လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများအား ၈၈ မျိုးဆက်အဖွဲ့ မှ ကြိုဆိုနေစဉ် ဓါတ်ပုံ-Hot News
 နိုင်ငံတော် သမ္မတမှ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအုပ်ချုပ်ပုံအခြေခံဥပဒေ က အရ ယနေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်းသား ၃၇ ဦး  ၊ အကျဉ်းသူ ၉ ဦး ၊ နိုင်ငံခြားသာ အကျဉ်းသား ၃၉ ဦး ၊ စုစုပေါင်း ၈၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နှင့် နိုင်ငံခြားသားများအာ
 ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 NLD မှ ပြုစုထားသော နိုင်ငံရေးအကျဉ်းသားများထဲမှ ကိုသန်းဇော်  (သရက်ထောင် ) ၊ ကိုအေးအောင် (ကလေးထောင် ) ၊ ကိုအောင်အောင် (ကသာထောင် ) ၊ ကိုပြည့်ဖြိုးအောင် (ပြည်ထောင် ) ၊ ကိုအောင်ကျော် (မြစ်ကြီးနားထောင် )  ၊ ဒေါက်တာ ကျော်ကျော် (မြင်းခြံထောင် ) တို့ ဖြစ်ကြပြီး ၊ အင်းစိန်ထောင်မှ ကိုမြင့်ကြိုင် ၊ ကိုအေးသိန်း(ခေါ်) ရန်နိုင် ၊ စောဦးရင် ၊ ကိုမြတ်သူ ၊ ကိုအောင်မိုးဇော် ၊ စောဖရန့်စစ် ၊ ဇော်မင်းအောင် နှင့် ဥက္ကံမြို့မှ သုံးဦး (အမည်မသိ) ၊ အမည်မသိ တစ်ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း သတင်းရရှိသည်။


Hot News သတင်းအဖွဲ့
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း Reviewed by သစ်ထူးလွင် on 17:19 Rating: 5

No comments:

Powered by Blogger.