သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်)

ဒီကနေ့ သမ္မတကြီးကိုလာကြိုတဲ့ လူတွေကို မေးကြည့်တော့ သမ္မတကြီးကို မသိဘူးလို့ ရေးထားတာကို တော်တော် မကျေနပ်ကျလို့ အသံဖိုင်လေးတင်ပေးလိုက်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

ဒီလို တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတကြီးကို မလိမ်သင့်ပါဘူး ခေတ်အဆက်ဆက် ဒီလို For Show တွေလုပ်ပြီး သတင်းအမှားတွေပေးခဲ့ကျလို့ ခေါင်းဆောင်တွေဆုံးဖြတ်ချက် မှားခဲ့တာတွေ တပုံကြီးပါ။

ခင်ဗျားတို့ ဗျာ သမ္မတကြီး  အတွက် ၁၀ မိနစ်ပဲ အချိန်ပေးလိုက် အမိန့် နဲ့ ခေါ်စရာမလိုဘူး ဒါထက်လူပိုများလာလိမ့်မယ် ဒါလေးပဲရှင်းပြလိုက် သမ္မတကြီးက နိုင်ငံခြားကိုသွားပြီး မြန်မာပြည်မှာ စက်ရုံတွေလာဖွင့်ဖို မြန်မာနိုင်ငံသားတွေကိကူညီဖို့  မြန်မာပြည်က ထွက်တဲ့ကုန်ပစ္စည်းတွေဝယ် ဖို့ နိုင်ငံခြားမှာသွားပြောတာ ။

သမ္မတကြီး နိုင်ငံခြားကို ဘာသွားလုပ်တယ်ဆိုတာလေးပဲ ရှင်းပြလိုက် ဒါကြောင့် ဒို့ သမ္မတကြီးကို သွားကြိုကျမယ်။

ဟော့လိုက် ကျမလားသာပြော ဒီထက်လူ ၃ ဆများသွားလိမ်မယ် အခုကတော့ အသင်းတစ်သင်းလူ ၅၀ ကားပေါ်တက် လေဆိပ်သွားမယ် ဒီဆိုင်းဘုတ် လေးကိုင် ဒါမျိုးတွေဆိုတော့ အကုန်လုံးပေါ်ကုန်ရော စိတ်ချပါ နောက်နောင် အဲဒီလို For Show တွေကိုဆက် လက်ဖွင့်ချပါအုံးမယ်။

Aung Thu Ra (Facebook)

ယနေ့ (အောက်တိုဘာ ၁ရက်) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများကိုတွေ့ရစဉ်။
ကြိုဆိုရန်အတွက် ပြည်သူတစ်ထောင်ကျော်သည် ဗီနိုင်းများ၊ ရုပ်ပုံများ၊ အလံငယ်များကိုင်ဆောင်လျှက် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို - 7Day News Journal

သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်) သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်) Reviewed by သစ်ထူးလွင် on 22:28 Rating: 5

53 comments:

Unknown said...

တော်လှန်ရေးကောင်စီ လက်ထက်က ဦးနေဝင်းကို ဗိုလ်ချုပ်ကြီး။ နအဖ လက်ထက်မှာ ဦးသန်ရွှေကို နိုင်ငံတော်အကြီးအကဲ။ အခုလာပြန်ပြီ ဦးသိန်းစိန်ကို သမ္မတကြီး။ တို့မြန်မာတွေသမိုင်းကို သင်္ခန်းစာ မယူနိုင်ကြဘူး။ အရင်းစစ်တော့ အားလုံးဟာ စစ်အာဏာရှင်တွေပဲ မဟုတ်လား။ လက်တွေ့ကိုပဲကြည့်။
တို့နိုင်ငံမှာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲတွေကိုတောင်
ဘာမှနားမလည်တဲ့ စစ်တပ်ကလူတွေကို ခန့်နေတုန်း။
ရင်မောရပါလားကွယ်။

Anonymous said...

တစ်အိမ်တစ်ယောက်ခေတ်က
မကုန်နိုင်သေးဘူးလား။
ဖွတ်မွဲတွေ။

pyonelae said...

အင်တာဗျူးခံရတယ်ဆိုတည်းက ကလေးမလေးကစိတ်လှုပ်ရှားနေမှာပါသူအသက်၁၈နှစ် ယူနီဗာဆယ်စက်ရုံကလို့ပဲဖြေတာပဲကြားတယ်ဗျူးတဲ့သူကချည်းဦးဆောင်ပြောသွားတာလေ

KGZW Ngapyawtaw said...

ကြိုဆိုရေးစည်းရုံးသူတွေရဲ့ အားနည်းချက်တစ်ခုဖြစ်မှာပါ။
အများအတွက်ကောင်းအောင် လုပ်ပေးနိုင်ရင်လုပ်ပေးချင်ပါတယ်ဆိုတဲ့သူတွေအများကြီးရှိနိုင်ပါတယ်။
စိတ်ကူးထဲကမဟုတ်ပဲလက်တွေ့ဆောင်ရွက်နေသူတွေကိုအသိအမှတ်ပြုပေးဖို့လည်းလိုအပ်ပါတယ်။

naylin88 said...

ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့ လက်ရှိ ခေါင်းဆောင် ကို တောင် မသိဘူး ဆိုတာ အိမ်မှာအတူနေတဲ့ အမေ့ နံမည် မသိ လို့ပါလို့ ပြောနေသလိုမျိုး ပဲ ထင်ပါ့။

shine said...

တပ်ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်ကြည့်ကြပါဦး ကိုကောင်းနိုင်တို့ရေ။ စီမံခန့်ခွဲမှုကပိုအရေးကြီးပါတယ်။ပညာရှင်တွေနဲ့ပေါင်းစပ်ပြီးတော့ပေါ့ဗျာ။ ဘေးထိုင်ဘုပြောကတော့ တိုင်းပြည်အတွက်အကျိုးမရှိနိုင်ပါ။

shine said...

တပ်ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်ကြည့်ကြပါဦး ကိုကောင်းနိုင်တို့ရေ။ စီမံခန့်ခွဲမှုကပိုအရေးကြီးပါတယ်။ပညာရှင်တွေနဲ့ပေါင်းစပ်ပြီးတော့ပေါ့ဗျာ။ ဘေးထိုင်ဘုပြောကတော့ တိုင်းပြည်အတွက်အကျိုးမရှိနိုင်ပါ။

yan yan said...

အပြုသဘောဆောင်ပြီး ကူညီကြပါ နိုင်ငံကိုထပ်မွဲအောင် မလုပ်ကြပါနဲ့။မိမိမစွမ်းဆောင်နိုင်ရင် ဘေးထွက်လို့ရပ်နေပါ။ကျေးဇူးတင်ပါမည်။

yan yan said...

အပြုသဘောဆောင်ပြီး ကူညီကြပါ နိုင်ငံကိုထပ်မွဲအောင် မလုပ်ကြပါနဲ့။မိမိမစွမ်းဆောင်နိုင်ရင် ဘေးထွက်လို့ရပ်နေပါ။ကျေးဇူးတင်ပါမည်။

luck said...

သမ္မတကြီးကိုတောင်မသိဘူးဆိုတော့လည်း ညီမကအလုပ်ထဲမှာပဲစိတ်နှစ်ထားတယ်ထင်တယ်.. ဘာပဲဖြစ်ဖြစ်ပါ.. စိတ်ရင်းနဲ့လာကြိုတဲ့ပြည်သူတွေ လဲရှိမှာပါ...(တာဝန်အရလာကြိုတဲ့သူတွေလည်းရှိမှာပါ) အပြုသဘောဆောင်ကြပါ

luck said...

အင်တာဗျူးတဲ့သူကလည်း မြန်မာနိုင်ငံသားတစ်ယောက်ကို သမ္မတကိုသိလား လို့မေးတာကလည်း ကြိုတင်မေးခွန်းများဖြစ်နေမလားလို့...

မိုးကြိုး မုန်တိုင်း said...

မနေ့က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း မြန်မာပြည်သားတွေနဲ့တွေ့တုန်းကပြောတဲ့စကား
အရင်ခေတ်အရင် စနစ်တုန်းက ပုံရိပ်တွေ....
မပြောင်းသေးဘူးဗျိုးးးးးးးးး

Justicelovermyanmar said...

ဗျူးတဲ့သူကချည်း ဦးဆောင်ဖြေသွားတာတော့ မဟုတ်ပါဘူး၊ အစကတည်းက ခေါ်လို့လိုက်လာရတာလို့ သူပြောနေတာပဲ၊ သေချာတာကတော့ ဘာမှန်းညာမှန်းမသိပဲ လိုက်လာခဲ့ရတာပါ။ ကျွန်တော်လည်း သမ္မတကြီးကိုထောက်ခံသူထဲမှာ ပါ ပါတယ်။ ယခုအချိန်မှာ သမ္မတကြီးကို ထောက်ခံသူတွေ
မြန်မာပြည်မှာရော၊ နိုင်ငံတကာမှာပါ အများကြီးပါ၊ အားနည်းချက်တွေရှိနေသေးပေမည့် ရိုးသားတာတွေ သူ့စေတနာတွေကိုတော့ ကျွန်တော်တို့အားလုံး အသိအမှတ်ပြုကြပါတယ်။
ဒါပေမယ့် အခုလို ဦးသိန်းစိန်ကို ဦးနေဝင်းလို၊ ဦးသန်းရွှေတို့လို ဝိုင်းလုပ်တာကတော့ မလုပ်ကောင်းပါဘူး။

Unknown said...

အဆိုးမြင်သူကတော့ဘာပဲလုပ်အဆိုးပဲမြင်နေမှာပဲကျတော်လဲမေးတဲ့သူရဲ့အသံပဲကြားတယ်တမင်တကာလုပ်ထားတာပါ

kowakyi said...

