ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား

ရှေးစကား တစ်ခုရှိသည်။ ရာဇ၀တ် ဘေး ပြေးမလွတ်ဟု ဖြစ်သည်။ သို့သော် မာဂျေမြင်နေ ရသည်က ရာဇ၀တ်ဘေး ပြေးလျှင် လွတ် တတ်သည်ဟု ဆိုရမလို ဖြစ်နေသည်။ ရှေးစကား နှင့်တော့ ဖီလာ ဆန့်ကျင် ဖြစ်နေသည်။ ရှင်းပါအံ့။ တစ်ခေတ်က အကောက်ခွန်ဝန်ထမ်း များကို အစုလိုက် အပြုံလိုက် ထောင်ထဲ ထည့်ခဲ့သည်။ ---

ဆောင်းပါး  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား Reviewed by သစ်ထူးလွင် on 00:26 Rating: 5

22 comments:

myomin said...

မိမိပြုသည့်ကံ မိမိခံ ၊ မရှိတာတာကို ရှိတယ်မပြောနဲ့၊ လုပ်ရဲရင် ခံရဲရမယ်၊ ရာဇဝတ်ဘေးပြေးမလွတ်ဘူး ဆိုတာသက်သေပြလိုက်ပါ။ ဒါပေမယ့် မာဂျေရေ မှန်၏။

sheetody said...

ပြစ်မှုကိုတရားဝင် ဖြစ်အောင်လုပ်ပြီး
ချမ်းသာနေကြသာ ပိုများတယ်။

Burma Python said...

very good satire Ko Marjay,
ဆရာပြောတဲ့အကောက်ခွန်ပြေးတွေကအ ခုတော့သားသမီးတွေ
နိုင်ငံခြားပို့ကျောင်းထား၊ဝန်ကြီးတွေနဲ့အပြိုင်
အိမ်ကြီးတွေဆောက်
(အဲဒါ Custom တပွင့်၊နှစ်ပွင့်တွေနော်)ပြီးနေနိုင်ကြတယ်။ဆရာ
ပြောတဲ့ပြည်တော်ပြန်(အစိုးရကိုရစရာမရှိအောင်ဆဲခဲ့တဲ့)ကြီးတ
ယောက်ဆိုဘာရာထူးမှမယ်မယ်ရရမရသေးတာတောင်(အစိုးရကတော့ကတိပေးထားပြီးပလားမသိ)သတင်းစာရှုပ်ဖွပွဲတခု
လုပ်ပြီးတက်ရောက်သူတွေကိုလက်ညှိုးငေါက်ငေါက်ထိုးလို့
ကုလအတွင်းရေးမှူးချုပ်ကြီးဦးသန့်ထက်အရေးပါတဲ့(ပြည်ပမှာ)
ရာထူးလက်ကိုင်ရှိနေတဲ့ရုပ်နဲ့ဗျာ....
ဆရာပြောသလိုရာဇဝတ်မှုမကျူးလွန်ရဲ၊မပြေးရဲ၊မရှောင်တတ်
တာကကျွန်တော်တို့ရဲ့အပြစ်လို့ဖြေသိမ့်ရတော့မှာပေါ့ ဟဲ..ဟဲ
အဟီး..ရွှတ်

Unknown said...

မှန်ပေသည်။သို့သော်ကံ၊ဥာဏ်၊ဝိရိယ၊အပေါ်မူတည်သည်ဟုထင်မိပါသည်။ကံမရှိလျှင်ဥာဏ်ရှိတိုင်းလဲအဖမ်းခံရတတ်ပါသည်။

U-Click said...

ကောင်းလိုက်တဲ့ "စာ" ပါတကား။ ငယ်တုန်းက မိဘ ကဆုံးမတယ်။ မလိမ်ရဘူး၊ မယုတ်မာရဘူး၊ရိုးသားရမယ်၊ကြိုးစားရမယ်၊လုပ်မှစားရမယ်၊
လက်တွေ.မှာတော့ အမှားကြီးမှားနေပါလား၊ မိဘစကားနားထောင်တဲ့ကျွန်တော် မကြီးပွားဘဲမွဲလို.နေပါလား၊ မိဘကိုတောင်အပြစ်တင်ရတော့မလိုဖြစ်နေပြီ၊ ဘာကြောင့်အမှားကြီးတွေသင်ပေးခဲ့ရတာလဲပေါ့။ ငယ်စဉ်က လမ်းသူရဲ လုပ်ခဲ့တဲ့ သူငယ်ချင်းတယောက်ကတော့ ခုတိုက်နဲ.ကားနဲ.ကြီးပွားလို.နေပါရဲ.။
ကောင်းတာလုပ်တိုင်းကောင်းတာခံစားရတယ်လို.တော့မမြင်ချင်တော့ဘူး။ "မ" ကောင်းတာလုပ်လဲ ကောင်းတာခံစားနေရတဲ့သူတွေရှိနေတော့ ဘယ်လမ်းကြောင်းကိုရွေးရမလဲဆိုတာတွေဝေသွားပြီ။

