၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး

၂၀၁၅ အတွက် ပါတီ ခေါင်းဆောင်တွေက ငယ်နေရင် အမတ်လောင်းငယ်တွေ ဖြစ်လာမှာပေါ့။ အသက်ကြီးသူတွေပဲ ရှိနေမယ်ဆိုရင် ခေါင်းဆောင်ကြီးတွေပဲ ဖြစ်မှာပေါ့လေ။ အခုဟာက ငယ်မလား၊ မငယ်လား ဆိုတာအခုလုပ်မယ့် ညီလာခံကို ကြည့်ရမယ်။ လူငယ်တွေလုပ်လို့တော့ ပြောနေတာပဲ။ အသက်ကြီးလာရင် အိုမင်းတယ်၊ ယိုယွင်း တယ်၊ပြိုဆင်းပြီး တော့ ပိုဖျင်းလာတယ်။ လူငယ်တွေကို အားပေးရမယ်။ ပါတီအထွေထွေ ညီလာခံလုပ်ဖို့အတွက် အောက်ခြေ အဆင့် ဆင့်ကနေ လုပ်ဆောင်ရမယ်။ ရပ်/ကျေးတွေကနေ လုပ်ရမယ်။ ဒီလူ တွေကနေ ခေါင်းဆောင်တွေ အဆင့်ဆင့် ရွေးရမယ်။ အဲဒီကနေ ဗဟို အဆင့်ထိ တက်ရမယ်။----

အင်တာဗျူးအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးဝင်းတင်ကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ငြိမ်းမောင်

၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး  ၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး Reviewed by သစ်ထူးလွင် on 17:07 Rating: 5

1 comment:

ဖိုးဖိုးကြီး said...

အင်း---နောက်ပိုင်း (၂၀၁၅) ရွေးကောက်ပွဲကျရင်ဝင်ပြိုင်ရင်တော့အစဉ်
ပြေမလားမသိဘူး။ အမတ်ဖြစ်မဖြစ်တော့မသိဘူး။အခန့်မသင့်ရင်ထောင်ထဲ
ပါသွားနိုင်တယ်။ ဒီရဲတွေကို စိတ်မချရဘူး။ ဒီတော့ ဒီလိုလုပ်ရင်တော့ ကျွန်တော်အမတ်ဝင်ရွေးပြိုင်မယ်။ ရွေးကောက်ပွဲမစခင်တစ်ပတ်အလိုကစပြီးတစ်နိုင်ငံလုံးမှာရှိသမျှရဲတွေအားလုံးကိုထောင်ထဲမှာခဏာချုပ်ထားပေးပါ။
ပြည်ထဲရေးဝန်ကြီးကအစ-ရဲဘော်လေးအဆုံးပေါ့။ ဒါမှလဲစိတ်ချလက်ချဝင်ပြိုင်နိုင်မှာပါ။ စစ်တပ်ကတော့ မလုပ်လောက်ပါဘူး။
ဒါကြောင့် တပ်ကဒီတိုင်းဘဲကြည့်ပေးနေပေါ့။ တပ်အနေနဲ့အလည်လူအဖြစ်မှန်မှန်ကန်ကန်ဒိုင်လူကြီးလုပ်ပေးပါ။
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုဘဲ-တပ်မတော်နဲ့အတူလက်တွဲလုပ်ခြင်း
ပါတယ်။ တပ်မတော်မှာလည်း အထက်လူကြီးကိုကြောက်ကြရလို့-(နီးရာ
ဓါး)ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံချင်တာတောင်မလုပ်ရဲကြပါဘူး။
ဒီမိုကရေစီဖေါ်ဆောင်ရာမှာ တပ်မတော်အနေနဲ့ဘက်မလိုက်ကြားနေဝါဒ
အနေနဲ့မျှမျှတတဖြစ်အောင် နေရင်ရပါပြီး။ ဒီမိုကရေစီစံနစ် ကျင့်သုံးသည့်
အခါမှာ တပ်မတော်က အားပေးရင်အစဉ်ပြေလိမ့်မည်ဟုထင်ပါသည်။

Powered by Blogger.