လုပ်ကြံမှုတွေပါနေတာကတော့ အာဏာရှင်ရဲ့အငွေ့သက်တွေက ကျန်နေတယ်ဆိုတာ လက်တွေ့ပြသလိုက်တယ်လို့ ထင်မြင်မိပါတယ်

ladyjune33 said...

ဟုတ်ပါ့တော်။အတူနေ ကိုယ့်မိဘ ဘယ်သူဆိုတာ မသိတဲ့သူကလည်း ရှိသေးသကို။

aunglwin said...

သမ္မတကြီးကို သိစေချင်ရင် မြန်မာ့အသံနှင့် ဆက်စပ်ရုပ်သံလိုင်းတွေမှာ Breaking news တွေများများလွှင့်ပေးပေါ့၊ ကိုးရီးယား၊ တရုတ်ဇာတ်လမ်းတွဲတွေနေရာမှာလေ။

Unknown said...

သမ္မတကြီးကို စိတ်ရင်းမှန်နဲ့ တကယ်ချစ်မြတ်နိုးတဲ့သူတွေလဲရှိပါတယ်.... အရင်ကမကောင်းတဲ့သူတွေလဲ ကုန်သင့်သလောက်ကုန်သွားပါပြီ...ခုလက်ရှိမှာ ဒီလိုမကောင်းမြင်နေမဲ့အစား...ကိုယ့်တိုင်းပြည်တိုးတက်အောင်နိုင်ငံသား အားလုံး လက်တွဲရှေ့ဆက်ကြတာအကောင်းဆုံးပါပဲ...

Unknown said...

ကျွန်မလည်း အလုပ်တက်နေရလို့ ဒီမို့ဆိုရင် ဦးသိန်းစိန်ကိုသွားကြိုမှာပါ။
ဒီလိုစိတ်ဓါတ်နဲ့သွားကြိုတဲ့သူလည်းရှိမှာပါ။ ကျွန်မကတော့ဦးသိန်းစိန်အတွက် ဆုမွန်ကောင်းတောင်းနေဆဲပါ။

aristhteinwin said...

အမေးနဲ့ အဖြေက ရှင်းနေတာဘဲ- မေးသူက ဦးဆောင်သွားတာမဟုတ်ပါဘူး။ မသိလို့ မသိဘူးပြောတယ်။ ခွင်သမားတွေက သမတကြီးကို မျက်နှာလုပ်ဘို့ ဘာမှ မသိတဲ့ စက်ရုံ အလုပ်သမကို ခေါ်သွားတာဘဲ- သမတကြီးက အဲဒါတွေ သာယာနေမယ်ဆို သွားပြီ-နောက်ပြီး ဒေါ်စုနားမှာလဲ အမေစု အမေစု နဲ့  ကပ်ချွဲ နှပ်ချွဲ ချွဲပြီး အခွင့်အရေးယူမည့်သူတွေကလဲ ဒုနဲ့ ဒေးဗျ။ ဒေါ်စုလဲ အမေစု အမေစု လို့ ခေါ်တဲ့ အသံတွေကြား မနစ်မျောပါစေနဲ့ ဆုတောင်းလိုက်ပါ၏။

Unknown said...

အသက်(၁၈)နှစ်ပဲရှိသေးတဲ့ကောင်မလေးကို အခုလိုသွားမေးတာဟာ ဒါမရိုးသားဘူးလို့ပြောရပါလိပ့်မယ် ဒီမေးတဲ့လူဟာဦးသိန်းစိန်ကိုမကြိုက်တဲ့လူတစုလို့ထင်ပါတယ်။ တကယ်ဆိုရင်သူမေးသင့်တဲ့လူက မြန်မာနိုင်ငံဖွင့်ဖြိုးတိုးတက်တာကိုလိုလားနေတဲ့ လူများကိုသွားမေးသင့်တယ် ဒါမှသာလျှင်ဦးသိန်းစိန်သည် မြန်မာနိုငံအတွက်နိုင်ငံခြားကိုသွားပြီး ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို တိတိကျကျရှင်းပြပါလိပ့်မယ်။ မောင်ကြံ့ဖွတ်တို့လည်း ပါတီရှူံးလို့ ဦးသိန်းစိန်ကိုမနာလိုမဖြစ်ကြနဲ့အုံး မြန်မာနိုင်ငံကြီးဖွင့်ဖြိုးဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကို ဂေါင်းထဲနဲနဲထဲ့ကြအုံး ငါတို့ပါတီအနိုင်ရမှပဲဆိုပြီးစဉ်စားမနေကြနဲ့ ဖွတ်တဲ့မဲ့ဦးနောက်တွေရဲ့ တဖက်တလမ်းကကူညီကြဟုတ်ပြီလား။။။။။။။။။။။

chomarmyathaung said...