Unknown said...

မပြေးလဲ လွတ်နေတဲ့သူ တွေလဲရှိပါတယ်။

MYO MYINT said...

ဆောင်းပါးရှင်လိုဘဲခံစားရတဲ့အစိုးရ၀န်ထမ်းဘ၀မှာရတဲ့လစာလေးနဲ့အိမ်ကမိန်းမမာန်မဲခံရပြီးဝန်ထမ်းဘ၀ကအနားယူတော့လည်းရတဲ့ပင်စင်လစာလေးနဲ့ချို့ချို့ငဲ့ငဲ့နေရတဲ့ပင်စင်စားဝန်ထမ်းတွေမြန်မာပြည်မှာအများကြီးကျန်သေးတာမို့အားမငယ်ပါနဲ့ဗျာ

Numega said...

ကိုမာဂျေရေ အပြုသဘောနဲ့ ရေးထားတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ နောင်လူငယ်တွေ အတွက် မှတ်သားစရာပါပဲ။
မှန်မှန်ကန်ကန်နဲ့ ကြီးပွါးအောင်(ငွေများများရအောင်) လုပ်လို့မရသေးတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ မှန်မှန်ကန်ကန်နဲ့ (စာရိတ္တ၊ အကျင့်သီလ၊ သိက္ခာ၊ သမာဓိတွေ) ကြီးပွါးအောင်တော့ လုပ်လို့ ရနေပါသေးတယ်။ အနေအထိုင်၊ အစားအသောက်တော့ ချို့တဲ့တာပေါ့လေ။
လောကအတွက်၊ သူတစ်ဦးတစ်ရောက်အတွက်၊ မိမိအတွက် ကောင်းတာတွေကို မလုပ်ခဲ့မိရင်တောင် မကောင်းတာတွေကိုတော့ မလုပ်စေချင်ပါ။ အဲဒီအတွက်လည်း နောင်တမရစေချင်ပါ။ ဘ၀တူ စိတ်တူတွေ ကျန်နေပါသေးတယ်။ ဒီလို ဘ၀တူ စိတ်တူတွေ ပိုပြီးတိုးပွါးလာအောင် ဆောင်ရွက်ကြရအောင်။
ကိုကြွက်နီကိုလည်း ပြောပေးပါဦး ဥပဒေကိုတော့ ရှောင်လို့ရခြင်ရပါလိမ့်မယ်။ လောက၀တ်ကြီးကိုတော့ဖြင့် ဘယ်လိုမှ ရှောင်လို့ မလွတ်နိုင်ပါ လို့။ အဲဒီအတွက်ကြောင့် တစ်ပါးသူတွေ မိုက်မဲနေတာတွေကို အားမကျပါနဲ့၊ ဒေါသလဲ မထွက်ပါနဲ့။ ဥပက္ခာသာပြုလိုက်ပါ။

shingyi said...

ဦးနေ၀င်းကလည်းဒီလိုလုပ်ပါတယ်။ဝန်ထမ်းကောင်းဆိုတံဆိပ်တစ်ခုနဲ့ငွေငါး
ထောင်၇တာလားနော်။မခိုးလို့လာဘ်မစားလို့မှေင်ခိုလုပ်ငန်းမလုပ်လို့အတယ်ထင်
နေတာလား။အားလုံးမင်းတို့ပိုင်ဆိုင်မှုဘယ်က၇တာလဲလို့ပါ။မ၇ှက်တတ်၇င်၇တာဘဲ။မျက်နှာပြောင်နဲ့ဓါးပြများကိုဖမ်းပေးပါ။ဝန်ထမ်းအိမ်ကွက်မှတပါးေ၇ာင်းစားထားတဲ့အထူးဂ၇ံတွေသိမ်းပေးပါ။လေလံမပါပေါ့။တကယ်လုပ်မှာလား။

Unknown said...

