၅၉ နှစ် ပြစ်ဒဏ်ချခံရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင် ကလေးထောင်မှ လွတ်

ရန်ကုန်၊ ဇူလိုင် ၃
ထောင်ဒဏ် ၅၉ နှစ် ကျခံ ခဲ့ရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင်သည် ယနေ့ နံနက်ပိုင်းက ကလေးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု သိရသည်။

''လွတ်တာ သေချာပါတယ်။ ထောင်ရှေ့ကနေ ကျွန်မတို့ဆီ ဖုန်း ဆက်ပြီး ပါပြီ''ဟု ကိုအေးအောင်၏ မိခင် ဒေါ်စန်းမြင့်က အတည်ပြုပြော ကြားသည်။ ကိုအေးအောင်သည် အင်းစိန် နှင့် ကလေးထောင်တို့တွင် ၁၄ နှစ်ကြာ ကျခံခဲ့ရသူဖြစ်သည်။ ကိုအေးအောင်၏ အမှုတွဲများအား လုံးမှာ ၂ဝ၁၁ ခုနှစ်အတွင်း လွတ် ငြိမ်းခွင့်ရရှိခဲ့သည်။''ထောင်ကျတာ ဖောက်ခွဲရေး နဲ့ဆိုင်တဲ့အမှု တစ်ခုမှမပါဘူး။ ဘာ ကြောင့် အရင်လွတ်ငြိမ်းပေးတုန်းက ကျန်ခဲ့သလဲ မသိဘူး။ အခုတော့ ဝမ်းသာလွန်းလို့ မျက်လုံးတောင် ပြာနေပြီ' ဟု ကိုအေးအောင်၏ဖခင် ဦးသောင်းစိန်က ပြောသည်။ကိုအေးအောင်သည် ၁၉၉၈ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဖမ်းခံရပြီး ၁၉၉၉ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထောင်ဒဏ် ၅၉ နှစ် ကျခံရန် အမိန့်ချခဲ့သည်။ ၁၉၉၉ ဧပြီ ၁၁ ရက်နေ့တွင် အင်းစိန်မှ ကလေးထောင်သို့ ရောက်ရှိခဲ့သည်။ ကိုအေးအောင် အား အင်းစိန် တရားရုံးမှ ၁၇/၁ ပုဒ်မဖြင့် ၃ နှစ်၊ ၁၇/၂ဝ ပုဒ်မ နှစ်မှုဖြင့် တစ်မှုလျှင် ၁၄ နှစ်၊ စုစုပေါင်း ၂၈ နှစ်၊ ၅/ည ပုဒ်မ လေးမှုဖြင့် တစ်မှုလျှင် ၇ နှစ်၊ စုစုပေါင်း ၂၈ နှစ် အမိန့်ချခဲ့သည်။

မြင်းခြံအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးလွတ်မြောက်ပြီး ၂ ဦးမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့သူ ဒေါက်တာကျော်ကျော်နှင့် ကောရိယို တို့ဖြစ်ပြီး၊ ကျန် ၃ ဦးမှာမူ နိုင်ငံရေးနှင့်ဆက်နွှယ်ကာ အကျဉ်းကျခဲ့သူများဖြစ်ကြောင်းသိရသည်။

သို့ရာတွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းဆွေနှင့် နိုင်ငံရေးကြောင့် အကျဉ်းကျခဲ့သူ ကိုဇော်ခိုင်နှင့် ဦးကျော်ထွန်းတို့မှာမူ လွတ်မြောက်ခြင်းမရှိသေးပဲ သာမန်အကျဉ်းသားအဖြစ် သတ်မှတ်ကာ တိုက်တွင်းမှ သာမန်အဆောင်သို့ ပြောင်းလဲထားရှိပေးကြောင်းသိရသည်။ သို့သော် ယင်းတို့ကမူ တိုက်တွင်းတွင်သာ အဆင်ပြေသဖြင့် မပြောင်းလိုဟုဆိုကြောင်းသိရသည်။
Popular Myanmar News Journal
၅၉ နှစ် ပြစ်ဒဏ်ချခံရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင် ကလေးထောင်မှ လွတ် ၅၉ နှစ် ပြစ်ဒဏ်ချခံရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင် ကလေးထောင်မှ လွတ် Reviewed by သစ်ထူးလွင် on 11:33 Rating: 5

No comments:

Powered by Blogger.