေးဆိုပြီး ခင်များမိန်းမကို အသာတကြည်နဲ့
ပေးလိုက်မှာလား၊ ဓားတစ်ပြတ်ဒုတ်တစ်ပြတ်နဲ့ တိုက်ပွဲဝင်မလား၊ လူ့အခွင့်အရေးအပြည့်ဝ ရှိပါတယ်ဆိုတဲ့ အနောက်နိုင်ငံတစ်ချို့မှာတောင်
တစ်ခြားလူတစ်ဦးရဲ့ စာအုပ်ထဲက စာတစ်လုံးယူသုံးမိတာနဲ့ ထောင်ထဲကို ဝင်သွားရတဲ့သာဓကတွေရှိတယ်လေ။ အဲဒါကေ၇ာ..
လူ့အခွင့်ရေးလို့ ဆိုလို့ရမလား။ ပြောပါဦး.. ကိုသစ်ထူးလွင်..။ လူ့အခွင့်ရေးဆိုတာကို ခင်ဗျားဘယ်လိုနားလည်ထားလို့လဲ...
သာသနာရေးနဲ့ပတ်သက်တာတွေကို ဘယ်လောက်ထိအောင်နားလည်ထားလို့လဲ..၊ သာသနာရေးနဲ့ လူ့အခွင့်ရေးကို ခင်ဗျားဘယ်လို
တွဲပြီးနားလည်ထားလို့လဲ...။ အကယ်၍ ကိုသစ်ထူးလွင် လူ့အခွင့်ရေးဆိုတာကို သေချာနားမလည်သေးရင် နားလည်အောင်ဆက်လက် ကြိုးစားလိုက်ပါဦးး..နော်

Unknown said...

ဒီလိုဆိုရင်တော့ဒါဟာ မြို့နယ်အာဏာပိုင် နဲ့ မြို့နယ်သံဃနာယကတို့ ပူးပေါင်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ကြတာပါပဲ။ ဒီကိစ္စမျိုးကတော့ ဒီနေ့ခေတ်ကာလမှာလုံးဝမဖြစ်သင့်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံက ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ဆီကိုဦးတည် နေပြီးတဲ့ကာလဖြစ်နေလို့ပါပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄ မှာ လွတ်လပ်စွာယူဆနိုင်ခွင့် နဲ့ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်ခွင့်တို့ကို အတိအလင်းပြဌါန်းထားပါရဲ့နဲ့ ဒီပုဂ္ဂိုလ်တွေ ဖက်စစ်ဆန်ဆန်၊ နာဇီဆန်ဆန် ကျင့်သုံးနေကြတာတော့နည်းနည်း လွန်နေသလိုပါပဲ။ ဒီအတိုင်းဆိုရင်တော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ သွားသလို ဘာသာစုံအခွင့်အရေးတူ ဒီမိုကရေစီစနစ်နဲ့ သွားသင့်နေပြီထင်ပါတယ်။

Unknown said...

ဗုဒ္ဓသာသနာကိုနှိုးနွမ်းစေမှုဖျက်ဆီးမှုနဲ့အရေး ယူမယ်

ဗုဒ္ဓရဲ့ပစ္စုပ္ပန်ဝါဒကအပြစ်ကင်းသောပစ္စုပ္ပန်

ကိလေသာရှိတဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့ထွင်လုံး

ဗုဒ္ဓဘာသာကိုမဖျက်ဆီးပါနဲ့

သီးခြားဘာသာထူထောင်ပါ

ဗုဒ္ဓ အမည်ပါရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ဆိုင် သွားပြီ

တို့ဗုဒ္ဓဘာသာဝင်အားလုံးမင်းတို့ကိုတိုက်မယ်

ဗုဒ္ဓ ဆိုတဲ့အမည်ကိုအသုံးပြုခွငိ့မပြုဘူး

တဏှာပစ္စုပ္ပန်ဝါဒလို့အမည်ပေးပါ

ငရဲပြည်မှာဒေဝဒတ်မင်းတို့ကိုစောင့်နေတယ်

ဘာသာတရားကိုအသေချာမလေ့လာဘဲ

ဆင်ကန်းတောတိုးတွေ

ဗုဒ္ဓ ကအကျင့်တရား ဒါပေမဲ့တဏှာကိုပယ်တယ်

Min Lu said...

မိုးပြာဂိုဏ်း၏၀ါဒသည် သီးခြားရပ်တည်ထားသောဝါဒတစ်ခုမဟုတ်ပဲ ထေရ၀ါဒ၏တရားများအား ဖျက်ဆီးထားသောဝါဒဖြစ်သည့်အတွက် လွတ်လပ်စွာကိုးကွယ်ခွင့် တွင်အကြုံးမ၀င်ပါ။ ဒီမိုကရေစီစနစ်မှာလူ့အခွင့်အရေးကိုကိုယ်စားပြုသော်လည်း သူတပါး၏စီးပွားဥစာ၊ ဘာသာ၊သာသနာကို စော်ကားဖျက်ဆီးလျှင်လူ့အခွင့်အရေးကိုချိုးဖေါက်ကာအကျိုးဖျက်ဆီးသောရာဇ၀တ်မှုသာဖြစ်ပါသည်။

Unknown said...

မိုးပြာဂိုဏ်းနှင့်ပက်သက်သော အချက်အလက်နှင့် ဘာသာအယူအဆလေးတွေကို သိစေချင်လို့ပါ...
ကျနော်တို့ဗုဒ္ဓဘာသာဟာ.. ဘုရားရှင်ဟောကြားခဲ့တဲ့ ဒေသနာတော် ကိုအခြေခံရပါတယ်.... ဘုရားရှင် မဟောကြားခဲ့တဲ့တရားတွေကို အရှိ အဟုတ်လို့ ဆိုလာရင် ဒါဟာဗုဒ္ဓဘာသာ တရားလို့ ဆိုနိုင်ပါသလားဆိုတာကို သိစေချင်တယ် ခင်ဗျာ... ဒီခေတ်ဒီအချိန်မှာ... စစ်မှန်သောဘာသာတရားတွေ ဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ် လာနေပါတယ်... ကျနော် တို့ အနေနဲ့ တတ်စွမ်းနိုင်သလောက် ကြိုးစားပီး... စစ်မှန်တဲ့ ဘာသာတရားကို ပြန့်ပွားစေချင်ပါတယ်ခင်ဗျာ...
မိုးပြာဂိုဏ်း အကြောင်း ကို အောက်ပါလင့်မှာ ကြည့်ရှု လေ့လာနိုင်ပါတယ်ခင်ဗျာ...
https://www.facebook.com/notes/tun-nay-aung/%E1%80%95%E1%80%85%E1%81%A5%E1%80%B3%E1%80%95%E1%81%B8%E1%80%94%E1%80%B9%E1%80%80%E1%80%99%E1%81%BC%E1%80%9D%E1%80%AB%E1%80%92-%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%A1%E1%80%99%E1%80%8A%E1%80%B9%E1%80%81%E1%80%B6-%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%80%BB%E1%80%95%E1%80%AC%E1%80%82%E1%80%AF%E1%80%AD%E1%80%8F%E1%80%B9%E1%80%B8-%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%AC%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%80%A1%E1%82%8F%E1%81%B1%E1%80%9B%E1%80%AC%E1%80%9A%E1%80%B9%E1%80%BB%E1%80%95%E1%80%B3%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/10150473270930427

konay said...