ဒါတွေကကံ၊ကံ၏အကျိုးတွေပါ။အခုမခံရလဲနောင်အခါခံရမှာပါပဲ။အခုခံလိုက်ရတဲ့သူတွေဟာလဲတချိန်ကပြုခဲ့တာတွေကြောင့်ပါ။သင်ပြုသောကံပဲ့တင်သံ၊သင့်ထံပြန်လာမည်တဲ့။မယုံမရှိနဲ့နော်ဟဲဟဲဟဲ

Anonymous said...

ဟုတ်လိုက်လေ !
လောကတွင် စိတ်အောက်တန်းကျ လူရည်လည်များသည်
အချိန်အခါအလိုက် စကားအမျိုးမျိုးပြော၍ အသက်မွေးကြလေကုန်၏

Anonymous said...

ထိပ်ဆုံးမှ အမှန်တရားပါဘဲ ...။

Anonymous said...

တစ်ချိန်က အဖျက်သမား ဘိန်းစား မုဒိန်းကောင်( ကြွက်နီ )ကနေ ....
(ဦးကြွက်နီ) ဖြစ်သွားသေးတာဘဲ.။

Unknown said...

လက်တွေ့မှာတော့မာဂျေရေးတာတွေဟာအမှန်တွေပါဘဲ
ရေးထားတဲ့အတိုင်းပတ်ဝန်းကျင်မှာမြင်တွေ့နေရတယ်-တကယ့်လောင်းကစားဒိုင်
ကြီးတွေဘယ်သူမှအဖမ်းမခံရဘူး၊စားစရာမရှိလို့၂လုံးရောင်းတဲ့သူတွေပဲအဖမ်းခံနေ
ရတယ်---အများကြီးသာဓကတွေရှိသေးတယ်-ဒါကြောင့်ထေထာက်ခံတယ်။

Myat Thu said...

