ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက်

နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင် များရဲ့ မှတ်တမ်း ဓာတ်ပုံများ ၊ ဓါတ်ပုံ -  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဝက်ဘ်ဆိုက်
အငြင်းပွား ဖွယ်ရာ ဖြစ်နေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင် တွေကို တာဝန်တွေ ကနေ နူတ်ထွက် ခွင့်ပြုတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အခုညမှာပဲ သမ္မတရုံးကနေ ထုတ်ပြန်ကြေညာ သွားပါတယ်။ ဖွဲ့စည်းပုံ ခုံရုံးဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင်တွေကို ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော် နှစ်ရပ်ကနေ ဆုံးဖြတ်လိုက်တဲ့ ဒီကနေ့မှာပဲ အချိန်မဆိုင်းဘဲ သမ္မတရဲ့ ခွင့်ပြုမိန့် ကြေညာချက် ဒီညပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံး တာဝန်ရှိသူတွေကို ရာထူးကနေ အနားပေး ဖယ်ရှားဖို့ဆိုတဲ့ အဆိုကို လွှတ်တော်တွင်း သတ်မှတ်ထားတဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ထောက်ခံမှုရပြီး ဆုံးဖြတ်လိုက်ပြီး၊ ညပိုင်းမှာပဲ ခုံရုံး တာဝန်ရှိသူအားလုံးကို ရာထူးကနေ အနားပေးလိုက်ပြီလို့ သမ္မတ ဦးသိန်းစိန် အမိန့်ထွက်လာတာပါ။ ခုံရုံးတာဝန်ရှိသူတွေက နုတ်ထွက်ခွင့်တင်တာကြောင့် သမတက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နူတ်ထွက်ခွင့်တင်လို့ နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နေရာလစ်လပ် သွားတော့ ပြန်ပြီးတော့ ရွေးချယ်တင်မြှောက်ရမှာပေါ့။ ဟုတ်ကဲ့။ ပြည်သူ့လွှတ်တော်က သုံးယောက်၊ အမျိုးသားလွှတ်တော်က သုံးယောက်။ သမ္မတက သုံးယောက်၊ ကိုးယောက် ရွေးချယ် တင်မြှောက်ရမှာပါ။”

လွှတ်တော် ကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်ုးံ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက်၊ ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိမရှိ စုံစမ်းဖို့ လွှတ်တော်ကနေ လွှတ်တော်ရဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ခဲ့ပါတယ်။

အဲဒီ့ ကော်မရှင်က ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ ကော်မရှင်ရှေ့မှောက် လာရောက် အစစ်ဆေးခံ ရှင်းလင်းဖို့ ၃ သုံးကြိမ်တိတိ အသိပေး အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းမှုမရှိတာကြောင့်၊ ကော်မရှင်အနေနဲ့ သူတို့ရထားတဲ့ အချက်အလက်တွေနဲ့ပဲ အစီရင်ခံစာရေးပြီး လွှတ်တော်အတွင်း ဒီကနေ့ တင်ပြခဲ့တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“အဲ့ဒီ့အစီရင်ခံစာကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါ်တာကို ခုံရုံးက မလာတဲ့အတွက်ကြောင့်မို့လို့ သူတို့မျက်ကွယ်မှာပဲ အစီရင်ခံစာကို ရေးပြီးတော့ လွှတ်တော်ကို တင်ပြတာပေါ့။ တင်ပြတဲ့အခါမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးတာ မလုပ်တော့ဘဲနဲ့ ကျနော်တို့ မဲဆန္ဒရယူတာပေါ့။ မဲဆန္ဒရယူတဲ့အခါမှာလည်း နဂိုက လက်မှတ်ထိုးပြီးတော့ တောင်းဆိုထားတဲ့ မဲဆန္ဒလက်မှတ် ၃၀၇မဲ ရှိတယ်။ နောက်ခွင့်တင်လို့ မတက်တဲ့သူတွေလည်းရှိတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေကတော့ အရင်ဆန္ဒပြုတုန်းကလည်း မပါတဲ့အတွက် သူတို့ကို ဖယ်လိုက်ရင်တောင်မှ ၃၀၇ ကျနော်တို့ ဥက္ကဌ နူတ်လိုက်လို့ရှိရင် ၃၀၆မဲပေါ့။ ၃၀၆မဲရှိတဲ့ အတွက်ကြောင့် လိုအပ်တဲ့ ၂၈၆မဲကျော်တဲ့အတွက် သုံးပုံနှစ်ပုံကျော်တဲ့အတွက် အဲ့ဒီ့စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဟာ အတည်ဖြစ်တယ်ဆိုပြီးတော့ ခုံရုံးကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်။”

