လွှတ်တော်တွင် ဥပဒေပြုရေး အလေးထား ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လွှတ်တော်တွင် ဥပဒေပြုရေး အလေးထား ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တွင် ဥပဒေပြုရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ကိုးနာရီ မိနစ် သုံးဆယ်ခန့်တွင် စတင်ကျင်းပသော NLD ပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

ဥရောပနိုင်ငံများသို့ ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်များ အတွင်း ခရီးပန်း နွမ်းနယ်မှုကြောင့် ဇူလိုင်လ လေးရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးသို့ ချက်ချင်း တက်ရောက်နိုင်မည် မဟုတ်ဘဲ ဇူလိုင်လ ၉ ရက်နေ့မှသာလျှင် လွတ်တော်သို့ တက်ရောက်နိုင်မည် ဖြစ်ပြီး ကျန် NLD ပါတီဝင် လွှတ်တော် အမတ်များ ကမူ ဇူလိုင်လ လေးရက်နေ့တွင် လွှတ်တော် တက်ရောက်မည် ဖြစ်သည်ဟု ယင်းပါတီက ထုတ်ပြန်ထားသည်။

The Voice Weekly


လွှတ်တော်တွင် ဥပဒေပြုရေး အလေးထား ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော လွှတ်တော်တွင် ဥပဒေပြုရေး အလေးထား ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 11:03 Rating: 5

No comments:

Powered by Blogger.