ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင်

HIV  ပိုးရှိသူ၏ အပေါ်ယံထွက်သော သွေးမှလည်း အခြားသူများထံသို့ ရောဂါကူးစက်ခံရမှုမရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများ မှပညာရှင်တို့က ဆိုသည်။ HIV ပိုးမှာ ပိုးရှိသူနှင့် အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလို ART ဆေးဝါးသောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင် ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင် Reviewed by သစ်ထူးလွင် on 18:39 Rating: 5

3 comments:

Zane said...

ရေးထားတာမှားနေပါတယ်... ပြင်ပေးစေလိုပါတယ်... "HIVပိုးကူးစက်စေသည့်နည်းလမ်းများမှာ အမျိုးသမီးလိင်လုပ်သားများနှင့် ဆက်ဆံခြင်း၊ ယောက်ျားချင်းလိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ရာတွင်အပ်တစ်ချောင်းဖြင့် မျှဝေသုံးစွဲခြင်း” ဒီမှာရေးထားတာ လုံးလုံးမှားနေပါတယ်... HIVရောဂါပိုးမရှိတဲ့ အမျိုးသမီးလိင်လုပ်သားနှင့် ဆက်ဆံခြင်း၊ HIV ရောဂါပိုးမရှိသော ယောကျာ်းချင်းလိင်ဆက်ဆံခြင်း စတာတွေကနေ ရောဂါ ဘယ်လိုကူးနိုင်ပါသလဲ?HIVရောဂါပိုးရှိတဲ့ ဂုဏ်သရေရှိ အမျိုးသမီးနဲ့ လိင်ဆက်ဆံရင် ၊ HIV ရောဂါပိုးရှိတဲ့ ယောက်ျားနဲ့လိင် ကွဲဆက်ဆံရင်လဲ ရောဂါကူးနိုင်ပါတယ်။ ဒီလို အရေးအသားမျိုးက ဒီလူ အုပ်စုတစ်ခုလုံးကို ခွဲခြားဆက်ဆံတာပိုဆိုးစေပါတယ်။ ထို့ကြောင့် HIVရောဂါရှိသောသူနှင့် အကာအကွယ်မဲ့ လိင်တူလိင်ကွဲဆက်ဆံခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်းလို့ပြင်ရေးပေးစေချင်ပါတယ်။ သူတို့ ကလဲ သာမန်လူသားတွေပါ။ ရောဂါရှိတဲ့သူတွေလို့ဘဲ မမြင်ပါနဲ့။

NYI-NYI-UON-MDY said...

“ART ဆေးဝါးသောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်” ဆိုတဲ့အချက်က နားလည်မှုလွဲမှားစေနိုင်ပြီး ရောဂါပိုးပျံ့ပွားအောင်တွန်းအားပေးနေသလိုဖြစ်နေပါတယ်။ ပိုပြီး ပြည့်စုံတိကျတဲ့အသိမျိုးကိုပေးသင့်ပါတယ်။ ရောဂါပိုးရှိနေသူဟာ ဘယ်လိုအခြေအနေမျိုးမှာ အခြားသူတွေထံမကူးစက်နိုင်သလဲဆိုတာ သုတေသနလုပ်ထားတာတွေ အများကြီးရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံထားတဲ့တွေ့ရှိချက်ကတော့
(၁) ရောဂါပိုးရှိသူဟာ ART ကို နေ့စဉ်မပျက်မကွက် မှန်မှန်သောက်နေရပါမယ် (excellent adherence)
(၂) Viral load ဟာ undetectable level မှာ ၆လနှင့်အထက်ရှိနေရပါမယ် (<40 copies per ml for more than 6mths)
(၃) ရောဂါပိုးရှိသူနှင့် သူ့ရဲ့အဖော် နှစ်ဦးလုံးမှာ အခြားလိင်ကတဆင့်ကူးစက်တတ်သောရောဂါများ (STDs) ရှိမနေရပါ။
ဖော်ပြပါအချက် ၃ချက်လုံးနဲ့ပြည့်စုံနေမှသာ ရောဂါရှိနေသူထံမှ အခြားသူကို မကူးစက်နိုင်ဘူးလို့ဆိုပါတယ်။ ဒါတောင် ၁၀၀% မကူးစက်နိုင်တာမဟုတ်ပါ။ ၉၉.၉၉%ပါ။

Unknown said...

ရောဂါရှိသူရဲ့အပေါ်ယံသွေးဆိုတာဘယ်လိုအရာမျိုးကိုဆိုလိုတယ်ဆိုတာရှင်းပြပေးပါ။

Powered by Blogger.