တန့်ဆည်မြို့နယ်သံဃနာယကအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြိုဆိုပါ တယ်။ တချို့ကိစ္စတွေမှာ လူအခွင့်အရေး လူ့အခွင့်အရေး ဆိုတာကို အသုံးချပြီး လုပ်ချင်ရာလုပ်ဖို့ ကြိုးစားကြတယ်။ ဒီဂိုဏ်းဟာ ကျွန်တော်တို့ တန့်ဆည်မြို့နယ်မှာသာမဟုတ် တနိုင်ငံလုံးမှာ မရှိသင့်ဘူး။ မပြန့်ပွားသင့်ဘူး။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်သံဃနာယက အဖွဲ့တို့အနေနဲ့ ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ဘာသာရေးဂိုဏ်းတွေကို တိုက်ဖျက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

မင်းမြတ် said...

အစိုးရရဲ့တာဝန်ဟာ ပြည်သူတွေစားဝတ်နေရေးအဆင်ပြေအောင်နဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီးတရားဥပဒေစိုးမိုးရေးအတွက်သာတာဝန်ရှိပါတယ်။ ပြည်သူ တွေကို နိဗ္ဗာန်ရောက်အောင်လုပ်ပေးဖို့မလိုပါ။ လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးအပ်ထားတဲ့အခွင့်အရေးဖြစ်တယ်။ ကိုးကွယ်ယုံကြည်မှုကိုနိုင်ငံသားတိုင်း ကရွေးချယ်ပိုင်ခွင့်ရှိရမယ်။

Unknown said...

ဟေ့ဟေ့ မြို့နယ်သံဃတို့ ဘာတို့  မူဆလင်တွေပေါက်ကရလုပ်တာကြတော့ အ သံတချက်မထွက်ဘူး၊ အချင်ချင်းကြတော့ ဟိုဟာထိုးခိုင်းဒီဟာထိုးခိုင်းနှင့်။မိုးပြာက မူဆင်လင်တွေနှင့်စာရင်မပြောလောက်ပါဘူး။

Unknown said...

ဗမာပြည် ဗုဒ္ဓသာသနာအတွက် ရင်လေးဖွယ် သတင်းပါ။

Unknown said...

မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဒီမိုကရေစီနှင့်ထပ်တူတသားထဲရှိသည့် လူ့အခွင့်အရေးဆိုင်ရာ လူတစ်ဦးချင်းဆီ၏ လွတ်လပ်စွာ (တပါးသူကို နစ်နာမှု မရှိပဲ)ပြောဆို၊ နေထိုင်၊ ကိုးကွယ်ခွင့်ဟူသော လူ့ဘောင်လော ကအတွင်းရှိ အပ်သည့်များကို ကြိုးစားဖော်ဆောင်နေလျက်ရှိပါသည်။ ထိုကဲ့သို့သောအချိန် မျိုးတွင် ယခုကဲ့သို့ လူ့အခွင့်ချိုးဖောက်သည့် လုပ်ရပ်များကို မြန်မာနိုင်ငံ၏ အထင်ကရအဖြစ် အားထားရသော သံဃာ့ မဟာနာယက(မဟန)အဖွဲ့ ဆရာတော်များက ပြုလုပ်နေကြသည် မှာ နိုင်ငံတကာအလယ်တွင် အရှက်ရစရာကောင်းသောလုပ်ရပ်ဖြစ်နေ သည်ဟု ရှုမြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုလို ကိုယ့်ယူဆ ချက်နှင့်မတူညီတိုင်း အဓမ္မဟု စွပ်စွဲအပြစ်တင်ခြင်း၊ အဓမ္မဆန်စွာ ကိုယ် ယုံကြည်ရာကို အတင်းစွန့်လွှတ်ခိုင်းခြင်းများကို နိုင်ငံနှင့်အဝှမ်းတွင် ပြု လုပ်နေသည်ကို ကြားသိ၊ မြင်တွေ့နေရသောကြောင့်ဖြစ်သည်။ ယခုလည်း သတင်းဖော်ပြချက်တွင်ပါရှိသည့် ပစ္စုပ္ပာန်ကမ္မဝါဒဗုဒ္ဓဘာသာ အားခံယူသူများနှင့် တကွ၊ ထိုဝါဒကို ထူထောင်သူ ဓမ္မာဝိဟာရီခေါ် ရှင်ညာဏမှာလည်း ထေရဝါဒဗုဒ္ဓဘာသာလက်အောက်မှာ အပြီးတိုင်နှုတ် ထွက်ပြီး ထေရဝါဒဗုဒ္ဓဘာသာကိုလည်း စွန့်လွတ်ပြီးဖြစ်သည်ဟု သိရပါသည်။ ထိုသို့ဆိုလျှင် အထက်မှာ ပါရှိသည့်အတိုင်းဆိုပါက ဗဗုဒ္ဓဘာသာလက်အောက်ခံ ဝါဒကွဲများဖြစ်သော မဟာယန၊ ဇင်၊ တိဘက်လာမာ...စသည့်ဂိုဏ်းကွဲများကိုပါ အဓမ္မအဖြစ်ကြေညာခိုင်းပြီး ငါတို့ကမှန်တာမို့ မင်းတို့အယူအဆ၊ အတွေးအခေါ်တွေဟာ အလကားပဲ..။ အဲဒါတွေကို မစွန့်လွှတ်ပဲ ယုံကြည်ကိုးကွယ်နေသရွေ့ အရေးယူဆောင်ရွက်ပြီး ဖမ်းဆီးထောင်ချတာတွေ၊ လက်မှတ်ထိုးခိုင်းပြီး အနိုင်ကျင့်တာတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့လူမှုစည်းကမ်းကို ချိုးဖောက်ဖျက်ဆီးရာရောက်နေပါသည်ဟုလည်း ယူဆမိပါသည်။ သို့ဖြစ်သည့်အတွက်...မြန်မာနိုင်ငံသမ္မတကြီးနှင့်တကွ..သက်ဆိုင် ရာပုဂ္ဂိုလ်များကလည်း ထိုကဲ့သို့ ဒီမိုကရေစီနှင့်ဆန့်ကျင်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးဆောင်ရွက်ပေးသင့်ပါကြောင်း သုံးသပ်မိပါသည်။

A chit said...