အလားတူလိုပဲ ဖွဲ့စည်းပုံခုံရုံးပြဿနာကို အမျိုးသားလွှတ်တော်ထဲမှာလည်း ဒီနေ့ ဆွေးနွေး မဲခွဲ ဆုံးဖြတ်ခဲ့တယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဦးဇော်မြင့်ဖေက စွတ်စွဲချက်နှစ်ခု တင်ပြပါတယ်။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တာပေါ့နော်။ စွတ်စွဲချက် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်နှစ်ချက်နဲ့ ညီတဲ့အတွက် ခုံရုံးအဖွဲ့ကို စွတ်စွဲပြစ်တင်ပါတယ်ဆိုပြီး သူက အဆိုတင်ပါတယ်။ ဒီအဆိုကို တပ်မတော်သားကိုယ်စားလှယ် ခြောက်ယောက်နဲ့ ကျနော်တို့အရပ်ဖက်က လွှတ်တော်ကိုယ်စားလှယ် ဆယ်ယောက် စုစုပေါင်း ၁၆ယောက် ဆွေးနွေးပြီးတော့ ဆုံးဖြတ်တာပါ။ ကျနော်တို့ ဒီစွတ်စွဲပြစ်တင်တာ အဆိုအောင်မြင်တယ်ဆိုရင်သူက ထွက်ရတာပါ။

လုပ်ထုံးအရတော့ လွှတ်တော်နှစ်ရပ်စလုံးက အခု ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်ဥက္ကဌ အနေနဲ့ နိုင်ငံတော်သမ္မတထံကို တရားဝင် အသိပေး အကြောင်းကြားရမှာဖြစ်ပေမယ့်၊ နေ့တွင်းချင်းမှာပဲ ခုံရုံးအဖွဲ့ဝင်တွေရဲ့ နုတ်ထွက်လွှာကို လက်ခံပြီးတော့ နုတ်ထွက်ခွင့်ပေးလိုက်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က ကြေညာသွားတာပါ။

လွှတ်တော်နဲ့ ခုံရုံးအကြား လအတန်ကြာ တင်းမာမှုကိစ္စဟာ လွှတ်တော်နဲ့ အစိုးရအကြား အာဏာပြိုင်မှုဖြစ်တယ်လို့လည်း အတော်များများက တွက်ဆကြသလို၊ အချို့ကတော့ ဒါဟာ ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းဖြစ်တယ်လို့ ယူဆကြပါတယ်။

လွှတ်တော်ဖက်က ကော်မတီတွေက ခေါ်ယူကြားနာစစ်ဆေးတာမျိုး အစိုးရအဖွဲ့ဖက်က မလုပ်လိုတာ ကြောင့်၊ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုပြီး အစိုးရဖက်က စွဲဆိုခဲ့တာလို့ ဆိုကြပါတယ်။ ခုံရုံးနဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်လာတော့ ဒီကိစ္စနဲ့ ဆက်နွယ်လို့ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတဖက်က အဆိုပြုခဲ့ပါတယ်။

ဒါပေမယ့် အရင် စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ တည်ဆဲဥပဒေအရ လွှတ်တော်ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်တာမို့လို့ ဖွဲ့စည်းပုံပြင်စရာမလိုဘူးလို့ လွှတ်တော် အမတ်တွေဘက်ကလည်း ယူဆပါတယ်။