လာကြိုသူအများကြီးထဲမှာ ဒီကလေးမလေး၁ယောက်ထဲ ဘုမသိဘမသိလာကြိုတယ်လို့ သတင်းယူရုံနဲ့ သမတကြီးကို ၀ိုင်းလိမ်တယ်လို့ post တခုတင်လိုက်တာကို အံ့သြ မိကြောင်းပါ။ သိက္ခာရှိစွာ အရာရာကို အခြေအနေအရပ်ရပ် ကသုံးသပ်သင့်ပီ.... ပညာ၊ သတိ၊ သိက္ခာ ရှိစေချင်ပါသည်။
မိမိကိုယ်တိုင်မလုပ်နိုင်သော်လည်း တိုင်းကျိုး ပြည်ကျိုးတိုးတက်ဖို့ လုပ်ဆောင်နေသူအားလုံးကို လေးစားတန်ဖို့ထားစေချင်ပါသည်။

ချိုမာညွန့်

zmw said...

ကလေးမလေးက ရိုးရိုးသားသား ဖြေတာပါ၊ မေးတဲ့ သူကသာ.....

Ko Nyi Htwe said...

ဟား ဟား ဟား အော်ရီချင်လိုက်တာ...ဘယ်သူတွေဘယ်လိုပြောပြော သမ္မတဦးသိန်းစိန်ကို အမေရိကန်သမ္မတနှင့် ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးထားပြီးသားမို့ ဘယ်သူတွေဘယ်လိုသိက္ခာချချသူက ဂရုစိုက်မှာမဟုတ် ဘူးထင်တယ်.. ပြီးတော့ ခေါင်းဆောင်ကောင်းတွေဟာ ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ စတဲ့လောကဓံတရားတွေမှာ မမွေ့လျော်သူတွေဖြစ်တာကြောင့် သူ့ကို ကျွန်ုပ်တို့ ရင်ထဲမှာ အမြဲအမှတ်ရနေမှာပါ.. ဟိုကောင်းမကလေးကတော့ မသိဘူးဆိုတာ ဟုတ်ချင်ရင်လည်းဟုတ်မှာပါ..လေ..ကျွန်တော်တောင် ရန်ကုန်မှာဆိုတစ်ကျွန်တော်တို့တစ်မိသားစုလုံး သွားကြိုဖြစ်မှာသေချာတယ်..

khant naing kyaw said...

အစိုးရ သိက္ခာကျ ရင်ပြီးရော ဘာပဲလုပ်ရ လုပ်ရ ဆိုတဲ့

လူတွေ တော်ပါတော့ဗျာ။

ကျူပ်တို့ ပြည်သူ တွေ မှာ ခင်ဗျား တို့ ခတ်ထားတဲ့

အဆိပ်တွေကြောင့် တဖက်နဲ့ တဖက် ကို တော်တော်

လေး အဆိုးမြင် နေ ကျပါ ပြီ ။ ဒီထက်ပိုပြီး မလုပ်ကျပါ နဲ့ တော့ ။

khant naing kyaw said...

အစိုးရ သိက္ခာ ကျရင် ပြီးရော ဘာပဲရေးရ လုပ်ရ ဆိုတဲ့

လူတွေ တော်ပါ တော့ ဗျာ ။ ကျုပ်တို့ ပြည်သူ တွေ မှာခင်

ဗျားတို့ အဆိပ်ခတ်တာနဲ့ တော်တော် လေး တဖက်နဲ့ တဖက်

ကိုအမြင် စောင်းနေပါပြီ ။ ကျေးဇူးပြု ပြီး တော်ပါတော့။

Unknown said...


လူတွေလည်း တော်တော်ခက်တာပဲ ခုလိုအချိန်မျိုးမှာတောင် ဝင်ဝင်ပြီး ဖျက်ချင်နေကြတယ်...တိုင်းပြည်က ခုမှ နလန်ထဖို့ ပြင်ဆင်နေတာပါ မိမိတို့တိုင်းပြည်ကြီးကို တကယ်ချစ်မြတ်နိုးရင် အရာရာကို အပြုသဘောလေး ဆောင်ကြစေချင်ပါတယ်...။

Unknown said...


ဒီလို အချိန်မျိုးမှာ အဖျက်သဘောဆောင်တဲ့ စိတ်ဓါတ်မျိုးတွေကို စွန့်ပစ်သင့်ပါပြီ...တိုင်းပြည်က ခုမှ နလန်ထဖို့ကြိုးစားနေတာပါ မိမိတို့တိုင်းပြည်ကြီးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် အပြုသဘောဆောင်တဲ့ စိတ်ဓါတ်လေးတွေ များများမွေးဖို့ လိုအပ်ပါတယ်...။

ဖိုးဖိုးကြီး said...

