အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။
ရန်ကုန်မြို့သို့ ယနေ့နေ့လည် လေကြောင်းခရီးဖြင့် ပြန်လည်လိုက်ပါလာမည်ဟုလည်း
Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
သွားဆရာဝန်တဦးသာဖြစ်ပြီး ခုအခါ မောင်းတော န.စ.ကမှ ထိန်းသိမ်းကာ ဆက်လက်
စုံစမ်းစစ်ဆေးနေဆဲဟုသိရပါသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်