ဒီကရီ စီကရက်စက်ရုံ ထုတ်ပယ်ခံ အလုပ်သမားများ တစ်ဦးလျှင် ကရုဏာ ကြေး ၄သိန်းခွဲဆီ ထပ်မံရရှိ

ပခုက္ကူမြို့ စိန်ကမ္ဘာ ကုမ္ပဏီပိုင် ဒီကရီစက်ရုံမှ
အလုပ် ထုတ်ပယ်ခြင်း ခံရသော ၀န်ထမ်းများ အား တစ်ဦးလျှင် ကရုဏာ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၄ သိန်းခွဲ အား စက်တင်ဘာလ တတိယပတ်အတွင်းက ပေးအပ်ခဲ့ကြောင်း ကရုဏာထောက်ပံ့ကြေးရ ၀န်ထမ်းဟောင်းတစ်ဦး၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ကုမ္ပဏီအား စီးကရက်စက်ရုံ အမှတ် ၃ စက်မှုဝန်ကြီးဌာနမှ တစ်ဆင့် ဦးပိုင်၊ ဦးပိုင်မှ အဆင့်ဆင့်လက်လွှဲခဲ့ရာ စိန်ကမ္ဘာ ကုမ္ပဏီက ဒီကရီအမည်ဖြင့် စီးကရက် လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်က လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခြေအနေမရှိတော့သည့်အတွက် အလုပ်သမား ၂၄၃ ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိသော်လည်း ၃ လစာ ထုတ်ပေး၍ အလုပ်ထုတ်ပယ်ခဲ့သည်။

သို့ရာတွင် အလုပ် ရပ်နားခံရသော အလုပ်သမားများမှာ နစ်နာမှုများရှိသဖြင့် ဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများ ညှိုနှိုင်းတိုင်ပင်၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က ရပ်နားခံရသော အလုပ်သမား၂၄၃ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၄ သိန်းခွဲဆီ ကရုဏာကြေး ထပ်မံပေးရန် အလုပ်ရှင် အလုပ်သမားသဘောတူညီချက်ရရှိခဲ့ကာ ယခုကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal
ဒီကရီ စီကရက်စက်ရုံ ထုတ်ပယ်ခံ အလုပ်သမားများ တစ်ဦးလျှင် ကရုဏာ ကြေး ၄သိန်းခွဲဆီ ထပ်မံရရှိ ဒီကရီ စီကရက်စက်ရုံ ထုတ်ပယ်ခံ အလုပ်သမားများ တစ်ဦးလျှင် ကရုဏာ ကြေး ၄သိန်းခွဲဆီ ထပ်မံရရှိ Reviewed by သစ်ထူးလွင် on 18:46 Rating: 5

No comments:

Powered by Blogger.