အခုတော့ သမ္မတရုံး ကြေညာချက်ထွက်လာတာကြောင့် ခုံရုံးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုဟာ ပြီးဆုံးသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု ခုံရုံးအဖွဲ့ဝင်သစ်တွေကို ရွေးချယ်ရဦးမှာဖြစ်ပြီး၊ အဓိက အငြင်းပွားမှုအကြောင်းရင်းဖြစ်တဲ့ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတာကတော့ ယတိပြတ် အဖြေမရှိသေးဘူး။

ကိုသားညွန့် ဦး (ဗွီအိုအေ မြန်မာဌာန)
ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက် ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက် Reviewed by သစ်ထူးလွင် on 05:46 Rating: 5

38 comments:

Unknown said...

အစောကြီးကတည်းကဖြစ်သင့်ပါတယ်

aungkokoko8@gmail.com said...

မင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်သွားတာပေါ့ရှေ့ကပုဂ္ဂိုလ်ကြီးတွေလိုငြိမ့်ငြိမ့်လေးထွက်သွားလို့ရယင်တော့ကံကောင်းတာပေါ့သမ္မတကြီးကိုပဲကျေးဇူးတင်ရမလားကိုယ့်ကံပဲကျေးဇူးတင်ရမလားသမ္မတကြီးကိုတော့လေးစားချင်လာပြီ

တြိရတနာ said...

မယား သေခါမှချီးမွှမ်းရ၏ ၊ ကောက် ကျီထဲရောက်မှချီးမွှမ်းရာ၏။လောကနီတိ ။(အစိုးရ ပြီးပြည့်စုံမှချီးမွှမ်းရာ၏) ပြောကြနီတိ။

shine said...

လွှတ်တော်ကိုပြည်သူတွေက သံသယဖြစ်လာတော့မယ်ထင်တယ်။ no man above the law လို့ ပဲ ပြောခဲ့တာလေ။ no institution above the law တို့ no organization above the law တို့ အဲဒီလိုမှမပြောခဲ့တာဆိုတော့ ရမ်းလို့ရသွားတာပေါ့။ သူများတွေကိုအတင်းဖြုတ်ချင်သူတွေ ဝဋ်ဆိုတာ မကြာတတ်ပါ။ ပြည်သူတွေကပြေလည်စေချင်တာပါ။ ၉ဦးနဲ့ ၃၀၆ ဆိုတော့ ဝိုင်းအော်လည်းမနိုင် နပန်းလုံးလည်းမနိုင်နိုင်ပါ။japan မှာလိုပဲနှုတ်ထွက်ပေးလိုက်တာ ဂုဏ်ရှိပါတယ်။ သမာဓိရှိသူများအသက်ရာကျော်ရှည်ပါစေ။

Unknown said...

ပန်းတိုင်မရောက်သေးပါ ပြည်သူတွေ ဘက်ကနေဆက်လက်ရပ်တည်လုပ်ဆောင်ပေးရန် အများကြီးကျန်နေသေးပါတယ်

gold said...

နှုတ်ထွက်ခြင်းရဲ့နောက်ကွယ် မှာ ဘာမှမရှိပါစေနဲ့။ ကောင်းသောနှုတ်ထွက်ခြင်းဖြစ်ပါစေ။ပြည်သူတွေအေးအေးချမ်းချမ်းနေပါရစေ။

Unknown said...

ကြိုဆိုပါတယ်

Unknown said...

ကောင်းပါတယ်

sheetody said...

လိုအပ်ချက်တွေများတဲ့ အခြေခံဥပဒေ
မပြင်သရွှေ့ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း
ဒါမှ မဟုတ်ရင် ခေါင်းငြိမ့်ခုံရုံးဖွဲ့ 

နေမင်းခေါင် said...

သတင်းကောင်းလေးပါဗျာ

Unknown said...

