စိုက်ပျိုးရေး ကုမ္ပဏီ ၁၆ ခုကို ကျေးရွာ ၉ရွာမှ လယ်သမားများက ဆန္ဒပြ


ရန်ကုန်၊ဇူလိုင် ၂၀

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်  ကုပ္မဏီ ၁၆ခုကို ဒေသခံ လယ်သမားနှင့် အကျိုးတူ ပူးပေါင်း၍ စံပြစပါး စိုက်ပျိုးရေးဇုန် လုပ်ရန် လုပ်ကိုင်ခွင့် ချထား ပေးသော်လည်း ယခုအချိန်အထိ မလုပ်ကိုင်သဖြင့်စားဝတ်နေရေး ခက်ခဲလာ၍ ကျေးရွာ ၉ရွာမှ လယ်သမား၂၀၀ကျော်က ဆန္ဒပြခြင်း ဖြစ်သည်ဟု လယ်သမားကြီး ဦးမြအောင်က ပြောကြားသည်။


၂၀၀၈ ခုနှစ်က လယ်ဧက တစ်သောင်းကျော်ကို လန/၃၉ အရ သိမ်းယူခဲ့ပြီး စိုက်ပျိုးရေး ကုပ္မဏီ ၁၆ခုကို လယ်သမားများနှင့် စံပြ စိုက်ပျိုးရေးဇုန် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် တပ်မတော် အစိုးရ လမ်းညွန်ခဲ့ကြောင်း ၂၀၁၁ခုနှစ်အထိ အကောင်အထည် မဖော်သဖြင့် လယ်သမား စားဝတ်နေရေး ခက်ခဲလာကြောင်း ညောင်ပင်သာ ကျေးရွာမှ လယ်သမား ဦးမြင့်အောင်က ပြောကြားသည်။

“စားဝတ်နေရေး အဆင်မပြေလို့ လယ်သမားတွေ ဒီနှစ် စပါး ၀င်စိုက်တာကို ကုပ္မဏီက ဖျက်စီး ပစ်တယ် ဟု ၄င်းကဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ ထွက်ရှိပြီး ၁၅ ရက်အကြာ ဇူလိုင်၂၀ရက်နေ့တွင် ဒုတိယမြောက် အဖြစ် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် သရက်ပင်ချေုာင်ကျေးရွာမှ လယ်သမားများသည် အပို စည်းကမ်းချက် ၁၀ချက်ဖြင့် ဆန္ဒပြခွင့် ရရှိခဲ့ကြောင်း ဆန္ဒပြခွင့် လျောက် ထား သူရှေ့နေ ဦးရန်နိုင်အောင်က ပြောကြားသည်။

ယင်းမြို့နယ်အား စံပြ စိုက်ပျိုးရေး အထူးဇုန် နှစ်ဇုန်ခွဲကာ ဒဂုံ အင်တာနေရှင်နုယ်၊ ယုဇန ကုမ္ပဏီ၊ မြင့်ဇေယျာ ကုမ္ပဏီ၊ စင်းရွှေလီ၁/၂၊ ၀န်းရံခ၊ မြတ်ရွှေဝါ၊ ရွှေနဂါးမင်း၊ မက်စ်မြန်မာ၊ ရွှေဟိန်းထက်၊ ဧဒင်၊ အေးရှားဝေါလ်၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၊ ရွှေတောင်၊ ပင်လယ်ကိုးသွယ်၊ ဂွတ်ဘရားသား အမည်ရှိသော ကုမ္ပဏီကြီးများ အကောင်အထည် ဖော်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဆန္ဒပြ လယ်သမားများက တညီ တညွတ်တည်း ပြောကြားသည်။

သရက်ပင်ချောင်၊ ညောင်ပင်၊ ကျီစုအရှေ့၊ နောက်၊ ထောင်တလုတ်၊ စစ်ပင်၊ လေးထောင့်ကန်၊ သုံးခွ၊ ရွာသာကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း၊ အရှေ့၊ တောင်) စသောရွာတို့မှ လယ်သမား ၁၀၈၅ဦး စိုက်ပျိုးနေသော လယ်ဧက တစ်သောင်းကျော်တွင် ဓန အင်အား ကြီးမားသူ အထက်ပါ ကုပ္မဏီများက ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ယင်းနေ့က တွေ့ရသော ဆန္ဒပြ တောင်သူများက ပြောကြားသည်။
တစ်ဧကကို အိုးအိမ်က နှစ်သောင်း ထုတ်ပေးခဲ့ပြီး စိုက်ပျိုးရေး ကုမ္ပဏီများက တစ်ဧက ငါးသောင်း ထပ်ထုတ် ပေးခဲ့ကြောင်း ၊အိုးအိမ်ကပဲ၂၀x၆၀ မြေကွက် ပေးအပ်ခဲ့ကြောင်း အမည်မဖော် လိုသူ ကုပ္မဏီ အကြီးအကဲတစ်ဦးက ပြောကြားသည်။

The Voice Weekly
စိုက်ပျိုးရေး ကုမ္ပဏီ ၁၆ ခုကို ကျေးရွာ ၉ရွာမှ လယ်သမားများက ဆန္ဒပြ စိုက်ပျိုးရေး ကုမ္ပဏီ ၁၆ ခုကို ကျေးရွာ ၉ရွာမှ လယ်သမားများက ဆန္ဒပြ Reviewed by သစ်ထူးလွင် on 21:15 Rating: 5

No comments:

Powered by Blogger.