မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နော်ဝေအစိုးရ ကူညီမည်

နော်ဝေ အစိုးရက မြန်မာ့ ခရီးသွားလုပ်ငန်းကို အကူအညီ ပေးမယ်ဆိုတာ မှန်ကန်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင်က အတည်ပြု ပြောတယ်လို့ သိရပါတယ်။

ဘယ်လို အကူအညီတွေ ပေးမယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်
ပြောဆိုခြင်း မရှိပါဘူး။

ဒါပေမယ့် လာမယ့် နှစ်အနည်းငယ် အတွင်း ရန်ကုန်ကနေ မိုင် ၃ဝ နီးပါး
ဝေးတဲ့ ပဲခူးမြို့နယ် အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ် တည်ဆောက်
မယ်လို့ ဒုတိယ ဝန်ကြီး ဦးဌေးအောင်က ပြောဆိုကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ များလာနေတာကြောင့် ပြည်တွင်းမှာ ဟိုတယ်ခန်းတွေ အလုံအလောက် ဝန်ဆောင်မှု မပေးနိုင်သေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ညိနှိုင်း ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နော်ဝေအစိုးရ ကူညီမည် မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နော်ဝေအစိုးရ ကူညီမည် Reviewed by သစ်ထူးလွင် on 19:22 Rating: 5

No comments:

Powered by Blogger.