ဗန်းမော်ဆေးရုံမှာ အရိုးကုဆရာဝန်မရှိသည့် အတွက် ဒေသခံလူနာများ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ဆေးရုံတွင် အရိုးအထူးကုဆရာဝန်ကြီး ပြောင်းရွှေ့ပြီး
ယခုတိုင်အောင် အရိုးဆရာဝန်မရှိသည့်အတွက် အရိုးနှင့်ပတ်သက်သည့် လူနာများ
အထူးအခက်အခဲဖြစ်နေကြောင်းသိရပါတယ်။

နေ့စဉ်နီးပါး ဆိုင်ကယ်မတော်တဆဖြစ်မူကြောင့် ရောက်သောလူနာများ၊ ဒုက္ခသည်စခန်း
များမှ လူနာများသည် မန္တလေး(သို့)တရုတ်ပြည်သို့ တိုင်အောင်သွားရောက်ကုသနေကြရ
ပါသောကြောင့် ဒေသခံလူနာများ များစွာ အခက်အခဲဖြစ်နေရကြောင်း ဗန်းမော်မြို့ ခံတဦး
က Myanmar News Now ကို ပြောပြထားပါတယ်။
ဗန်းမော်ဆေးရုံမှာ အရိုးကုဆရာဝန်မရှိသည့် အတွက် ဒေသခံလူနာများ အခက်အခဲဖြစ်နေ ဗန်းမော်ဆေးရုံမှာ အရိုးကုဆရာဝန်မရှိသည့် အတွက် ဒေသခံလူနာများ အခက်အခဲဖြစ်နေ Reviewed by သစ်ထူးလွင် on 09:25 Rating: 5

No comments:

Powered by Blogger.