ဆရာမာဂျေပြောတဲ့ရာဇဝတ်ဘေးပြေးလွတ်လျင်လွတ်
သည်ဆိုသောအဆိုကိုထောက်ခံပါသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ကရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက်ကိုယ်
တွေ့ကြုံနေကြ ဖြစ်ရပ်များရှိပါသည်။ ကျွန်တော်တို့နိုင်ငံမှာ
ဥပဒေအထက်မှာမည်သူမျှမရှိဘူး ဆိုသည့်စကားကလည်း
မှားယွင်းရေးသားမိလေလျော့သလားဟုပင်ထင်ပါသည်။
လက်တွေ့ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေနေ့စဉ်ကြုံတွေ့နေရ
သည့်လုပ်ငန်းတွင်မတော့ဥပဒေရဲ့အထက်မှာ ကြံ့ခိုင်ရေး
အမတ်တွေရှိနေပါတယ်။ ဘယ်လိုပြစ်မှုကျူးလွန်နေပါ
လို့တာဝန်သိမိဘပြည်သူတွေက ရဲစခန်းကိုဖုန်းဆက်
တိုင်ကြားသည်နှင့် ရဲတပ်ဖွဲ့ကဖမ်းဆီစစ်ဆေး အရေးယူ
ဆောင်ရွက်ပေးရပါသည်။ ဒါမှ ဖုန်းဆက်တိုင်ကြားသည့်သူ
ဖက်မှ အမှန်တကယ် ရဲထံတိုင်ကြားလျင် ရဲတပ်ဖွဲ့မှကာ
ကွယ်ဆောင်ရွက်ပေးသည်ဟု ကျေနပ်နိုင်ပါလိမ့်မည် အား
ကိုးပါလိမ့်မည်။ သို့ရာတွင် ပြစ်မှုကျူးလွန်သူသည် ကြံ့ခိုင်
ရေးအမတ်ထံ သွားရောက်အကူအညီတောင်းခံပါက အ
မတ်ကြီးက ပြည်သူတွေကို သူကဘဲစောင့်ရှောက်နေသကဲ့
သို့ ရဲစခန်းသို့ဖုန်းဆက်ပြီး ဖမ်းဆီးထားသူအားလွတ်ပေး
ရန် အမိန့်ပေးတက်ပါသည်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ကလည်
လက်ရှိဘဝမှာ ကြံ့ခိုင်ရေးပါတီကိုကြောက်ရပါသည်။ ဘာ
ကြောင့်လဲဆိုရင်ကြံ့ခိုင်ပါတီမှာ ဗိုလ်မှုးတွေ ဗိုလ်ချုပ်တွေ
နှင့်ဖွဲ့စည်းထားပါသည်။၎င်းဗိုလ်ချုပ်မှ ကျွန်တော်တို့ရဲတပ်
တွင်မှောင်ရိပ်ခိုရောက်ရှိနေသော စစ်သားအသွင်ပြောင်း
လူကြီးများထံသို့ လီဆည်တိုင်ကြားသဖြင့် ပြောင်းရွှေ့ခံရ
သည့်တပ်ဖွဲ့ဝင်တွေ ထုနဲ့ထည်း။ ထို့ကြောင့် ရဲတပ်ဖွဲ့အနေ
နဲ့ကြံ့ခိုင်ရေးအမတ်နှင့်ပက်သက်လျင် မဖမ်းရဲပါ။ ဥပဒေ၏
အထက်တွင် ကြံ့ခိုင်ရေးအမတ်တွေရှိပါသည်။ ထို့ကြောင့်
ရဲတပ်ဖွဲ့မှမဖမ်းဆီးရဲလို့ လက်ပိုက်ကြည့်နေရသည့် အရက်
ပုန်းရောင်းချသူ။ချဲထီရောင်းချသူ။နေ့စဉ်နေ့တိုင်းရွာတွင်
မူးယစ်သောင်းကျန်းတက်သူ ကြံ့ခိုင်ရေးအမတ်၏ ယောက်
ဖများ သားများ ညီများ တူများ များစွာရှိနေပါသည့်။ ကိုက
မှန်တာလုပ်တာကြောက်စရာမလိုဘူးဟု ကျွန်တော်တွေး
ကြည့် လုပ်မိပါသည်။ကျွန်တော်ကို အမှန်မကန်လီဆည်ပြီး
တိုင်စာအပြစ်ခံရပါသည်။ကိုယ်တွေ့ပါ။ အမတ်မဖြစ်ခင်က
တည်းက အမှုပွဲစားတိုင်စာရေးစားလာသူ ယောင်ဝါးဝါးနဲ့
ကြံ့ခိုင်ရေးအမတ်ဖြစ်လာသူဆိုတော့ သူခိုင်းတဲ့အတိုင်းရဲ
ကလုပ်ပေးရင်ဘာမှမဖြစ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့မညီလို့
သူပြောတဲ့အတိုင်းလုပ်မပေးရင်တော့ အဲဒိရဲမကြာပါဘူး
အတိုင်ခံရလို့ အနည်းဆုံးတော့ ငွေကုန်စိတ်ညစ်ပြီးနောက်
ဆိုရင်အမတ်ကြီးရှေ့ဖြတ်တောင်မလျောက်ရဲတော့ဘူး။
ဒါကြောင့် ဥပဒေရဲ့အထက်မှာ ကြံ့ခိုင်ရေးအမတ်ကြီးတွေရှိ
ပါသည်။

Unknown said...

ပြေးစရာမလိုပါဘူး....
မပြေးဘဲလွတ်နေတဲ့သူတွေ အများကြီးပါ၊ ရုပ်ပြောင်းရုပ်လွှဲလုပ်တာတို့၊ အရေခွံလဲသွားတာတို့၊ ကန့်လန့်ကာနောက်မှာ ၀င်ပုန်းသွားတာတို့၊ နောက်ကွယ် ကြိုးကိုင်အဖွဲ့နဲ ဆက်သွယ်ပူးပေါင်းသွား တာတို့ပေါ့....

Unknown said...

မကောင်းတာလုပ်ရင် ဒယ်အိုးထဲရောက်မှာဘဲ

Unknown said...