ဓမ္မစက် အာဏာစက် ဆိုတာ ရှိပါသည်။ မိမိနိုင်ငံက အများစု ၉၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုးကွယ်ကြပါသည်။ အစိုးရမင်းများလည်း ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အတွက် ဓမ္မစက်ဖြင့် မရလျှင် အာဏာစက်ကူရပါသည်။ ဤ အစဉ်အလာမှ မပြောင်းလဲပါ။ ဒီမိုကရေစီဖြစ်လို့ အဓမ္မ၀ါဒကို မကိုးကွယ်သင့်ပါ။ ကိုးကွယ်သူသာ နစ်နာမည်ဖြစ်ပါသည်။

moelhone said...

ဘာတွေလဲကွာ...။အချိန်ကုန်တယ်...။ဘာရည်ရွယ်ချက်ကြောင့် တိုက်ခိုက်နေတာလဲ..။အဖျက်မှောင့်တွေများတယ်...။နုနယ်တဲ့ ကလေးတွေ...လမ်းမှားရောက်အောင် ဝါဒဖြန့်နေတာလား ..။ စိုက်ဝါး...ပရော်ပါဂန်းနား ကိုတော့ အန်တို..ဖင်မွေးဖြူနေပြီ... မိတ်ဆွေ...။ငါ တို့ငယ်စဉ် ၈၈ တုန်း က ဒါမျိုး ကြုံ ခဲ့ဘူးပြီ..။ နိုင်ငံ နဲ့ပြည်သူ ကို ချစ်တယ်..လေးစားတယ် ဆိုရင် ..ဆက်မလုပ်ပါနဲ့တော့...။

Myanmar said...

သစ်ထူးလွင်ေ၇ မင်းလဲ ဒီတစ်ချက်တော့ မြန်မာပြည်ကို ဖျက်ဆီးသူဖြစ်သွားပြီပေါ့။ ဘာသာေ၇းနဲ့ပတ်သတ်၇င် သတိထားပါ။ ဒီသတင်းကို မင်းတင်ပေးတာ ဘက်မလိုက်ဘဲတင်ပေးတာလဲဖြစ်နိုင်ပေမယ့် သာသနာပျက်စီး၇ာပျက်စီးကြောင်းအားပေး၇ာေ၇ာက်သွားတယ်ဆိုတာ မင်းသိသင့်တယ်။

ူlay said...

မြန်မာနိုင်ငံသူ/သား များ အားလုံးကိုဘာသာတရားနှင့်ပတ်သက်သောဗဟုသုတများရရှိရန်
ဝိုင်းဝန်းကျိုးပန်းကြပါရန်...ပြောဆိုတိုင်းမယုံကြည်ရန်..မသိလျှင်နားမလည်လျှင်..ဆရာတော်များအားမေးလျောက်ကြပါရန်
အလွယ်လမ်း လိုက်သူပေါများရျွ်..အထူးသတိပြုကြပါရန် တင်ပြပါသည်...

Anonymous said...

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲသော်လည်းကောင်း၊ မိမိ ကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။


အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်၊ လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်းပါဝင်သည်။

ရာဇသံ said...

မွတ်ဆလင်တွေကဒုက္ခပေးနေရတဲ့ကြားထဲ ဒီသာသနာတွင်းအဖျက်တွေကတမှောင့်။အသက်ကဖြင့်သေတော့မယ် အခုချိန်အထိ နာမည်ကြီးချင်နေတုန်းပဲ။လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ဆိုတာ ဗုဒ္ဓဘာသာ ခရစ်ယာန် ဟိန္ဒူ မွတ်ဆလင် နတ် နဂါး ကြိုက်တာရွေးပြီး ကိုးကွယ်ခွင့်ရှိတယ်လို့ဆိုလိုတယ်။ဗုဒ္ဓဘာသာကို ပျက်စီးအောင် ဘုရားဟောတွေကို ဟ်ုဟာမှားတယ် ဒီဟာမှန်တယ် လိုတိုးပိုလျှော့ လုပ်ပြီးကိုးကွယ်ဖို့ ဆိုလိုတာမဟုတ်ဘူး။ ဘုရားဟောတွေကို ပြင်တယ်ဆိုတာ ဂေါတမမြတ်စွာဘုရားကို အမှားမရှိသိမြင်တော်မူသော သဗ္ပေညုတဥာဏ်တော်ရှင် ဘုရားအစစ်မဟုတ်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ မဟာယန အပါအဝင် ဗုဒ္ဓဘာသာကို လိုတိုးပိုလျှော့လုပ်ထားတဲ့ အခြားသော ဘာသာတွေဟာ ဗုဒ္ဓဘာသာကို ပျက်စီးစေဖို့ ရည်ရွယ်ချက်နဲ့ အတွင်းဝင်ပူးသတ်တဲ့နည်းနဲ့လုပ်ဆောင်နေကြတာပါ။ သာသနာပျက်စီးမယ့်အကြောင်းရင်းတွေထဲမှာ အဲဒီနည်းကလည်း ထိပ်ဆုံးကပါတယ် ဆိုတာ ဘုရားဟောတွေထဲမှာ တွေ့ရပါတယ်။ ကိုယ်ယုံကြည်ရာ ယူဆ ကိုးကွယ်ချင်တယ်ဆိုရင်လည်း ရှိပြီးသားဘာသာတွေထဲက ကြိုက်တာကိုကိုးကွယ်။ဒါမှမဟုတ်ရင်လည်း ဘာသာအသစ်တခု သီးသန့်ထွင်ပြီး ဗုဒ္ဓဘာသာနဲ့ လာမရောပဲ ဘုရားအသစ်သီးသန့်ထွင်ပြီးတော့ ကိုးကွယ်ကြ။ဗုဒ္ဓဘုရားကို ဘုရားဟောတာတွေကို မယုံကြည်တဲ့လူတွေ ဗုဒ္ဓဘာသာအမည်တပ်ပြီး ပေါက်ကရမလုပ်ကြပါနဲ့။ဘုရားဟောတာတွေကိုမယုံကြည်တဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေလို့ မခေါ်ထိုက်သလို ဘယ်တော့မှလည်း ဗုဒ္ဓဘာသာဝင် ဖြစ်လာမှာမဟုတ်ပါဘူး။ ယနေ့မြန်မာပြည်ဗုဒ္ဓဘာသာအခြေအနေဟာ တကယ်တမ်းကြတော့ အကျဘက်ကိုရောက်နေတာပါ။ ဘုရားဟောအစစ်အမှန်တွေ ရှိနေပေမယ့်လည်း ဗုဒ္ဓဘာသာဝင်ပါလို့ပြောတဲ့လူတော်တော်များများက ဘုရားဟောမဟုတ်တဲ့ကိစ္စတွေကို ဘုရားဟောလို့ထင်မှတ်ပြီး ပြုလုပ်နေကြလို့ပါ။

Unknown said...