ပြည်သူ့အသံဖြစ်တဲ့ လွှတ်တော်အသံကို နားထောင်တဲ့ သမ္မတကြီးကို အထူးကျေးဇူးတင်ပါတယ်။
သမ္မတကြီးကသာ ငြင်းပယ်ရင် အခြေအနေက တင်းမာသွားနိုင်တယ်။
မမျှော်မှန်းနိုင်လောက်အောင် ရှုပ်ထွေးသွားနိုင်တယ်။
သမ္မတကြီးကိုယုံကြည်ပါတယ်ဆိုတဲ့ အမေစုရဲ့စကားလည်း မှန်သွားပြီပေါ့။
စွပ်စွဲပြစ်တင်မှု အောင်မြင်သွားတဲ့အတွက် ခုံရုံးရဲ့ဆုံးဖြတ်ချက်လည်း ပျက်ပြယ်သွားပါပြီ။
နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့အနေနဲ့လည်း ပြည်သူ့အကျိုးစီပွါးကို ဖြစ်ထွန်းစေသည်များကိုသာ အကြံပေးပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

Unknown said...

ကောင်းသောလမ်းစဉ်တစ်ခုပါ ။ ရုပ်လုံးပေါ်ဖို့ကစောင့်ကြည့်ရအုံးမှာပါ

MgNyiChit said...

မဆလခေတ်ကလို ပါတီနဲ့ကောင်စီကြား ပြည်သူတွေ မညပ်ပါရစီနဲ့တော့

Unknown said...

ယုံရခက်ပါလား ...
ချက်ချင်းကြီးပါလား.....
ထူးဆန်းနေပါလား.......

Anonymous said...

ဒီသတင်းတွေ ကြားရတာ.....ကျက်သရေရှိလိုက်တာ....လက်ညှိုးထောင်ကောင်းတဲ့....ပုဂ္ဂိုလ်တွေအောင်ဖေညောင်း...တာ့တာ..ဘိုင့်ဘိုင်.

zin yaw said...

သမ္မတကြီးက လွှတ်တော်ရဲ့ အထက်မှာလား။ သမ္မကြီးက လွှတ်တော်ရဲ့ တင်ပြချက်တွေကို လိုက်နာရတဲ့အခြေအနေ ဆိုတော့ သမ္မတကြီးလဲ သတိထားရတော့မယ်နဲ့တူတယ်နော်။

Bhan Te Gyee said...

အုပ်စုဖွဲ့ဗိုလ်ကျခွင့်ရှိတာကို ဒီမိုကရေစီ-ဟုခေါ်သည်

Unknown said...

ခုံရုံးကိစ္စကတော့ပြီးပြီ။ရေမြုပ်နေတဲ့လယ်-သမားကိစ္စ ဘာလုပ်ပေးမှာလဲ။

bmk said...

ဒီလူတွေဘာဆက်လုပ်မလဲဆောင့်ကြည်ရတော့မယ် မနိုင်၍သည့်ခံရခြင်းသည်ငှင်းဆိုခဲ့ရင် ....ရှေ့တိုးမဲ့ဆင်နောက်တလှမ်းဆုတ်သလိုဘဲ

ZMN said...