မိတ်ဆွေအပေါင်းတို့ခင်ဗျား-----ကျွန်တော်ငယ်စဉ်အချိန်(၁၈)နှစ်သားအ
သက်အရွယ်အချိန်တုန်းကဆိုရင် ကျောင်းသွား/ကျောင်းပြန်၊မိဘအလုပ်ဝိုင်းကူညီလုပ်ပေးခြင်း၊အားလပ်ချိန်မှာမိသားစုရုပ်ရှင်ကြည့်၊စာဖတ်ဒါတွေဟာနေ့စဉ်အလုပ်လိုဖြစ်နေတော့ဒို့တိုင်းပြည်ကခေါင်းဆောင်တွေဘယ်သူအုပ်ချုပ်နေသလဲဆိုတာနံမည်တော့သိတယ်။လူကိုတော့မမြင်ဖူးကြပါဘူး။ယခင်ဦးနေ
ဝင်းအုပ်ချုပ်စဉ်ကာလမှာတုန်းကရုံးတွေအားလုံးလိုလိုဗိုလ်ချုပ်အောင်ဆန်း
ပုံနှင့်ဦးနေဝင်းပုံတို့ကိုချိပ်ဆွဲထားတယ်လို့ထိုအချိန်ကသိရှိရပါတယ်။ ယခုက
သမ္မတကြီးဦးသိန်းစိန်၏ဓါတ်ပုံများကိုလဲချိပ်ဆွဲသင့်ပါတယ်။ပြည်သူတိုင်းကမိမိနိုင်ငံအုပ်ချုပ်သူခွေင်းဆောင်တွေ/အစိုးရအဖွဲ့ဝင်တွေကိုမသိသူများပါတယ်။
ကျွန်တော်ဆိုလိုတာက..နိုင်ငံသားတိုင်းနေ့စဉ်ထမင်းစားရဖို့အရေး-ရုံးကန်
လှုပ်ရှားပြီးဝမ်းစာရှာစားနေရသူများဖြစ်တဲ့အတွက်၊နိုင်ငံကိုမည်သူဘဲအုပ်ချုပ်
နေပါစေ..မိသားစုစားဝတ်နေရေးသာအဓိကဖြစ်တဲ့အတွက်ဒါတွေကိုလိုက်
ကြည့်ပြီးဘယ်သူမှမှတ်မထားပါဘူး။နိုင်ငံရေးသမားတွေ/စီးပွားရေးသမားများ၊လူကုန်တန်အသိုင်းအဝိုင်းများကသာနိုင်ငံတော်အုပ်ချုပ်သူများကိုသိနေကြပါ
တယ်။အောက်ခြေနှင့်လူလတ်တန်းစားတွေထဲမှာသိသူရှိသလို/မသိသူတွေလဲ
အများကြီးရှိကြပါတယ်။ယခုသတင်းမှာလည်း ဘာမှမသိနားမလည်သေးတဲ့
စက်ရုံအလုပ်သမကိုသွားမေးတဲ့မီဒီယာသမားဟာစဉ်းစားတတ်မှာပါ။လာကြို
ဆိုတယ်ဆိုတာကလည်းသိမှလာကြိုရတာမဟုတ်ပါဘူး။လူကြီးများ၏စီစဉ်မှု့
ဖြင့်လာကြိုရသည်ကိုမည်သူ့ကိုမှအပြစ်ပြောလိုကမရပါဘူး။မြင်သမျှအားလုံး
ကိုလျှောက်ပြီးကောက်ချက်ချပြောစတမ်းဆိုရင်-သေသွားသည့်တိုင်အောင်
ပြောမဆုံးပါဘူး။ ဒါကြောင့် ထင်ယောင်ထင်မှားဖြစ်အောင်-ကိုယ်ထင်ရာကို
တွေးပြီးမပြောသင့်/မဝေဖန်သင့်ဟုထင်မြင်ယူ

Thetta said...

အိန်ဒရာကျော်ဇင်တို့ အေးမြတ်သူတို့ကတော့ သမတကြီးကို မသိမရှိပါဘူး။ သူတို့ ကတော့ လိုလိုလားလားနဲ့ လာကြိုကြတာပါ။ ကျွန်တော်တို့လည်း ကြိုချင်ပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ အလှမ်းဝေးနေလို့ပါ။ အခု အင်တာဗျူးခံ ရတဲ့ကောင်မလေး အပါအ၀င် နိုင်ငံအကြောင်းစိတ်မ၀င်စားတဲ့သူ တွေက အခုမှ မဟုတ်အရင်ခေတ် နိုင်ငံတော်ကို အုပ်ချုပ်သွားကြတဲ့ ဦးနေ၀င်းတို့ ဦးသန်းရွှေတို့ ကိုလည်းမသိလောက် ပါဘူး။ နောက်ပြီးသူဗျူးတာ ဒီတယောက်တည်း မဖြစ်နိုင်ပါဘူး။ ဗျူးသူကသူအဓိကလိုချင်တာ အခုလို ဘာသိဘာသာနေတတ်တဲ့ သူကိုဗျူးချင်တာပါ။ အခြားသူဗျူးထားတာတွေရှိ ကောင်းရှိနိုင်ပါတယ်။ ဒီတယောက်တည်းကိုကြည့် ပြီးတော့ အများစုကသမတကို မကြိုချင်ပဲကြို ကြတယ်လို့တော့ မထင်သင့်ပါဘူး။ လူတော်တော်များများက သမတကိုထောက်ခံကြတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းသိပါတယ်။

kk said...

