လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်

အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘာသာရေးအစွန်းရောက် အကြမ်းဖက် သမားများရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အမေရိကန် ၀ါရင့်သံတမန် တဦးဖြစ်သည့် ( ဂျေ ခရစ်တိုဖာ စတီဖင် - လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး )
သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ အမေရိကန်သံအမတ် သေဆုံးရမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း ကြေညာစဉ်။ (၀၉-၁၂-၁၂)

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင် လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင် Reviewed by သစ်ထူးလွင် on 09:16 Rating: 5

3 comments:

Unknown said...

အမေရိကန် အစိုးရအနေဖြင့် သတိထားသင့်သည်မှာ အရာရာတိုင်းတွင် လူ့အခွင့်အရေးရှုထောင့်တစ်ခုတည်းဖြင့် မကြည့်သင့်သောအချက်ဖြစ်ပါသည် ။ ယနေ့ ကမ္ဘာတစ်လွှားဖြစ်ပျက်နေသော အကျည်းတန်လှသော အကြမ်းဖက်မှုဖြစ်စဉ်အားလုံးသည် မည်သည့် အကြောင်းကြောင့် ဖြစ်ပျက်ခဲ့ရပါသနည်း ။ ကိုဆိုဗိုအရေးအခင်းမှအစ အမေရိကန်တွင်ဖြစ်ခဲ့သော စက်တင်ဘာ ၁၁ မျော်စင်ညီနောင်အလယ် မြန်မာ၏ ရခိုင်နှင့် အိန္ဒိယ၏ အာသံပြည်နယ်တွင် ဖြစ်ပျက်ခဲ့မှုအဆုံး မည်သည့်အကြောင်းတရားကို အခြေခံခဲ့ပါသနည်း။ ဒုတိယကမ္ဘာစစ် မဖြစ်မီက လတ်တလောပြသနာ အနည်းကိုစိုးရိမ်ပြီး ဟစ်တလာ၏ အလိုကိုလိုက်လျောခဲ့သော နိုင်ငံပေါင်းချုပ် အသင်းကြီး၏ မှားယွင်းမှုကြောင့် ကမ္ဘာစစ်ကြီးဖြစ်ခဲ့ရပါသည်။ ယခုကိစ္စတွင်လည်း ပြသနာ၏ အရင်းခံကို သေချာသုံးသပ်ပြီး ကမ္ဘာကြီး၏ ဆူးငြောင့်များကို ပြတ်သားစွာ ချေမှုန်းသင့်ပါသည်။

Dohbamar said...

အခုတော့ရခိုင်ပြည်သူတွေကိုအမေရိကန်တို့တကယ်ကိုယ်ချင်းစာနိုင်ကြပြီပေါ့။

mg mg said...

မင်းတို့ကောင်တွေ မင်းတို့လူထိမှလျှောက်အော်မနေနဲ့၊ငါတို့နိုင်ငံဖြစ်တော့မတရားပြော။သေချာမစုံစမ်းပဲစွပ်စွဲသေးတယ်။ နားလည်စမ်းပါ USA ရယ်။

Powered by Blogger.