သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု Reviewed by သစ်ထူးလွင် on 21:54 Rating: 5

3 comments:

gold said...

သမ္မတကြီးခင်ဗျား..အချုပ်အချာအာဏာပိုင်သောမြန်မာနိုင်ငံတော်၏အကြီးအကဲတယောက်အနေနဲ့မည်သည့်နိုင်ငံ ခြားတိုင်းပြည်အကြီးအကဲရဲ့ဖိအားပေးမှုကိုမှလက်မခံပါနှင့်။အရည်အချင်းရှိလျင်အရည်အတွက်မလိုပါ။ဥပမာအစ္စရေးနိုင်ငံလိုပေါ့။မိမိပြည်သူတွေထက်အရေးကြီးတာမရှိပါ။ပြည်တွင်းအားသည်ပြည်တွင်းမှာသာရှိပါတယ်။ပြည်သူပြည်သားအားလုံးသမ္မတကြီးရဲ့နောက်မှာမားမားမတ်မတ်ရပ်တည်နေပါတယ်ခင်ဗျား။

Unknown said...

မြန်မာနိုင်ငံတော်နှင့် ပြည်သူပြည်သားတို့ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်သော သမ္မတကြီး၏ ခရီးစဉ်မှန်သမျှ အောင်မြင်ချောမွေ့နိုင်ပါစေသတည်း။

Unknown said...

ကြေးနီတောင် ကိစ္စအပြီးဆွေးနွေးခဲ့ပါလေ

ဘယ်လောက်လျှော်ရမလဲ မေးပြီး လွှတ်တော် မှာဆွေးနွေး ပါလေ

နအဖ ရဲ့သမိုင်းအမွေတွေဇါတ်သိမ်းနိုင်အောင်ဆောင်ရွက်ပါလေ

Powered by Blogger.