ထစ်ခနဲ့ရှိ ဆဒ္န ပြမယ် ဆိုတဲ့စက်ရုံဝန်ထမ်းတွေက ဘယ်ကိုသွားမယ်ဆိုတာ မသိပဲနဲ့ငြိမ်ပြီးလိုက်မယ်မထင်ဘူးဗျာ
ပြီးတော့ သမ္မတ ကြီးကို သွားကြိုမယ်ဆိုတဲ့ ကိစ္စအတွက်တော့ ပိုတောင် မဖြစ်နိုင်သေးတယ်
ဒီ အသံဖိုင် ကြီး က အတုကြီး ပဲ ဖြစ်မယ်။
တစ်ယောက် ယောက် က သမ္မတကြီး ကို ဂုဏ်ငြိုးအောင် လုပ်တာပဲဖြစ်မှာပါ။
ခွေးလေးခုန်လို့ ဖုန် မထပါဘူး....

Unknown said...

သမတကြီးကိုတော့ထောက်ခံပါတယ်။ဒါပေမဲ့ မသိနားမလယ်တဲ့ပြည်သူတွေကိုအသုံးချနေတဲ့သူတွေကိုတော့ရှုံ့ချတယ်။

ratkhunswe said...

ဘာပဲဖြစ်ဖြစ် သမ္မတကြီးက တကယ်ပဲ ပွင့်လင်းလာတာတော့ အမှန်ပဲ။ တိုးတက်လာတာလဲ အားလုံးအသိပါ။ နိုင်ငံတကာကလည်း ထောက်ခံလာတာပဲ ။ဘယ်သူမဆို ကောင်းတာလုပ်ရင် ချီးကျုးနိုင်တတ်ကြပါစေ ။

Unknown said...

ကောင်းနိုင်နဲ့ ၁၀၉ ၁၁၀ များ ဘာမှ လုပ်ပေးနိုင် တာလဲ မဟုတ်ဘဲနဲ့ ဘေးကနေ ဟောင် နေတာ ကိုယ်ဘာလဲသိဖို့ ကောင်းတယ်

MYO MYINT said...

စစ်အာဏာရှင်ဆိုတဲ့စကားနဲ့အာဏာရှင်ဆိုတဲ့စကားဘာကွာပါသလဲ၊အာဏာရှိတဲ့သူကအာဏာသုံးတာကိုအာဏာမရှိတဲ့သူကအာဏာရှင်လို့သုံးမှာဘဲ၊သူ့မှာမှမရှိတာကိုး၊တိုင်းပြည်အတွက်အခုလမ်းခင်းပေးခဲ့တာအဲဒီစစ်အာဏာရှင်ဆိုသူတွေဘဲမဟုတ်လား၊ထောင်ထဲကလူတွေအပြင်ရောက်ပြီးနိုင်ငံရေးလောကထဲသိက္ခာရှိရှိဝင်နိုင်အောင်လမ်းဖွင့်ပေးတာအဲဒီစစ်အာဏာရှင်တွေဘဲမဟုတ်လား၊မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖေါက်လိုသူတွေကတော့ခေတ်အဆက်ဆက်ရှိနေဦးမှာဘဲ၊အခုလည်းကလေးမလေးကရိုးရိုးသားသားဖြေသွားတာဘဲ၊သမ္မတကြီးကသူ့အမျိုးမှမဟုတ်တာသိလားဆိုတော့မသိဘူးဖြေမှာပေါ့၊စက်ရုံကပို့လို့လာတယ်ဆိုတာကလည်းအမှန်ဘဲလေ၊သူတို့လုပ်ခမပျက်ဘူးအပြင်သွားရမယ်ဆိုရင်လိုက်ချင်တဲ့သူကြီးဘဲပေါ့၊ဘာဘာညာညာစဉ်းစားနေမှာမဟုတ်ဘူး၊ဒါပေမဲ့အခုလုပ်တာကဒေါ်စုကိုကြိုသလိုနိုင်ငံရေးပါတီကလူတွေလုပ်တာမဟုတ်ဘူး၊သာမန်ပြည်သူစီးပွားရေးလုပ်ငန်းရှင်တွေကစီစဉ်တာဆိုတော့အချိုးမကျတာတော့ရှိမှာပေါ့၊သူတို့ရဲ့စေတနာကိုအသိအမှတ်ပြုရင်ဘယ်သူကကြိုတယ်ဆိုတာအရေးမကြီးတော့ပါဘူး။

Patriot said...

ဖတ်ရတာ ရှုပ်နေတာပဲ ဘာရေးရမှန်းတောင်မသိတော့ဘူး
တစ်ခုပဲ ပြောချင်တယ် လေဆိပ်ဓါတ်ပုံမှာ ငဖား ဦးဝင်းအောင်ကို ကပ်လျက်တွေ့ရတယ်။
တော်တော်ကြီးပွားနေတာ မနာလိုဘူး။
ဒီလိုကောင် အကပ်ခံထားတာမို့ သမတ ကို အယုံအကြည် နည်းနည်းလာရခြင်း တစ်ခုပါ
မြန်မာ သမတ အသိုင်းအ၀ိုင်းက ဒါလားဗျာ

Unknown said...