မကောင်းတာလုပ်ရင်ခံစားရမှာက နောက်၊သေမှဖြစ်မယ်၊ဘယ်သူမှလည်းမတွေ့ရတော့၊ကောင်းတာကိုလုပ်ဖို့ အတဲ့သူနဲ့ရိုးသားသူတွေပဲကျန်တယ်။လိုင်စင်ရဒမြတွေက ခေတ်တိုင်းကြီးပွါးချမ်းသာနေတယ်။ရိုးရိုးသားသားအစိုးရ၀န်ထမ်းတွေလယ်သမားတွေ အလုပ်သမားတွေ ခေတ်အဆက်ဆက် ဆင်းရဲခြင်းကိုရင်ဆိုင်ဖြေရှင်းနေရတယ် ဒါပေမဲ့မကောင်းတဲ့လုပ်ငန်းနဲ့ကြီးပွါးချမ်းသာသူက အမြဲတမ်းချမ်းသာမနေပါဘူး တနေ့တော့ဆိုးဝါးစွာခံစားသွားရပါလိမ့်မယ်

Unknown said...

ကိုမာဂျေ
ခင်များဟာစစ်တပ်က ဖန်တီးထားတဲ့ ကလောင်တစ်ချောင်း
ဘဲလို့ အထင်လွဲခဲ့မိတာကို တောင်းပန်ပါတယ်

ipman said...

ကိုမာဂျေရေဒီလိုဆောင်းပါးဘယ်လောက်ရေးရေးသူတို့ကအရေထူနေပါပြီ၊
အာဏာရှိသူတွေကိုယ်တိုင်ကအားပေးအားမြှောက်လုပ်ပြီးကာကွယ်ပေးနေ
သမျှတော့။ဥပဒေကိုရှောင်နိုင်တဲ့သူတွေပေါများနေအုံးမှာပါဘဲ။

ူlay said...

ကျန်ရှိနေတဲ့ အကောက်ခွန်ဝန်ထမ်းတွေကို အမြန်ဆုံး ပြန်လွှတ်
ပေးသင့်ပါပြီ..ဖမ်းတုံးကလဲ..စစစ က လူတယောက်နာမည်နဲ့  မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်မှာသူ
တို့ သတ်မှတ်တဲ့ငွေကိုသွင်းခိုင်းတယ်..အမှုဆင်တာ..အတင်းအကြပ်ပါဘဲ.. ၀န်ထမ်းတွေထောင်ထဲရောက်နေချိန်..မိသားစုကိုငွေသွင်းခိုင်း
တယ်..ထောင်ထဲမ၀င်ခင်.သတ်မှတ်ငွေက ၁-သိန်းဆိုရင်
ထောင်ထဲေ၇ာက်ပြီး မိသားစုဆီ တောင်းတော့ ၃-သိန်းဖြစ်သွားပါတယ်..အဲလိုကို အောက်တန်းကျစွာ လုပ်ခဲ့ကြတယ်..အချုပ်က ဦးဆုံး လွတ်တဲ့အဖွဲ့ ကပိုက်ဆံထုပ်လေးတွေကိုင်ပြီးပြန်ထွက်လာကြ
တယ်..ပြီးပြောလိုက်သေးတယ်..နိုင်ငံရေးလုပ်ရင်ပြန် ဖမ်းမယ်ဆိုပြီး.ခြိမ်းခြောက်လိုက်တယ်..အခုထောင်ထဲမှာရှိ
နေတဲ့သူတွေထဲမှာ..ထောင်ထဲမ၀င်ခင် အသစ်ဝင်လာမယ့်စစ်တပ်က လူတွေကိုတွေကို စာသင်ပေးခဲ့ရပြီးမှ...ထောင်နန်းစံနေရတာအခုထိမလွှတ်
သေးပါဘူး ..စတေးခံလိုက်လို့ ဌာနကြီးကောင်းလာပါသလား...ကား
တွေပိုင်ရှင်မရှိရန်ကုန်ရောက်လာတယ်...ဘယ်လိုအရေးယူခဲ့လဲ..စစစ..ပိုင်ရှင်မဖေါ်နှိုင်တော့ဘူးလား..အထုတ်အထယ်နဲ့ ကြတော့..ပိုင်ရှင်မရှိ တဲ့..လူ ၅၀၀ ကိုကြ ဂွင်ဆင်ပြီး ထောင်ခြ..စစစ ဆိုတာ ဘယ်လိုအုပ်စုတွေကိုကာကွယ်ပေးဘို့ လဲ....

Unknown said...

ခင်များသိထားတာတွေအများကြီးကျန်ပါသေးတယ်
ထပ်ရေးပါဦးလို့-

Powered by Blogger.