စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်

စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား ယနေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြတောင်းဆိုသည့်နေရာတွင် ရဲနှင့် လုံခြုံရေး(၅၀)၀န်းကျင်ချထားကြောင်းနှင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိပြီးသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းကိုလည်း ဆန္ဒပြသူများက ဆိုသည်။

ကျောက်မျက် ဈေးတွင်စစ်ကိုင်းမြို့လမ်းဘေးကျောက်ဝိုင်းလုပ်ကိုင်ကြသူများအား ရွှေ့ပြောင်းခိုင်းသူများ ပါဝင်ရောင်းချနေသော   ဈေးဖြစ်၍ ယခင်လမ်းဘေးဝိုင်းများတွင် ရောင်းချစဉ်ကလောက် မရောင်းရသော ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။

‘ဒီဈေးကိုအရင်က လမ်းဘေးကျောက်ဝိုင်းရောင်းချမှုက မသင့်တော်လို့ ပြောင်းရွေ့လာတဲ့သူတွေ ဖွင့်လှစ်ရောင်းချနေတဲ့ဈေးပါ၊ အရင်ကလောက် အရောင်းအ၀ယ်မဖြစ်လို့ အချက်(၃)ချက် တောင်းဆို ကြတာပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆင်များရှင်ကျောက်မျက်ဈေး က ဈေးသည်တစ်ဦးက ပြောသည်။

၎င်းတို့ တောင်းဆိုနေကြသည့်အချက်များမှာ ဆင်များရှင်ဈေးအား စည်ပင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အချောထည်ဈေးကွက် တည်ငြိမ်စေရေးနှင့် ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှ သတ်မှတ်ထားသည့် ဈေးအတွင်းသာ   ရောင်းချနိုင်ရေး စသည့်အချက်များဖြစ်သည်၊

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup
စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော် စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 20:28 Rating: 5

No comments:

Powered by Blogger.