ထေရဝါဒဗုဒ္ဓဘာသာသည်သာအားလုံးအတွက်ကိုးကွယ်
ရာသာဖြစ်ပါသည်။မောင်လေးညီမလေးများလူငယ်မောင်
မယ်များ ဘုရားရှင်၏ တရား ဓမ္မများကို လေ့လာလိုက်စားပြီး
လူတော်များဖြစ်အောင် ကြိုးစားကြပါ။

မောင်ငွေ said...

ကံဖန်လို့ နမ်ပေါ်၊ နမ်ပေါ်လို့ ရုပ်လိုက်လုပ်..ဆိုတဲ့စကားလိုဘဲ၊ သည်ပုဂ္ဂိုလ်မှာလည်း ထေရ၀ါဒကနေရုံးထွက်ပြီး ...၀ါဒကို ပြောင်းတယ်ဆိုတော့ သူ့ကံအတွက် သူ့နာမ်က ပေါ်လာပေးတာကိုး၊ သူကောင်းတယ်ထင်လို့လုပ်ပေသည့် ထေရ၀ါဒကိုစွန့်တယ်ဆိုတဲ့အတွက်တော့ ဂရုဏာသက်မိပါရဲ့...။

aung san lin said...

အင်း အရည်းကြီးခောတ်ပေါ်ထွက်လာအောင် ဦးညာဏ ကတည်ထောင်လိုက်ပြီပေါ့ အမည်ကိုက ညာ ဆိုတဲ့ စကးလုံးကပါနေတယ်နော် အော် အသူရာ ခြောက်ကဗား ငရဲအိုးထဲ ဂျိုးကပ်ချင်ကြပါလားနော်

aungkokoko8@gmail.com said...

ထမီိပြာဂိုဏ်းနဲ့အော်မေ့ဂိုဏ်းတော့ရှိပါတယ် ခေတ်မှီ မိုးပြာဂိုဏ်းတော့မကြားဖူးပါခြင်္သေ့ဂိုဏ်းလက်အောက်ကလာတာထင်တယ်ခြင်္သေ့ဂိုဏ်းရဲ့အနာဂါတ်သိပ်မကောင်းတော့မိုးပြာပေါက်စတွေမြေတောင်မြောက်ပေးတာလားသိုင်းကျမ်းရထားတာလားမြေအောက်လောကသားချင်းဆိုတော့သိုင်းကျမ်းဆိုဝါသနာပါလို့ပါပညာချင်း ယှဉ်ကြည့်ရအောင်.တော်ရုံအတွင်းအာနဲ့တက်မလာနဲ့ဟာသွားမယ်

Unknown said...

မိုးပြာဂိုဏ်း၏၀ါဒသည် သီးခြားရပ်တည်ထားသောဝါဒတစ်ခုမဟုတ်ပဲ ထေရ၀ါဒ၏တရားများအား ဖျက်ဆီးထားသောဝါဒဖြစ်သည့်အတွက် လွတ်လပ်စွာကိုးကွယ်ခွင့် တွင်အကြုံးမ၀င်ပါ။ ဒီမိုကရေစီစနစ်မှာလူ့အခွင့်အရေးကိုကိုယ်စားပြုသော်လည်း သူတပါး၏စီးပွားဥစာ၊ ဘာသာ၊သာသနာကို စော်ကားဖျက်ဆီးလျှင်လူ့အခွင့်အရေးကိုချိုးဖေါက်ကာအကျိုးဖျက်ဆီးသောရာဇ၀တ်မှုသာဖြစ်ပါသည်။

ထိုကွန်မဲန့်အား ထောက်ခံပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာကို ပျက်စီးအောင် ဖျက်ဆီးနေကြခြင်းသာ ဖြစ်ပါသည်။ လူအခွင့်အရေးဟူသည်
ကိုယ့်လွတ်လပ်မှုအတွက် တစ်ပါးသူအား မထိခိုက်စေသင့်ပါ။ မြတ်ဘုရား၏
တရားတော်များကို ပြောင်းပြန်ပြန်လုပ်တာကိုတော့ နိုင်ငံတော်အစိုးရမင်းများနှင့် ပြည်သူအများ ကာကွယ်ကြပါ။ ဘာသာရေးသွေး အေးမနေကြပါနှင့်။

thu said...

သူမယုံကြည်တာ သူလုပ်ပိုင်ခွင့် တစ်ခုပါ။ဘုရားရှင်လက်ထက်ကတည်းက ဘုရား၏၀ါဒကို မယုံကြည်သူများစွာ ရှိခဲ့ပါသည်။ထိုအတွက် ဘုရားက သူ့ဓမ္မကိုလက်ခံဖို့ pressure ပေးခဲ့ဖူးခြင်းစိုးစဉ်းမျှ မရှိပါ။ထိုကြောင့် ယခုပြသနာတွင်လည်း အဓမ္မလုပ်ဆောင်ဖို့ မသင့်ပါ။ ကိုယ်ယုံကြည်ရာကိုသာ ပိုပြီးစည်ပင်ပြန့်ပွားလာအောင်သာ လုပ်ဆောင်သင့်သည်ဟု ထင်မြင်ယူဆမိပါသည်။

M Peace said...

ဗုဒ္ဓဟောခဲ့တဲ့တရားတွေအပေါ်မှာ ပြန်လည်ဖွင့်ဆိုပုံ မတူညီကြတာကို အကြောင်းပြုပြီး မဟာယာန၊ ထေရ၀ါဒ၊ ဇင်ဗုဒ္ဓဘာသာ၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု ကွဲပြားလာကြတာပါ၊ မူလဘုရားဟောပါဠိတော်အပေါ်မှာ ထေရ၀ါဒက ပရမတ္တသစ္စာ အမြင်ဖြင့်ဖွင့်ဆိုပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (မိုးပြာ)က အရိယသစ္စာအမြင်ဖြင့် ဖွင့်ဆိုတာကြောင့်
ထေရ၀ါဒနှင့်ဖွင့်ဆိုပုံ ကြွဲပားသော သီးခြားဗုဒ္ဓဘာသာအယူဝါဒသာလျှင်ဖြစ်တယ်လို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (မိုးပြာ) website
http://ariyathitsa.org စာမျက်နှာတွင် ဖော်ပြထားပါတယ်။

ဗုဒ္ဓဘုရားဟော ပါဠိတော်များကို ထေရ၀ါဒတစ်ခုတည်းမှ အပိုင်သိမ်းပိုက်ထားလို့မသင့်ပါလို့ မြင်ပါတယ်။ ဒါ့ကြောင့် ထေရ၀ါဒသည် ထေရ၀ါဒအတွင်း ယုံကြည်သူများအပေါ်သာ လက်အောက်ခံအနေဖြင့် ကျင့်သုံးသင့်တာပါ။
ထေရ၀ါဒမှအပ သီးခြားရပ်တည်နေသော တခြားအယူဝါဒများကို လက်အောက်ခံအဖြစ် မကျင့်သုံးသင့်ပါ။

Unknown said...