ဘယ်ဘက်ကမှားတယ် ဘယ်ဘက်က မှန်တယ်ဆိုတာတော့ ဥာဏ်မမီတဲ့အတွက်မပြောချင်ပါဘူး--- ဒါပေမယ့် မေးစရာမေးခွန်းတွေရှိပါတယ်-- လွှတ်တော်ကြီးတစ်ခုလုံးများမှားသွားခဲ့ရင် ဘယ်သူတွေပြင်ပေးကြမှာလဲ--- လက်နက်ကိုင်ပြီး လုပ်ချင်တာလုပ်ခဲ့တဲ့ခေတ်ကနေ လက်နက်မကိုင်ပဲ လူအုပ်စုအားကိုးနဲ့ ထင်ရာစိုင်းကြတဲ့အဖြစ်ကိုတော့ မရောက်ဖို့ ဆုတောင်းမိပါတယ်--- ပြည်ထောင်စုအဆင့်ဟုတ်မဟုတ်ကိစ္စက အရေးကြီးတယ်ဆိုပေမယ့် အခုချိန်မှာ ရေကြီးလို့ ဒုက္ခရောက်နေတဲ့ပြည်သူတွေ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေတဲ့သူတွေ ကို အရေးမလုပ်ပဲ ဒီခုံရုံးကိစ္စတစ်ခုတည်းကို အသားပေးလုပ်ဆောင်ပြီး ခုံရုံးအဖွဲ့လည်း နှုတ်ထွက်ရော လွှတ်တော်လည်းပြီးပြီဆိုတာ တိုက်ဆိုင်တာဖြစ်နိုင်ပေမယ့် ဒီခုံရုံးကိစ္စအတွက်ပဲ လွှတ်တော်ကျင်းပသလိုဖြစ်နေပါတယ်--- ပြည်သူ့အသံလွှတ်တော်အသံဆို ပြီး ပြည်သူတွေရဲ့အသံကိုရော သေချာနားထောင်ရဲ့လားဆိုတာ သံသယရှိစရာပါပဲ--- အခြေံခံဥပဒေပြင်လို့ရနိုင်တဲ့အခွင့်အရေးကို လက်လွှတ်ခဲ့တာကရော ဘာအကြောင်းတွေကြောင့်လဲ--ပြည်သူတွေက ဘယ်သူ့ကိုယုံရမှာလဲ- မေးခွန်းတွေကတော့အများကြီးဖြစ်လာပါပြီ--

Unknown said...

ရာထူးဆင်းသွားသောသူများ လမ်းဖြောင်ဖြောင် သွားနိုင်ကြပါစေ။

ကိုကျော် said...

လွှတ်တော်ရဲ့ပေးပို့ချက်ကိုမစောင့်ပဲနှုတ်ထွက်ခွင့်ပြုလိုက်
သည်လို့ကြေငြာတာဟာဂုဏ်သိက္ခာရှိစွာနောက်ဆုတ်
ခြင်းပါ။နောက်လာမဲ့ခုံရုံးအဖွဲ့ကရောဘယ်လိုဆုံးဖြတ်မလဲ။
ပြတ်သားသောအဖြေတခုရမှသာနှုတ်ထွက်သူ၊လွှတ်တော်
နဲ့ပြည်သူအတွက်အကျိုးရှိမည်ဟုယူဆပါသည်။

Unknown said...

.....တစ်ချက်လေး စောင်းကြည့်ပါဦး.....

ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဲ့ အစစ်လား အတုလားကိုယ်တိုင်သိပါတယ်။၂၀၀၈ အခြေခံဥပဒေကိုပြင်ဖို့ သမ္မတ နှင့် ခုံးရုံးဆုံးဖြတ်ချက်ကိုငြင်းတယ်။ အင်အားနဲ့ ဖိနှိပ်တယ်။ဥက္ကဌကရော ပြည်သူကရွေးတာလား ပြည်သူ့အတွက် ဘာကြည့်လဲ တကယ်အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တွေ ဥပဒေပြင်ဖို့ ပြောရင် ကန့်ကွက်မဲများတယ်။ ယခုချိန်ဟာ အားပြိုင်ဖို့ မဟုတ်ဘူး။ မပိပြင်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေထုတ်တယ်။ စီးပွားရေးပညာရှင်အများစုက ဒီဥပဒေကိုပြန်ပြင်ပေးဖို့ပြောနေပြီ လွှတ်တော်ဘာလုပ်မလဲ။ ၂၀၀၈ ဥပဒေကို ဘုရားတစ်ဆူလို ကိုးကွယ်မှာလား။ အမှန်တရားဟာ အများ အနည်းနဲ့ဆိုင်သလား ။ မှန်ကန်တဲ့ ဥပဒေပြင်ဖို့ ကြောက်နေသလား။ ဥက္ကဌကြီးကိုမေးပါရစေ။ နောက်ကြောင်းပြန်မလှည့်ဘူး အရှေ့ကိုတည့်တည့်သွားနေတာ သိပါတယ် ငါတို့သာ အာဏာရှိရေးကိုပါ။ ၂၀၀၈ ဥပဒေကို ဆရာလူထုစိန်ဝင်းက သေတဲ့အထိကန့်ကွက်တယ်။ ကျွန်တော်ကတော့ ၂၀၀၈ အခြေခံဥပဒေကို အမြဲကန့်ကွက်တယ်။ ဘာတွေရောပြင်ပြီပြီးလဲ… 
ပြည်သူ့အကျိုးကို မကြည့်ပဲ သူတစ်လူ ငါတစ်မင်း အာဏာရဖို့ အပြိုင်တောင်းဆိုနေတော့မှာလား ။
ပြည်သူ့မျက်နှာကို တစ်ချက်လေးစောင်းကြည့်ပါဦး… 
လွှတ်တော်အတွင်းက လူတွေကိုမေးပါရစေ ............

