ဦးမြင့်ဆွေကို ဒုသမ္မတနေရာအတွက် တရားဝင်ကန့်ကွက်မှု မရှိသေးဟုဆို

ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမြင့်ဆွေနှင့် ပတ်သက်၍ တရားဝင်ကန့်ကွက်မှုများ မရှိသေးကြောင်း သမ္မတနှင့် ဒုသမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောသည်။

"အချက်အလက်နဲ့ တင်ပြလို့ ငြိစွန်းရင်တော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါဘယ်သူ့အတွက် မဆိုပါ" ဟု ဦးဌေးဦးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုသမ္မတဖြစ်မည့်သူများ၏ သား၊ သမီးများ၏ အိမ်ထောင်ဖက်များသည် နိုင်ငံခြားသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်၊ ဇူလိုင်-၁၄
by 7Day News Journal
ဦးမြင့်ဆွေကို ဒုသမ္မတနေရာအတွက် တရားဝင်ကန့်ကွက်မှု မရှိသေးဟုဆို ဦးမြင့်ဆွေကို ဒုသမ္မတနေရာအတွက် တရားဝင်ကန့်ကွက်မှု မရှိသေးဟုဆို Reviewed by သစ်ထူးလွင် on 19:38 Rating: 5

No comments:

Powered by Blogger.