သရုပ်ဆောင်မင်းသားရဲ့တိုက် တခြားဘာသာကနေ ထေရ၀ါဒဗုဒ္ဓဘာသာကို ကူးပြောင်းလာတာကိုတော့ ၀ိုင်းသြဘာပေးလိုက်ကြတဲ့ ထေရ၀ါဒီတွေ၊ အခုလဲ ထေရ၀ါဒကနေ တခြားဗုဒ္ဓဘာသာအယူဝါဒကွဲ ဖြစ်တဲ့ ဘာသာကိုပြောင်းကြတာ ဘာဆန်းလဲ၊ သဘောထားကြီးမှတော့ အခုတော့ ထေရ၀ါဒကနေ စွန့်တာနဲ့ပဲ ဖမ်းဟယ်ဆီးဟယ်လုပ်ချင်နေကြတာ တော်တော်သဘောထားကြီးကြတာပဲ။
ပါတီစုံဒီမိုကရေစီခေတ်မှာ ပါတီတစ်ခုကနေ နောက်ပါတီတစ်ခုကို ပြောင်းတာမဆန်းသလို ဒီမိုကရေစီခေတ်မှာလဲ ဘာသာအယူဝါဒတစ်ခုကနေ နောက်အယူဝါဒကွဲဘာသာကိုပြောင်းတာ ဒါလူ့အခွင့်အရေးပဲလေ။

ဘာသာသာာနာညိုးနွမ်းတယ်ဆိုတာ ထေရ၀ါဒဘာသာတစ်ခုတည်းအတွက်ပဲဆိုရင်တော့ ဒါ မမျှတတာပဲ။

သာသာနာရေးဝန်ကြီးဌာနက နိုင်ငံသားတိုင်း ကိုးကွယ်ယုံကြည်တဲ့ အခုပစ္စုပ္ပန်ကမ္မ၀ါဒအပါအ၀င် ဘာသာအားလုံးကို မညိုးနွမ်းရအောင် ဆောင်ရွက်ပေးမှ မျှတမှာပါ။

ယခု သာသနာရေးဝန်ကြီးဌာနလုပ်ဆောင်ချက်သည် ထေရ၀ါဒကလွဲရင် ကျန်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒအပါအ၀င် ဘာသာအားလုံး ညိုးနွမ်းချင်ညိုးနွမ်းကြဆိုတဲ့ သဘောမျိုးဆိုရင်တော့ ဒါ အဂတိလိုက်စားမှုပဲလို့ ပြောရမှာပါပဲ။

ထေရ၀ါဒကို ကာကွယ်ပေးဖို့လိုသလို ပစ္စုပ္ပန်ကမ္မ၀ါဒအပါအ၀င် ကျန်တဲ့ ဘာသာအားလုံးကို ကိုးကွယ်ယုံကြည်သူများကိုပါ ကာကွယ်ပေးဖို့လိုပါတယ်။

ကိုယ်ပဲ အသာစီးရလိုတဲ့ ဒီမိုကရေစီဆိုရင်တော့ တို့လူမျိုးတွေဟာ အာဏာရှင်စနစ်နဲ့ပဲ ထိုက်တန်တယ်။ ဒီမိုကရေစီစနစ်အမှန်နဲ့ မတန်သေးဘူးလို့ ပြောရမှာပဲ။ ဒါ့ကြောင့်ဒီမိုကရေစီလမ်းကြောင်းမှာ ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် ဒါမျိုးတွေ တွေ့ရမှာပဲ။ သဘောထားကြီးနိုင်အောင်၊ ခံနိုင်ရည်ရှိရှိလေ့ကျင့်ထားကြဖို့လိုမယ်ထင်ပါတယ်။

အခု သစ်ထူးလွင်က ဘာသာရေးသတင်းကို ထေရ၀ါဒီအစွဲတွေ ဒီမိုကရေစီလမ်းမှန် ခံနိုင်ရည်ရှိနိုင်ကြအောင် သတင်းဆိုက်ပီပီ ဖော်ပြပေးလိုက်တာကို ကြိုဆိုပါတယ်။

Unknown said...

နိုင်ငံတော် သံဃနာယက ဆရာတော်ကြီးများဘုရား သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စေရန် အတွက် တစ်ချို့သော သံဃာများ မာတုဂါမများနှင့် တိတ်တိတ်ပုန်း နေကြသည်များကိုလဲ ဖြေရှင်းပေးစေချင်ပါတယ်ဘုရား။တစ်ချို့ ကိုယ်တော်တွေ သူရာမေရိယ ကြပါတယ်။တစ်ချို့ကိုယ်တော်တွေ ကာရာအိုကေ ကြပါတယ်။တစ်ချို့တွေ အခြောက်များနှင့်တောင် ပက်သက်နေကြပါတယ်။ ဒါလေးတွေကိုလဲ ရှင်းပေးစေချင်ပါတယ်ဘုရား။ ထေရ၀ါဒ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ နေလိုလလို ထွန်းလင်းတောက်ပပါစေ။

Unknown said...

မိုးပြာအဖွဲ့ အမြန်ပျက်

Unknown said...

ကိုသစ်ထူးလွင် ခင် ဗျာ ကျွန်တော် တစ်ခုလောက် တောင်းဆို ချင် ပါတယ် အကို့ကို သတင်းအမှန်တွေကို နေ့စဉ်နှင့် အမျှ ကျိုးစားစွာ တင်ပေးတဲ့အတွက် အရမ်းလည်း လေးစား ကျေးဇူးလည်း အထူးတင် မိပါတယ်...အကိုလည်း ဗုဓ္ဒဘာသာ မြန်မာ လူမျိုး တစ်ယောက် ဖြစ်လိမ့် မယ်လို့ ကျွန်တော် ထင် ပါတယ်ကျွန်တော် ကိုယ်တိုင် က ဗုဓ္ဒဘာသာ မြန်မာ လူမျိုးတစ်ယောက် ဖြစ်နေလို့ ဒီလို စကားမျိုး ပြောတာ မဟုတ်ပါဘူး ဘယ်ဘာသာ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် မိမိ ကိုးကွယ် တဲ့ ဘာသာကို ထိခိုက် လာပြီ ဆိုရင် ဘယ်သူမှ မိမိ ဘာသာကိုထိခိုက်အောင် လုပ်တဲ့သူကို ဒီအတိုင်း ကြည့်မ နေပါဘူး အနဲနဲ့ အများတော့ ပြန်ပြီး ကာကွယ်ဖို့ စိတ်ဓာတ်တော့ ဘာသာတိုင်း လိုလိုမှာ ရှိကြပါတယ် ကျွန်တော်တို့ ဘာသာမှ မဟုတ်ပါဘူး...အခုလို အကို တင် လိုက်တဲ့ သတင်းကြောင့် ကျွန်တော်တို့ ကိုးကွယ်နေတဲ့ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားရတဲ့ သံဃာတော် အရှင် သူမြတ်တွေကို အခြား ဘာသာတွေရဲ့ အမြင် မှာ ပုတ်ခတ် စရာတွေ ဖြစ်ကုန်ပြီ ...ရှေ့ ဆက်ပြီး ဒီလို သတင်းမျိုး ကို ဘယ်တော့မှ မတင်ပေး ပါနဲ့ လို့ ကျွန်တော် အနူးအညွတ် တောင်းပန် ပါတယ် ခင် ဗျာ...သတင်းကို ဝင်ရောက် ကြည့် ရှုကြ သော ဘာသာ ပေါင်းစုံမှ ညီအစ်ကို မောင် နှမ အားလုံးတို့လည်း ခင် ဗျာ ဒီကိစ္စဟာ ကျွန်တော်တို့ ဘာသာရဲ့ ရှေးရေး ဖြစ်နေတဲ့အတွက် တစ်စုံတစ် ရာ ငြင်းခုံမှု မရှိပဲ မိမိ ဘာသာ ကဲ့သို့ နားလည်ပေးကြပါရန် အားလုံးကို မေတ္တာရပ်ခံ တောင်းပန် အပ်ပါသည် ခင် ဗျာ.........