(စဉ်းစားသင့်သည်ထင်ပါသဖြင့်မိတ်ဆွေတစ်ဦးထံမှ ကူယူတင်ပြပါသည်။)

သန့်နေဝင်း said...

နုတ်ထွက်သွားသော ခုံရုံးအဖွဲ့သည် ပြည်သူတွေရဲ့
အကျိုးကို ကြည့်၍ အေးအေးချမ်းချမ်း နောက်ဆုတ်
ပေးလိုက်သည်ဟု ယူဆပါသည်။ မဟောသဓရဲ့ သား
တရားစီရင်ခန်းကို သတိရကြပါကုန်။

Unknown said...

ZMN နဲ့ ကိုကျော်လင်း တို့ ရဲ့ comments များကိုထောက်ခံ ပါသည်..
လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ဆိုသူ အများစု ဟာ တစ်ယောက်
ထဲပြေးပြီး ပထမ ရခဲ့ကြသူတွေပါ..စိုင်ကော်လို့ ချုံပေါ်ရောက် ခဲ့ ကြပေမယ့် အရည်အချင်းမရှိသူ အများစုရဲ့ ဆုံးဖြတ်ချက်က အတည် (အမှန်ဟု မဆိုလိုပါ)ဖြစ်ခဲ့ ရင် တိုင်းပြည် အတွက် အရည်အချင်း ရှိတဲ့သူ တွေ အတွက် ရင်လေးစရာပါ..ဥပမာ တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သာ အခုလို ဘဲ အများစုရဲ့ စွတ်စွဲပြစ်တင်မှု ကို ခံရမယ် ဆိုရင်..

Unknown said...

2008 အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့သူတွေကိုယ်တိုင်ကို မကြိမို က်ကြဘူး သို့သော်ပြင်ဘို့ခက်နေကြတယ် ဒါကြောင့်အသစ်ရေးဆွဲပြီးတဲ့တနေ့ ဖျက်သိမ်းလိုက်တာကပိုပြီးကောင်းမွန်ပါလိမ့်မယ်.ခုလောလောဆယ်တော့ အမေပြန်မလာသေးခင်မိဒွေးနဲ့ဘဲပျော်ကြအုံးပေါ့..........................

Unknown said...

ကောင်းပါဒယ်ဗျာ...ဒါပေမယ့် တာဝန်ရှိစဉ်က လုပ်ခဲ့တဲ အပြစ်တွေ ကိုလဲ စစ်ဆေးပြီးမှ ပေါ်လာခဲ့ရင် တာဝန်ယူခိုင်းဖို့ ခံဝန်လောက်တော့ လိုမယ်ထင်ပါတယ် ခင်ဗျာ....ဘာလို့လဲဆိုတော့ ဒါမျိုးတွေက ဖြစ်တတ်လို့ပါ...

good view said...

လွှတ်တော်မှာ ပြည်သူတွေအတွက်မကြည့်ဘဲ အမတ်တွေက ပြည်ထောင်စုအဆင့်ဖြစ်ဖို့ပဲကြည့်နေတော့မှာလား.........
လွှတ်တော်ဆိုတာပြည်သူတွေအတွက်ပါ.............

သန့်နေဝင်း said...