အဆိုးမြင်သူကတော့ဘာပဲလုပ်အဆိုးပဲမြင်နေမှာပဲ...အပြုသဘောဆောင်ပြီး ကူညီကြပါ....တပ်ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင် ကြည့်ပါ.....ဘေးထိုင်ဘုပြောကတော့ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါ။ စိတ်ကူးထဲကမဟုတ်ပဲလက်တွေ့ဆောင်ရွက်နေ သူတွေကိုအသိအမှတ်ပြုပေးဖို့လည်းလိုအပ်ပါတယ်။

Unknown said...

ဒေါ်စု ကိုတော့ ဘယ်သူမှမခေါ်ရဘဲနဲ့ လူတွေက ကိုယ့်စိတ်နဲ့ကိုယ် လာကြိုကြတယ်..
ဦးသိန်းစိန် ကိုကြိုတာတော့ ကြံ့ဖွတ် တွေက အရင်တုန်းကအတိုင်း တစ်အိမ် တစ်ယောက်စနစ် နဲ့စီစဉ်တာ ဖြစ်မှာပါ...
မလုပ်သင့်ပါဘူး.. တကယ်စိတ်ရင်းနဲ့ လာရောက်ကြိုဆိုမှုမျိုးဖြစ်အောင် ကြိုးစားသင့်ပြီး ... ပြည်သူကတကယ်ယုံကြည်လာအောင် ကြိုးစားသင့်ပါတယ်

moon mdy said...

ကျမတို့နိုင်ငံမှာမိန်းခလေးတွေအများစုက(ငယ်ရွယ်သူတွေ)ဘာမှလဲမသိဘူး လေ့လာလိုက်စားမူ့လဲမရှိကြဘူးလေ။ပညာရေးလိုအပ်ချက် ဘယ်လောက်မြင့်မားတယ်ဆိုတာပြလိုက်တာပဲ။

Nanda said...

" To error is human.
But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့်
ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။

Anonymous said...

လူ ထု က လဲ အ ခု လက် ရှိ မှာ သ မ္မ တ ကြီး ကို ထောက် ခံ ကြ ပါ တယ် နေ ရာ တ ကာ လိုက် ပြီး ဆီ လို အ ပေါ က် ရှာ အ ပြစ် ပြော နေ လို့ လဲ အ ကျိုး မ ရှိ ပါ ဘူ့း့ ဘယ် သူ့ ကို မှ အ တင်း အ ဓ္ဓ မ ကြို ခိုင် စ ရာ မ လို ပါ ဘူး သ မ္မ တ ကြီး ကို အ များ က လေး စား ပြီး သား ပါ

Maymyochit said...

လမ်းတလျှောက်လုံးသမ္မတကြီးကိုကြိုဆိုပါတယ် ဂုဏ်ပြုပါတယ်ဆိုတဲ့စာတန်းတွေနဲ့ 
ဓါတ်ပုံကြီးတွေကိုင်ထားကြတာကိုမသိဘူးဆိုတော့အဲဒီအမျိုးသမီးကိုစာဖတ်တတ်အောင်
သင်ပေးလိုက်ကြပါရှင်။

Unknown said...

မှန်မှန်ကန်ကန်ဘဲဖြစ်စေချင်ပါတယ်

mya said...

တကယ် ဘုမသိဘမသိလာကြိုတဲ့သူတွေ ရှိနိုင်ပါတယ် လုပ်ကြံပီးဗျူးထားတာတော့မဟုတ်ပါဘူး အတွေအကြုံအရပြောရရင် တကယ်ရှိပါတယ်-ခေါ်တဲ့လူကလဲ အပျော်သဘော လာကြဟေ့ သွားကြမယ် လုပ်ကြတာဘဲဖြစ်မှာပါ

Unknown said...

လေ့လာမှုအားနဲ့လို့လည်း မြန်မာနိုင်ငံမှာ မိန်းမတွေ အရာမ၀င်တာ

Unknown said...

မကောင်းမြင်တဲ့သူကတော့ဘယ်သူဘာပဲလုပ်လုပ်မကောင်းမြင်ကြမှာပါပဲ။တိုင်းပြည်တိုးတက်ဖို့တစ်စိုက်မတ်မတ်လုပ်ဆောင်နေတဲ့ကျွန်တော်တို့ရဲ့သမ္မတကြီးကိုအပုပ်ချချင်တဲ့သူပဲလို့ထင်မိပါတယ်ကိုကောင်းနိုင်ရေ။ကောင်းနိုင်ဆိုတဲ့နာမည်အတိုင်းနည်းနည်းလေးတော့အကောင်းမြင်ပေးဖို့တောင်းဆိုပါတယ်။နိုင်ငံတောင်သမ္မဟာအခုချိန်မှာတော့တစ်နိုင်ငံလုံးကလက်ခံထားတဲ့အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်နေပါပြီ။ကျွန်တော်တို့နိုင်ငံရဲ့ဒုတိယမြောက်ဗိုလ်ချုပ်အောင်ဆန်းပါပဲ။သူ့နောက်မှာကမ္ဘာ့ခေါင်းဆောင်တွေနဲ့ပြည်သူတစ်ရပ်လုံးရှိနေတယ်ဆိုတာကိုကောင်းနိုင်တစ်ယောက်သိစေချင်ပါတယ်။

Unknown said...

