လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ ရဲတွေကို ပစ်ခတ်မူ မလုပ်ဖို့ အထက်က ညွန်ကြားထားပုံရပါတယ်။ ဒါကြောင့် သူတို့က ဘာမှ မတုန့်ပြန်ဘဲ ကိုယ်လွှတ် ထွက်ပြေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရတဲ့ သတင်းက စစ်တပ်နဲ့ အဲဒီနေရာကို လာပြီး ထိန်းလိုက်မှ အခြေအနေ တည်ငြိမ်သွားတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
အခင်း ဖြစ်ပွားရာတွင် ပါဝင်ခဲ့သော  ရဲတပ်ဖွဲ့ဝင်များမှာ မင်းဂံ စခန်းမှူး၊ တပ်ကြပ်ကြီး ဦးဖေသန်းဦး၊ တပ်သား အောင်ရွှေနှင့် တပ်သား ကိုလှဝင်းတို့ ဖြစ်ကြောင်းနှင့် သူတို့တွင်  စက်ကလေးတစ်လက်၊ ရိုင်ဖယ် (၂)လက်နှင့် ခြောက် လုံးပြူး (၁)လက်တို့ ပါရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
နောက်တစ်ခြား ဖြစ်စဉ် တစ်ခုတွင် မြန်မာ စစ်တပ်နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  သေနတ် ပစ်ခတ်မူ အထိ ဖြစ်ပွားခဲ့သည်ဟု ဦးအောင်မြကျော်က ပြောသည်။
“ မနေ့က ညနေပိုင်းမှာ စစ်တွေမြို့ပြင်   ဒုံးပြင် မွတ်ဆလင် ရွာမှာလည်း စစ်တပ်နဲ့ ပြဿနာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဖြစ်တာက အဲဒီရွာက မွတ်ဆလင် သုံးလေးဦးက အနီးအနားမှာ စခန်းချနေတဲ့  စစ်တပ်ဖွဲ့ တစ်ခုက စစ်သားတွေကို သူတို့ရွာမှာ မြေပိုင်ဆိုင်မူနဲ့ အရှုပ်အထွေး ဖြစ်ပြီး စကားများနေကြတဲ့ အတွက် လာရောက် ဖြေရှင်းပေးပါဆိုတာကြောင့် ရွာထဲကို လိုက်သွာံးတဲ့အခါ မွတ်ဆလင် လူအုပ်က ၀ိုင်းလာတဲ့ အတွက် မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီးတော့ ထွက်ပြေးလာရတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က တပ်ကူလိုက်သွားပြီး ပစ်ခတ်တဲ့ အတွက် လူ (၃) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြုလုပ်ကြခြင်းမှာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား စစ်တွေကို ရောက်ရှိနေချိန်တွင် ပြဿနာ ဖြစ်ပွားပြီး အရှုပ်အထွေး ဖြစ်အောင် တမင် ဖန်တီး လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွတ်ဆလင်များ ဘက်မှ သဘောထားကို သိရှိနိုင်အောင် ဖုံးဖြင့် ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

နိရဉ္စရာ သတင်းဌာန
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်