ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တားနား တွေ့ ဆုံ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ
တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့
နှစ်ဘက်လုံးက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား တချို့ နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားနဲ့
မွတ်စလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ အခုတခေါက် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဖို့ စီစဉ်ထားသလို လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese

(Photo-AFP)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တားနား တွေ့ ဆုံ ဒေါ်အောင်ဆန်းစုကြည်နဲ့  ကင်တားနား တွေ့ ဆုံ Reviewed by သစ်ထူးလွင် on 19:46 Rating: 5

No comments:

Powered by Blogger.