Unknown said...

ဘာသာ ပေါင်းစုံ လူမျိုး ပေါင်းစုံမှ ညီအစ်ကို မောင် နှမ အ ပေါင်းတို့ အကယ် ၍ ဤ(ဦးညာဏ)ဆိုသူသည် သင် တို့ ဘာသာ သာသနာကို နှောင့်ယှက် နေမည် ဆိုလျှင် သင် တို့ရော ထိုသူ ကို မည်သို့ တုန့် ပြန် မည်နည်း???ဤ အ ကြောင်း အရာ သည် ကျွန်တော်တို့ ဘာသာ၏ ရှေ့ရေး ဖြစ်နေသည့် အတွက် ဆက်လက်၍ တစ်ဦး နှင့် တစ်ဦး ငြင်းခုန် ရှုမ့်ချ မှု များ မပြုလုပ်ပေးကြပါရန် ဤနေရာ လေးမှ နေ၍ အားလုံးရဲ့ ကိုယ်စား ကျွန်တော် တောင်းပန် အပ်ပါသည် ခင် ဗျာ.......

Unknown said...

မိုးပြာဂိုဏ်းသည်ထေရဗုဒ္ဓဘာသာဝင်များအား

စိတ်မချမ်းမြေ့အောင်ဖြစ်စေမှု

ထေရဗုဒ္ဓဘာသာကိုတိုက်ခိုက်မှု

မြန်မာ့လူ့ဘောင်ယဉ်ကျေးမှုကိုဖျက်ဆီးမှု

တွေကြောင့်ဗုဒ္ဓဘာသာဝင်အားလုံးက

ကန့်ကွက်ပွဲများလက်မှတ်ထိုးပွဲများလုပ်ပြီး

ဗဟိုသံဃာ့နာယကအဖွဲ့ကိုပေးပို့မယ်

မင်းတို့သတိထားနေပေတော့

သာသနာကိုဖျက်ဆီးတဲ့အကောင်တွေ

Theodo said...

မိုးပြာဂိုဏ်းအကြောင်းသိချင်ရင် www.mandalay gazette.com မှာရှာဖတ်ကြည့်ပါ။ဒီမိုကရေစီတွေ လူ.အခွင့်အရေးတွေနဲ.ဘာသာရေးကိုလိုက်မတိုင်းစမ်းပါနဲ.။အဲဒါဆိုရင်မင်းတို.လဲဟိုခွေးမျိုးရိုဟင်ဂျာတွေနဲ.တစ်လေသံတည်းဖြစ်သွားမှာပေါ့။မိုးပြာဂိုဏ်းအကြောင်းဘယ်လောက်နားလည်လို.ဒီမိုကရေစီတို. လူ.အခွင့်အရေးတို.ဆိုတဲ့စကားလုံးတွေလာသုံးနေရတာလဲ????

Min Lu said...

မဟာယန ကဲ့သို့သော အယူဝါဒများမှာ၊ မြန်မာနိုင်ငံတွင်လက်ခံကျင့်သုံးခြင်းမရှိပါ။ ရေမြေခြားကာ ၀ိနည်း ၊ ဟန်ပန် ၊ အမူအကျင့် ကွဲပြားမှုမှတပါး ၊ ရွတ်ဖတ်မှုနှင့် သမထအကျင့် စသည်တို့ကိုထေရ၀ါဒကဲ့သို့ပင် အားထုတ် ပေသည်။ မိုးပြာတို့တွင် ထေရ၀ါဒ၏ မဂင်ရှစ်ပါးကဲ့သို့သောအခေါ်အဝေါ်များကိုပုံတူကူးချခေါ်ဝေါ်သော်ငြား၊အာနာပါနရှုမှတ်မှုကိုပင်တရားမဟုတ်ဟုဆိုသောကြောင့် အိမ်ထောင်သားမွေးခွင့်ရှိသောမဟာယနရဟန်းအဆင့်မဆိုထားနှင့် သာမာန်တရားရှုမှတ်မှုနေ့စဉ်ပြုနေသောလူတစ်ဦးလောက်ပင် လောကုတရာတရားမရှိပါ။ ၄င်းတို့ကျင့်သုံးသောမဂင်ရှစ်ပါးသည်သာမာန်လူတို့နေ့စဉ်စောင့်ထိမ်းအပ်သော လောကီတရားမျှသာဖြစ်၏။ထိုအသိမျှဖြင့် မြတ်စွာဘုရားအပေါ်ဝေဖန်ခြင်းလဲပြုရဲကြ၏။ ထိုမျှလောက်အကျင့်ဖြင့် ဗုဒဘာသာအမည်မခံထိုက်ပါ။ ဘာသာတစ်ခုအနေဖြင့်အသိနည်းသူများအားမစည်းရုံးသင့်ပါ။ ဦးဥာဏအားလွတ်လပ်စွာကိုးကွယ်လိုပါက မိမိတို့ဘာသာမိမိတို့ နိုင်ငံအသစ်တစ်ခုရှာကာသီးခြားနိုင်ငံ၊သီးခြားဘာသာထူထောင်နိုင်ပါသည်။မြန်မာနိုင်ငံတွင်အေးချမ်းစွာတရားအားထုတ်နေသောသံဃာတော်များအားအနှောက်အယှက်ပေးကာအယူဝါဒပြိုင်မည့်အစားငါးတန်းနှင့်ပြိုင်ဘယ်သူနိုင် အစီအစဉ်တွင်ဦးစွာဝင်ရောက်ယှဉ်ပြိုင်ကြည့်စေလိုပါသည်။

Min Lu said...

