မြစ်ကြီးနား (NLD)မှ ကျင်းပြုလုပ်သော ၆၅နှစ်မြောက်အာဇာနည်နေ့အခမ်းအနား

 အာဇာနည်နေ့ အခမ်းနားကို 19.7.2012 တွင် မြစ်ကြီးနား မြို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နံနက် ၈နာရီအချိန်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်စူး၍ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ငွေကြိုင်နှင့်ဦးခင်မောင်မြင့် တို့မှဦးဆောင်ပြီး မန္တလေးကျောင်းတိုက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထူ အစုစုတို့ဖြင့်ဆက်ကပ်လျူဒါန်းခဲ့ပါသည်။

 ထို့နောက် အဖွဲ့ချုပ်ရုံးတွင်သဘာပတိအဖြစ် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးချစ်အေးမှဆောင်ရွက်၍သဘာပတိအဖွဲ့ဝင်အဖြစ် ဒေါ်ငွေကြိုင် နှင့် ဒေါ်သူဇာအောင်တို့မှ
ပါဝင်ဆောင်ရွက်ခဲ့ပါသည်။အခမ်းနာမှူးအဖြစ် ဦးကျော်သီဟအေး မှဆောင်ရွက်ခဲ့ပါသည်။အခမ်းနားအစီအစဉ်အရ တက်ရောက်လာသော ဧည့်ပရိတ်သတ်နှင့်အဖွဲဝင်များမှ အာဇာနည်နေ့အကြောင်း သိကောင်းစရာ အချက်လက်များကို ဟောပြောခဲ့ကြပြီး၊အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောအချိန် ၁၀နာရီ၃၇မီနစ်တွင် ဥသြဆွဲ၍ တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုပြီး အခမ်းနားအားရုတ်သိမ်းခဲ့ကြပါသည်။

ရဲသွေးနီ၊ကိုမြတ်
မြစ်ကြီးနား (NLD)မှ ကျင်းပြုလုပ်သော ၆၅နှစ်မြောက်အာဇာနည်နေ့အခမ်းအနား မြစ်ကြီးနား (NLD)မှ ကျင်းပြုလုပ်သော ၆၅နှစ်မြောက်အာဇာနည်နေ့အခမ်းအနား Reviewed by သစ်ထူးလွင် on 20:47 Rating: 5

No comments:

Powered by Blogger.