မိမိ သဘေါ မပါ ဘဲ လုပ်ဆေါင်ရတါဘါနဲ.အကျုံးဝင်ပါသလဲ
အဲဒီနေရာကိုသွားပြောကြပေါ.ကွာ

Thar Kyaw @Taunggyi said...

ဒီလောက်ဗဟုသုတနည်းတာ ဒီနေ့ကစပြီးအိမ်ထဲ နေသင့်တယ်။ တရုတ်မယား လုပ်ဖို့စည်းရုံးတဲ့သူတွေ သူကိုတွေ့သွားနိုင်တယ်

Anonymous said...

နိုင်ငံတခုကို အုပ်ချုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ သူများတွေလို ပါးစပ်ကနေတော့.. ဟိုလိုဖြစ်အောင် ဟိုလိုလမ်းစဉ်ကို ကျင့်သုံးရမည်.. ဘာညာ.. ပြောလို့လွယ်ပါတယ်။ ဂျာနယ်များများတော့ ဖတ်ရမယ်။ ဒါပေမယ့် လက်တွေ့မှာ အောင်မြင်အောင်လုပ်ဖို့ ခက်ခဲပါတယ်။ အခု ကျွန်တော်တို့သမ္မတကြီး ကတော့ ပါးစပ်ပြောမဟုတ်ပဲ အောင်မြင်အောင် ကြိုးစားနေသူပါ။ ဆုတွေ ရခြင်း မရခြင်းက အရေးမကြီးပါဘူး။ ကိုယ်ကြိုးစားခဲ့တာ ဘယ်အတိုင်းအတာ ရောက်ပြီဆိုတာသာ အဓိကပါ။ ...သမ္မတကြီး အောင်မြင်ပါစေ..။

တောင်ပေါ်သား said...

လူတိုင်းက ကျွန်တော်တို့မဟုတ်ကြပါဘူး။ နေထိုင်မှုအဆင့်အတန်းချင်းလဲမတူကြပါဘူး။ ဦးသိန်းစိန်ရဲ့အုပ်ချုပ်ရေးက ကလေးမလေးအတွက်ပိုမိုကောင်းမွန်တဲ့ဘဝ မပေးနိုင်လေတော့ နိုင်ငံတော်သမ္မတကို မသိတာ အထူးအဆန်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံအကြောင်း ထဲထဲဝင်ဝင်နားမလည်ကြတဲ့သူ့ကိုအပြစ်တင်တဲ့ လူတွေကိုသာ အံ့သြနေမိတယ်။

Joker said...

အားလုံးကိုယ့်အမြင်နဲ့ကိုယ်ရေးကြတော့ အယူအဆတွေက အမျိုးမျိုးပဲ.. ဒီမှာပဲ ဒီမိုကရေစီရဲ့သဘောကိုတွေ့နိုင်ပါတယ်.. အမြင်မတူတာတွေအကြား နားလည်ပေးနိုင်အောင် အသိပညာတွေ အများကြီးလိုပါတယ်... ဒီမိုကရေစီရဲ့ အရသာခံစားနိုင်အောင် အသိပညာတွေ အများကြီးရအောင် ဆက်ကြိုးစားကြပါလို့ ပြောချင်ပါတယ်...ကျနော့် အမြင်တော့ comment အာလုံးလဲဖြစ်နိုင်တာပဲ..ဒါပေမယ့် အစစ်အမှန်တော့ ကာယကံရှင်တွေပဲ သိနိုင်ပါတယ်..

နေထွန်းကျော် said...

မြန်မာတွေ ကိုယ့်တာဝန်ကိုယ်ယူစိတ်ရှိလာကြရင် အားလုံးအဆင်ပြေသွားမှာပါ။

နှင်းကြာဖြူ said...

ကောင်မလေးဖြေသွားတာ အဓိပ္ပါယ် (၂) မျိုးသက်ရောက်တယ်လို့ ယူဆမိပါတယ်.........။
(၁) မြန်မာနိုင်ငံက သမ္မတက ဦးသိန်းစိန်ဖြစ်ကြောင်းကို မသိတာ .....။
(၂) သူတို့က ဘယ်သူ့ကို လာကြိုလို့ လာကြိုကြမှန်းမသိတာ (ဥပမာ ။ ။ ၄င်းတို့ရဲ့ တာဝန်ရှိသူက ဘယ်သူ/ ဘယ်ဝါကို သွားကြိုရမယ်ဆိုတာကို ကြိုတင်ပြောပြမထာရှိခြင်း...)

Powered by Blogger.