နိုင်ငံတော်ရဲ့လွတ်လပ်စွာကိုးကွယ်ခွင့်ဥပဒေကိုပြန်လည်
ရေးဆွဲသင့်ပါပြီ။ဒီဥပဒေဟာဘာသာခြားတွေအတွက်လက်နက်တခုလိုဖြစ်နေတာကြာပါပြီ။ Nay Min ရဲ့စကားကိုထောက်ခံပါတယ်။ ထေရ၀ါဒကိုကျင့်သုံးတဲ့နိုင်ငံအနေဖြင့် ကမာတွင်မြန်မာနိုင်ငံပြီးပါက ထိုင်းနိုင်ငံ၊သီရိလက်ာ နိုင်ငံတို့သာရှိပါသည်။ ထေရ၀ါဒကိုစောင့်ရှောက်သောဥပဒေတစ်ခုကို လွှတ်တော်တွင် အမြန်ဆုံး ပြဌာန်းပေးပါရန်လေးစားစွာတောင်းဆိုအပ်ပါသည်။

Unknown said...

တို့ဘာသာမှာ ဒါဟာ တိတ္ထိဘဲ ဗုဒ္ဓဘာသာမှာ ဒီအယူမျိုးမရှိဘူး ဝိုင်းဝန်းထိန်းသိမ်း
အရေးယူသင့်တယ်

sansangyeeboy said...

မိုးပြာဂိုဏ်းဆိုတာကို ကြားဘူးတာတော့ အတော်ကြာပါပြီ ဒီဥာဏဆိုတဲ့ သာသနာဖျက်က အရင်က ရဟန်းဝတ်ပါတယ် အဲဒီမှာ သူ့ကိုယ်သူ အရိယာဆိုပြီး တရားတွေဟောတယ် သံဃနာယက ကလူထွက်ခိုင်းရတယ်၊ နောက်တစ်ခါ လဲ သာသနာကို အကြည်အညိုပျက်အောင် လုပ်ဆောင်မှု၊ လိမ်လည်မှုတွေနဲ့ ထောင်လဲကျသေးတယ်တဲ့၊ အခုဒီမိုးပြာဂိုဏ်း ကပြောတဲ့စကားတွေ ရေးထားတဲ့စာတွေကို ဖတ်ပြီး ကြည်ညိုနေကြတဲ့သူတွေကို သိစေချင်ပါတယ် ဗုဒ`ဓရဲ့ဝါဒက တွေးခေါ်ရုံနဲ့ မလုံလောက်ဘူး လက်တွေ့ကျင့်ကြံနိုင်မှ သာလျှင် အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်မယ်၊ စဉ်းစားရုံ တွေးခေါ်ရုံဆိုရင် တွေးတဲ့သူ စဉ်းစားတဲ့သူရဲ့ ဥာဏ်အဆင့်အတန်းလောက်ပဲ သိနိုင်မယ် အဲဒါ မှန်တယ်လို့ အတပ်မပြောနိုင်ဘူး ဒီတော့ ဘုရားဟောတဲ့တရားတွေကို သေချာလေ့လာပြီးတော့ ကျင့်ကြံကြည့်ပါ ပြီးတော့မှ ဘယ်အရာက အမှန်လဲ ယုံကြည်ကိုးကွယ်သင့်လဲ ဆုံးဖြတ်ကြပါ

Unknown said...

အရှင်ဝီရသူ ကအကုန်မိန့်သွားတော့ပြောစရာမကျန်တော့ဘူး။ လူ့အခွင့်အရေးဗန်းပြပြီးထောက်ခံတဲ့သူတွေကတော့ ကြာကူလီတွေပဲ။ ဘာလို့လဲဆိုတော့ မိုးပြာကကြာကူလီတရားပောာကောင်းတာကိုး။

ချမ်းငြိမ်း said...

ရုပ်ဝါဒီ စွပ်စွဲချက်တွေနဲ့ ရုပ်ဝါဒကြောက်ဝက်ရူးပြန်ရောဂါသည်တွေ ဗိုလ်နေ၀င်းရဲ့ မဆလ လွတ်တော်ကပြဌါန်းထားတဲ့ ဘာသာရေး ယောင်ဆောင်ထားတဲ့ စစ်ဝါဒီတည်မြဲရေးထောက်တိုင် ဥပဒေတွေကို ဘုရားဟောထင်နေတဲ့သူတွေ နိုင်ငံတော်သူခိုးအဖွဲ့က မုန်လာဥဘွဲ့အမှီးတွေကို ခွေးရူးတွေလို သရေ ကျနေတဲ့ ဘုန်းကြီးယောင်ဆောင်ထားတဲ့ တဏှာရူးတွေက (ဓမ္မ၀ိဟာရီ အရှင်ဉာဏ နဲ့ တပည့်တွေကို )ကို ဖမ်းဆီးထောင်ချနိုင် ပေမယ့် ယုံကြည်ချက်ကိုတော့ ဖြိုဖျက်နိုင်မှာမဟုတ်ပါဘူး။ လွပ်လပ်စွာ သက်ဝင်ယုံကြည်မှုကို တသွေး တသံ တမိန့် အောက်က စစ်ဝါဒီထောက်တိုင် ဘာသာရေးစီရင်ထုံးတွေက ဘယ်တော့မှ အနိုင်မရစေရဘူး။ သူတပါးကို အပုတ်ချပြီး မိမိကိုယ်ကိုကိုယ် ထင်ပေါ်အောင်လုပ်တဲ့ ကျပ်မပြည့်တဲ့ အတွေးအမြင်တွေ ခေတ်ကုန်နေပြီ။ ဘာလဲ ထေရ၀ါဒ အကျဉ်းထောင်နဲ့ တရားရုံးဟာ ထေရ၀ါဒီအစွန်းရောက်တွေရဲ့ အမှန်တရားကို အသေသတ်ချင်တဲ့ လက်နက်လား။

yayitt said...

