ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက်



တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။

The Voice Weekly


ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက် ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက် Reviewed by သစ်ထူးလွင် on 14:05 Rating: 5

13 comments:

truth said...

တတိယကမ္ဘာစစ် အစပျိုးမှုမဖြစ်ပါစေနဲ့လို့ဆုတောင်း

ပါတယ်။

Unknown said...

ိဒီိ်မိုကေ၇စီဗန်းပြပြီးဟိုနိုင်ငံဝင်စွက်ဒီနိုင်ငံဝင်စွက်။ဟိုနိုင်ငံ နျုကလီးယားမပိုင်၇၊ဒီနိုင်ငံ နျုကလီးယားမပိုင်ရ။။ကမ္ဘာပေါ်မှာ နျူကလီးယားကင်းရှင်းချင်ရင်း အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေအားလုးံ ကိုယ့်လက်နက်ကို အရင်ဖျက်သိမ်းပါ။နျူုကလီးလက်နက်နဲ့ကမ္ဘာကြီးကိုခြိမ်းခြောက်နေတာ အမေရိကန်တွေပါ။့ကမ္ဘာပေါ်မှာပထမဆုးံနျူကလီးလက်နက်အသုးံပြုခဲ့တာလည်းအမေရိကန်တွေပဲ။နောက်ဆုးံတော့ကမ္ဘာပုလိပ်မဖြစ်ပဲ ကမ္ဘာချဉ်ဖတ်ဖြစ်နေပြီ။

Unknown said...

တရုပ်နိုင်ငံက လူတွေ ပိုက်ဆံ နဲနဲချမ်းသာလာပီး ဘေးနိုင်ငံငယ်လေးတွေ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာတာကို တရုပ်ပြည်သူ လူထု မြင်တွေ့နေရတော့ ကွန်မြူနစ်စံနစ် ကိုင်စွဲထားတဲ့ တရုပ်လူကြီး တွေကသူတို့တိုင်းပြည်မှာ ဒီမိုကရေစီများ ထွန်းကားခဲ့ရင် ခက်ရချည်ရဲ့ဆိုပီး အာရုံလွှဲတဲ့အနေနဲ့ ဂျပန်ကို ၀င်ပြီး လူတွင်ကျယ် လုပ်တာဖြစ်တယ်။ အဲဒီတော့ကာ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ မြန်မာလာပီး ဈေးကွက်ပြောင်းလာဖို့ သေချာနေပိပေါ့ မြန်မာပြည်သူတွေ ကောင်းစားလာဖို့လို့ ပြောရမယ်လေ။ တိုင်းသူပြည်သားတွေ ပြင်ဆင်ထားကြဖို့ အလုပ်မခိုကပ်ဘဲ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။

Ko Naung said...

ဘယ်လိုဖြစ်ဖြစ်ပါလေးစားမှုတော့ရှိသင့်ပါတယ်

taw thar gyi said...

သောက်ရေမပါတဲ့..ခွေးသားတရုတ်တွေ..
မင်းတို့ကနယ်ချဲ့နေတာကြတော့..ကြည့်နေတယ်ပေါ့..
မင်းတိုပ ငါတို့နိုင်ငံကို..နယ်ချဲ့ နေတာကြတော့..ဆန္ဒ
မပြကြပါလား....တော်တော်တရားကျဖို့ကောင်းတယ်..
ခွေးသားတွေ...

Anonymous said...

ဘာတွေဖြစ် နေတာလည်း အမေရိကန်ရယ်

Unknown said...

သံများကိုလုံခြုံစွာကာကွယ်သင့်

Unknown said...

ပြေလည်နိုင်ကြပါစေ

Unknown said...

တကယ့်ကိုရီးယားကင်(မ်)ချီ =ကမ္ဘာကျော် ချဉ်ဖတ်တွေပဲ

မြန်မာပြည်သား said...

တရုပ်ဆိုတာကောင်းတာမဟူတ်ဘူး။သူ့ဖက်ကအသာမရရင်..တဖက်လူကရန်သူပဲ။၈၈အရေးအခင်းပြီထဲက၊သူ့လူတွေနဲ့မြန်မာပြည်ကိုသိမ်းထားတာ၊ခုလဲမြန်မာမတွေကိုပိုက်ဆံပေးပြီးလူကုန်ကူးနေတယ်။သတိထားကြပါ။

Patriot said...

ချစ်ကိုကို ပြောတာ ထောက်ခံတယ်
အမေရိကန် အလိုမရှိ လူယုတ်မာများ တိုင်းပြည်
တရုတ် ဂျပန် ညီညွတ်ကြပါဗျာ အာရှ သားတွေပါ
အဏုမြူ အစမ်းသပ်ခံ လူနိမ့်တွေလို့ အမေရိကန်က မြင်ထားတာ
ဂျပန်တွေ မမေ့ကြပါနဲ့
အိုကီနာဝါ ကိစ်စ ပေါ့
ဟာဝိုင်အီက ဂျပန်ပိုင် ဖြစ်သင့်ပါတယ်။
အလာစကာလဲ ဆိုဗီယက်ပိုင် ပါ။

Patriot said...

တရုတ်ကို ဘာလို့ အသားလွတ်မုန်းနေတာလဲ
အမေရိကန်က ပိုဆိုးပါတယ်

Unknown said...

မြန်မာပြည်သားတွေအနေနဲ့ တစ်ကယ်တမ်းပြန်စဉ်းစားကြည့်ရင်
မြန်မာပြည်ကို အသုံးချနေတာ အမေရိကန်လား၊တရုတ်လား
စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့တာတွေ၊မြန်မာပြည်က သစ်တော
တွေ၊တွင်းထွက်သယံဇာတတွေ၊မြန်မာအမျိုးသမီးတွေကို ၀ယ်ပြီး
နှိပ်စက်တာတွေ နောက်ဆုံး ဆားလင်းကြီးနယ်က
ကြေးစင်တောင် အဖျက်-အပျက် ( အဖြစ်အပြစ် မဟုတ် )တွေ
ဘယ်သူ့လက်ချက်လဲ၊တရုတ်နဲ့ပေါင်းလို့ချမ်းသာနေတဲ့နိုင်ငံ
ဘယ်နိုင်ငံတွေရှိလဲ၊အာဏာရူးတွေက အမေရိကန်ကို ငပွကြီးတဲ့
တရုတ်ကြတော့ ပေါက်ဖော်ကြီးတဲ့။အမှန်တော့သူတို့တစ်တွေရဲ့
ပထွေးစစ်စစ်ကြီးဖြစ်မှာပါ။တရုတ်အားကိုး ပုဆိန်ရိုးများကို ဆန့်ကျင်
ကြပါ၊လောလောဆယ်မှာတော့ တရုတ်က ငပွကြီး ဖြစ်နေပါပြီ။

Powered by Blogger.