သတ္တုနှင့် သယံဇာတ ကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံမည်

ရွှေလုပ် ငန်းခွင်မှ နေ့ စား အလုပ် သမားများ
ရန်ကုန် ၊ ဇူလှိုင် ၂၇

ပြည်ထောင်စု လွှတ်တော်က တာဝန်ပေး ဖွဲ့စည်းခဲ့သော သတ္တုနှင့် သယံဇာတ ကော်မတီ သည်
ရွှေတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းရှင်များ တွေ့ဆုံကာ နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်ရှိနေသေးသော ရွှေစင်သားများနှင့် ပတ်သက်၍ ဇူလိုင်လ ၃၁ ရက်နေ့တွင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းဝိုင်းမှ သိရသည်။

“ သတ္တုလုပ်ငန်းက ကျွန်တော်တို့ ကုမ္ပဏီတွေကို ပေးသွင်းရမယ့် ရွှေစင်သားတွေကိုသတ်မှတ်ထားတဲ့ စာချုပ်အတိုင်း တိတိကျကျ ဆောင်ရွက်ပေးဖို့ ကော်မတီနဲ့တွေ့မှာပါ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဗန်းမောက် နှင့် ပင်လည်ဘူးဒေသတို့တွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက The Voice
Weekly သို့ ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ
လုပ်ဆောင်နေသော ကုမ္ပဏီများအနက် နိုင်ငံတော်သို့ အခွန်အဖြစ်
ရွှေစင်သားများ ပေးသွင်းရန် ကျန်ရှိနေသော ကုမ္ပဏီများကို သတ္တုတွင်းဝန်ကြီးဌာနအမှတ် ၂ သတ္တုလုပ်ငန်းက ကျန်ရှိသော ရွှေစင်သားများကို ပေးသွင်းကြရန်နှင့်ပေးသွင်းခြင်းမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့ရက်စွဲဖြင့် တရားဝင်ထုတ်ပြန် ကြေငြာခဲ့သည်။

ယခင် အစိုးရ လက်ထက်က စာချုပ် စည်းကမ်းချက်နှင့် မကိုက်ညီ၍ ဒဏ်ကြေးအဖြစ်ရွှေစင်သားနှင့် ငွေသားများပေးသွင်းရန် သတ်မှတ်ခဲ့ပြီး ယင်းဒဏ်ကြေးများကိုလည်းရွှေကုမ္ပဏီများ ပေးဆောင်ထားသော်လည်း အထက်ပါ ထုတ်ပြန်ကြေညာချက်တွင်ဒဏ်ကြေးပေးသွင်းထားပြီးသော ကာလများကိုပါ နိုင်ငံတော်သို့ ပေးသွင်းရန်ရွှေစင်သားအဖြစ် သတ်မှတ်လိုက်ကြောင်း ကချင်ပြည်နယ် အခြေစိုက်
ရွှေတူးဖော်ရေးကုမ္ပဏီအဖြစ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

နိုင်ငံတော်သို့ ရွှေစင်သား ပေးသွင်ကျန်ရှိနေသော ရွှေလုပ်ငန်း ကုမ္ပဏီများအနက်ကုမ္ပဏီ ၁၄၀ က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းများနှင့် ပေးသွင်းရမည့် ပမာဏကိုညှိနှိုင်းနေကြောင်း အမှတ် ၂ သတ္တု
လုပ်ငန်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ ကျွန်တော်တို့ ပေးသွင်းဖို့ ကျန်တဲ့ ရွှေက(ဆယ်ဂဏန်းရှိသော) ကျပ်သားလောက်ပဲ တွက်ထားတာ။ခု စာရင်းက ၃ပိသာနဲ့ ၉၀သား(ကျပ်သား)ဆိုတော့ ကျွန်တော်တို့ဘက်က ဘယ်လိုမှ ပေးဖို့ မဖြစ်နိုင်လို့ပြန်ညှိုနှိုင်းနေတာပါ” ဟု စစ်ကိုင်းတိုင်းရှိ ရွှေလုပ်ငန်းရှင်ကြီးတစ်ဦးက
ဆိုသည်။

အသေးစား ရွှေကုမ္ပဏီ ၄၉ ကုမ္ပဏီမှာမူ နိုင်ငံတော်သို့ ပေးသွင်းရမည့်
ရွှေစင် ရွှေသားများကို ပေးဆောင်ခြင်း မရှိသည့်အပြင် သက်ဆိုင်ရာနှင့်လည်း
ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုလ ၁၈ ရက်နေ့ နောက်ဆုံးထားကာပေးသွင်းကြပါရန်နှင့် ပေးသွင်းခြင်း မရှိပါက ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို တည်ဆဲ ဥပဒေအရ အရေးယူ သွားမည့်အပြင် ကုမ္ပဏီများနှင့်ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း သွင်းသွားမည် ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ကြေငြာချက် တွင် ဖော်ပြပါရှိသည်။

The Voice Weekly
သတ္တုနှင့် သယံဇာတ ကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံမည် သတ္တုနှင့် သယံဇာတ ကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံမည် Reviewed by သစ်ထူးလွင် on 19:55 Rating: 5

No comments:

Powered by Blogger.