ဘာသာရေးအရဆိုရင်တော့ မိုးပြာကိုမဖမ်းသင့်ပါဘူး လူမှုရေးပြစ်မှုတွေကျူးလွန်ရင်တော့ဖမ်းသင့်ပါတယ် မည်သူမဆိုလွပ်လပ်စွာ ယုံကြည်ခွင့် ကိုးကွယ်ခွင့် ဟောပြောခွင့် ဖြန့်ချီခွင့်ရှိသင့်ပါတယ်.ကိုယ့်ခြံထဲကလူ ကိုယ်ထိန်းရမှာပါ မြန်မာပြည်မှာသံဃာ၅သိန်းခန့်ရှိတယ်လို့ကြားဖူးပါတယ် (မရှိရင်တောင် ၂သိန်းလောက်တော့ အောက်ထစ်ရှိမှာပါ) မိုးပြာက လူငါးထောင်တောင်မပြည့်ပါဘူး ..တရားကိုတရားနဲ့ဓားကိုဓားနဲ့ ပဲတိုက်သင့်ပါတယ် ..ဗုဒ္ဓဟာ များပြားပီးမျိုးစုံတဲ့ အယူဝါဒတွေကြားမှာထွန်းတောက်လာတာပါ အယူကိုအယူနဲ့ပဲအောင်မြင်ခဲ့ပါတယ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးဖို့ ဖိအားမပေးခဲ့ အမိန့်မပေးခဲ့ပါဘူး..အယူကိုအယူနဲ့ ငြိမ်းချမ်းစွာ ချေမှုန်းနိုင်ပါစေ သာသနာပြုတယ်ဆိုတာ နှလုံးရည်တိုက်ပွဲပါပဲ (အကျဉ်ထောင်တွေဟာလည်း ပြစ်ဒါဏ် ကျခံရတဲ့နေရာဆိုတာထက်ပိုလေးနက်သင့်ပါတယ် ပြုပြင်ထိန်းကျောင်းရာ ကျောင်းတော်ကြီးတွေဖြစ်သင့်ပါတယ် ) ဖမ်းဆီးပီးအယူဝါဒတစ်ခုကိုနှိပ်ကွပ်ပလိုက်တယ်ဆိုတာ အဲဒီအယူဝါဒ မှားယွင်းကြောင်းပီးပြည့်စုံတဲ့ဖော်ပြမှုမဟုတ်သလို စွန့်လွှတ်ကြောင်းဝန်ခံချက်လဲမဟုတ် စာရွက်ပေါ်က လက်မှတ်ဟာ ခံယူချက် ချုပ်ခြိမ်းသွားခြင်းမဟုတ်..တရစပ်ဖမ်းဆီးခြင်းဖြင့် ဟောပြောသူမရှိ ချုပ်ငြိမ်းသွားပီဆိုရာ၌ ပကတိ ချုပ်ခြိမ်းသွားခြင်းပီးဆုံးသွားခြင်းမျိုးမဟုတ်ပဲ တရားလက်လွတ်ပြုမူသောကြောင့် ချုပ်ငြိမ်းသွားရခြင်းသဘောကိုသာဆောင်၍ အမဲစက်ထင် တိုက်ဖျက်ခြင်းမျိုးသာဖြစ် တိုက်ဖျက်သင့်တယ်ဆိုလျှင်တောင် တရားမျှတစစ်မှန်သောအဖြူထည်တိုက်ဖျက်ခြင်းမျိုးမဟုတ်

Unknown said...

ဆိုကရေးတီး တုန်းကတော့သူအယူဝါဒအတွက် အဆိပ်သောက်သေသွားခဲ့ရရှာတယ်။ သေပြီးနောက်ကာလအတန်ကြာမှပဲ အမှန်တွေဖြစ်နေတယ်လို့လက်ခံလာကြတယ်တဲ့။ အခုလည်း အရှင်ဥာဏက ဒုတိယ ဆိုကရေးတီးများဖြစ်နေတာလား၊ အဆိပ်တော့သောက်မသေရသေးဘူးနဲ့တူပါတယ်၊ထောင်ထဲမှာထင်တယ်။

Unknown said...

အခုက အဲဒီမိုးပြာဂိုဏ်းဝင် တော်တော်များများ ရှိတယ်လို့
သတင်းကြားရပါတယ်။ဦးဥာဏကလည်းသူက ဗုဒ္ဓကို
ဘုရားအတုပေါ့လေ။ညောင်ပင်ကို နွယ်တက်
သလို အတွင်းကနေလှိုက်စားကတော့ မသင့်ဘူးပေါ့ဗျာ။ကွန်မန့်
ဝင်ရေးကြတဲက မိုးပြာဂိုဏ်းသားတွေကိုလည်း တွေ့မိပါရဲ့။
ဒီတရုတ်ဘုန်းကြီးအယောင် ကြောင်တောင်တောင် အင်္ကျီနဲ့လူ
ကို ကိုးကွယ်ကြသကိုး။ ဘုရားရဲ့သင်္ကန်းဝတ်ရုံကို ချွတ်ပြီး
ဗုဒ္ဓအမည်နာမကိုတော့ တပ်ရဲသေးတယ်..ဝေဖန်ရဲသေးတယ်။
ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရဝါဒနှင့်လုံးဝဆန့်ကျင်သော
အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်…..

၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

(၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။

၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘ၀လည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။

၎) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘ၀မဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထ၀ီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက် ယုတ္တိမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။

၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘ၀၊ နောက်ဘ၀ကိုတော့ မတွေးရဘူး။ ရှေးဘ၀၊ နောက်ဘ၀ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။

၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

၁၂) လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘ၀တစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘ၀သံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘ၀တစ်ခုသာ ရှိသည်။

၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။

၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တ၀ါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

၁၆) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

၁၇) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

၁၈) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။ ။

အကျယ်ကိုသိချင်လျှင် http://www.winkyi.net/2011/04/blog-post_16.html မှာသွားကြည့်တော်မူကြပါဗျို့။ ။

ဓမ္မအရှင် said...

Nyan Tun Aung ရေ ။ ၀ီရသူဆိုတဲ့ သူက အစွန်းရောက်ထေရ၀ါဒီပဲ၊ အဲဒီလို အစွန်းရောက်ထေရ၀ါဒီတွေကြောင့် ဗုဒ္ဓဘာသာကို ကမ္ဘာက အကြမ်းဖက်ဝါဒလို့ ထင်ကုန်ကြတော့မှာပဲ။ အခုလဲ ဗီဇအတိုင်း မိုက်ကယ်ဆန်ဆန် အစွန်းရောက်ပြောဆိုနေတာပဲ၊ ဗုဒ္ဓက သူ့ဟောခဲ့တဲ့ တရားတွေကို ထေရ၀ါဒကပဲ ပိုင်တယ်လို့ အမွေပေးခဲ့တာမှမဟုတ်တာ၊ ဒီခေတ်မှာ ၀ါဒစွဲဆိုတာတွေဟာ အလွန်ကို ကျဉ်းမြောင်းတဲ့ သဘောထားသေးသိမ်မှုတွေပါပဲ၊
လူ့အတွက် အသုံးတည့်ရင် ယူသုံးပေါ့။ မတည့်ရင် မသုံးနဲ့ပေါ့။
ဘယ်ဟာ ဗုဒ္ဓဟောနဲ့ ထပ်တူကြပါတယ်လို့ ပြောရအောင် ပြောတဲ့ သူက ဘုရားမို့လားလို့ မေးရမယ်။ ကိုယ်ထင်ရာတွေ ဖွင့်ဆို ဟောပြော၊ ရေးသားနေကြတာပါပဲ။ အဲဒါကို ကိုယ်ဖွင့်ဆိုတာမှ အမှန်၊ ကျန်တာတွေ အမှားဆိုရင်တော့ ဒါ သဘောထားသေးသိမ် အစွန်းရောက်နေတာပဲ။

Powered by Blogger.