ပြည်သူ့မျက်နှာကြည့်ပြီး အေးချမ်းစွာနုတ်ထွက်ပေး
သွားသော ခုံရုံးအဖွဲ့ဝင်များကို စိတ်မကောင်းစွာနဲ့ဘဲ
ကျေးဇူးတင်ကြောင်း ပြောပါရစေ။ မဟော်သဓာရဲ့
သားတရားစီရင်ခန်းကို အမှတ်ရနေမိပါတယ်။ ကိုယ်စိတ်
နှစ်ပါး ချမ်းသာကြပါစေလို့ မေတ္တာဖြင့့် 

MYO MYINT said...

ကိုယ့်ပါတီဝင်တွေမဟုတ်လို့ပြည်သူ့ကိုယ်စားလှယ်မစစ်ဘူးလို့ရမ်းမစွတ်စွဲပါနဲ့၊အခုသူတို့လုပ်နေတာသူတို့ကိုယ်ကျိုးမပါဘူးဆိုတာအားလုံးသိပါတယ်၊ဒီမိုကရေစီအစမှာအမှားအယွင်းဆိုတာရှိမှာဘဲ၊အခုမှဝလုံးတန်းအဆင့်ရှိသေးတဲ့လွှတ်တော်မှာလိုအပ်ချက်တွေကိုလိုက်အပြစ်ပြောနေမဲ့အစားကိုယ်သာဆိုရင်ဘယ်လိုလုပ်မလဲလို့ကြိုစဉ်းစားပြီးပြည်သူ့ကိုယ်စားလှယ်ဖြစ်အောင်ကြိုးစားစမ်းပါ၊ဘေးထိုင်ဘုပြောဘာမှမလုပ်တဲ့သူတွေတိုင်းပြည်မှာမရှိသင့်တော့ပါဘူး၊ဒါပေမဲ့တိုင်းပြည်ကောင်းစားအောင်မလုပ်ခင်ကိုယ့်မိသားစုထမင်းဝရဲ့လားဆိုတာတော့အရင်ငဲ့ကြည့်ကြပါဦးလို့အကြံပြုပါရစေ

myomin said...

ကိုကျော်လင်းပြောသလိုထောက်ခံတယ်။ပြည်သူတွေရွှေးချယ်ချယ်တင်မြောက်ထားတဲ့အရေအတွက်နည်းပါးနေတယ်။ဒါပေမယ့်လည်းလက်ရှိှိအချိန်မှာမှာပြည်သူတွေအတွက်အကောင်းဆုံးရပ်တည်သော မှန်ကန်ဖြောင့်မတ်သော လွတ်တော်ကိုယ်စားလှယ်ဖြစ်ရန် အချိန်ကောင်းသို့ရောက်ရှိနေပြီပြစ်ကြောင်းအသိပေးအပ်ပါသည်။

Unknown said...

ဖွဲ့စည်းပုံကို ပြင်လိုက်ရင် ဘယ်သူမှ မနာဘူး ၊ အခုတော့ ခုံရုံးအဖွဲ့ကို ကြံ့ဖွံ့ကိုယ်စားလှယ်တွေက မပြုတ် ပြုတ်အောင် တိုက်လိုက်သလို ဖြစ်သွားတယ် ၊ တပ်မတော်သားကိုယ်စားလှယ်တွေက သဘောမတူဘူး ၊ တပ်မတော်က မျက်စေ့ရှုပ်လာလို့ အာဏာပြန်သိမ်းရင် သွားပြန်ပြီပေါ့ ။ win-win policy လုပ်ရမှာ ၊ အခုတော့ တစ်ဖက်ရှုံးဖြစ်သွားတဲ့အပြင် ၊ အာဏာရှင်လွှတ်တော်ပုံပေါက်သွားပြီ ။
အမှန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလိုဟာမျိုးကို အချိန်ပေးပြီး မြန်မြန်နဲ့ကောင်းကောင်း ဖြစ်အောင် ဆွဲရမှာ ၊ အခုတော့ ကိုယ်ကျိုးစီးပွား ကာကွယ်လွန်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးတဲ့ ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်မလာတော့ အခြေခံ လူတန်းစားတွေ နာပြီပေါ့ ။ အခြေအတင်နဲ့ ကြာနေမယ့်ကိစ္စ ထွက်ပေါက်ရအောင် ဖွင့်ပေးလိုက်တဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ။

Anonymous said...

