စစ်ကိုင်း ဧမြ၀တီ ရပ်ကွက် ရေ၀င်ရောက်


စစ်ကိုင်း၊ သြဂုတ် ၃

စစ်ကိုင်းမြို့  ဧရာဝတီ မြစ်ကမ်းဘေး ရှိ အနိမ့်ပိုင်းဒေသ များတွင် ရေလွှမ်းမိုး မှုဒဏ်ကို တွေ့ကြုံနေ ရကြောင်း စစ်ကိုင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ၀ါဆို ၀ါခေါင်လ များတွင် ရေလွှမ်းမိုးမှု ဒဏ်တွေ့ကြုံလေ့ရှိသော အဆိုပါ ဒေသတွင် နေထိုင်သူများမှာ အမြင့်ပိုင်း ဒေသရှိ ဘုန်းတော် ကြီးကျောင်းများနှင့် ဘုရားရင်ပြင် ကြားနေရာများတွင် ယာယီ နေထိုင်လျက် ရှိကြကြောင်း ဧမြ၀တီ ရပ်ကွက် ဒေသခံများက သြဂုတ်လ (၃)ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

"သုံးနှစ်တစ်ကြိမ် လောက် ရေတွေလမ်းပေါ် အထိ တက်တယ်၊ ဒီနှစ် တော်သေးတယ် ပြောရမယ်၊ တော်သလင်းလဆန်း လောက်ဆို ရေပြန်ကျသွားပါပြီ" ဟု အဆိုပါ ရေလွှမ်းခံရသော အိမ်ခြေပါ မိသားစု ၀င်တစ်ဦးက ဆိုသည်။

စစ်ကိုင်းမြို့  မင်းဇင် အရပ်နှင့် ဧမြ၀တီ အရပ်တွင် နှစ်စဉ် ရေ၀င်နေကျ အရပ်ဒေသများ ဖြစ်ကြောင်း၊ သို့ သော် ယခုနှစ် ၀ါဆိုဝါခေါင် ရေတက်ချိန်ထိ မင်းဇင်အရပ်သို့ အိမ်မြုပ် နိုင်အထိအောင် ရေတက်ခြင်းမရှိဘဲ ဧမြ၀တီ အရပ်သို့  သာ လူနေတဲများ မြုပ်သည်အထိ ရေတက်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတံတားသို့သွားရာ စစ်ကိုင်း-မန္တလေး လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများနှင့် အမရပူရမြို့ နယ် ရှိ လမ်းဘေးဝဲယာ ဒေသများတွင် ရေလွှမ်းလျက် ရှိကြောင်း မျက်မြင်တွေ့ မြင် ခဲ့ သူ မန္တလေးမြို့ ဒေသခံတစ်ဦးကဆိုသည်။

The Voice Weekly
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်