မီးများမီးနိုင် ရေများရေနိုင်။ တရားဥပဒေအထက်မှာ---------ဟင်း ရင်လေးစရာပါလား။

Unknown said...

ဟိုအရင်တုံးက တရားသူကြီးပေါ့ ကျွန်တော့ကို မတော်မတရား အမိန့် ချခဲ့တာ အဲဒီလူကြီး ရခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေ နည်းတာမဟုတ်ဘူး ကျွန်တော့လို မတရား အမိန့်ချခံ ခဲ့ရသူတွေ အများကြီး

အမှန်တကယ် အလုပ်လုပ်ပြီး ပြည်သူလူထုကို မေတ္တာထားတဲ့ သမ္မတကြီးဦးသိန်းစိန်ကြာင့် မြန်မာနိုင်ငံ ကံကောင်းတယ် ကျေးဇူးတင်ပါတယ်

Unknown said...

အဲဒီလောက်ကြီးတော့......ကျွန်တော်ဥာဏ်မမီပါဘူး။
ဒါပေမယ့်..ကျွန်တော့်အထင်တစ်ခုကိုပြောကြည့်ချင်တယ်...........
အခုမှစပြီးဒီမိုကရေစီ လမ်ကြောင်းပေါ်ကို မနည်းရုန်းကန်တတ်လာရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ခေါင်းဆောင်တွေမှာ အားနည်းချက်တွေရှိမှာ မလွဲပါဘူး ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ပြည်သူတွေကလည်းဘေးထိုင်ပြီး ဟိုဟိုဒီ
ဒီ ပြောနေမယ့်အစား ကိုယ်တတ်နိုင်မယ့်လမ်းကြောင်းကနေ ကူညီပေးကြ မယ်ဆိုရင် အချိန်တိုတိုနဲ့ကျွန်တော်တို့နိုင်ငံကို ရုပ်လုံးဖေါ်နိုင်မယ်လို့ ထင်မိ ပါတယ်။ကျွန်တော့်အထင်မှားတယ်ဆိုရင်ခွင့်လွတ်ကြပါနော့.......

ကိုမိုက် said...

ဘာပဲပြောပြော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့သမတကပြောတာ လက်မခံဘူးဆိုတော့ စဉ်းစားစရာပဲ၊ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာဆိုရင် မတူတာတွေ၊ အာဏာပါဝါတွေ ၊စီနီယာတွေ ဘေးချိတ်ပြီး အမြန်ဆုံးအကောင်ထည်ဖော်သင့်တာပေါ့....မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကို အမြန်ရပါစေလို့ပဲဆုတောင်းရတော့မှာပဲ...။

kokyi said...

မီးများမီးနိုင် တာလားနိုင် ငံအတွက်အကြိုးရှိ တဲ့သူတွေပါသွားတာပေါ့ အာဏာအတွက် လုပ်လိုက်တာပေါ့လေ လွတ်တော်အမတ်တွေက ရောတိုင်ပြည် တကယ်ချစ် ကျပါ သလားဘယ်သူကအပြည်အဝ ထောက်ခံရဲ လဲ လွတ်တော်အထက်မှာ မိုးကောင်းကင် ပဲရှိတယ်ဆို တော့နဲနဲတော့ကြောက် မိပါရဲ့

kokyi said...

လွတ်တော်က အမတ်တွေက တိုင်းပြည်အတွက်တကယ်အနစ် နာခံရဲလား မိမိကောင်းဖို့ပဲကြည့်နေတဲ့ ရွေမန်း ကိုဘယ်သူကယုံတာလဲ တိုင်းပြည်အတွက် ရင်လေးတယ်

Powered by Blogger.