မြေယာလျော် ကြေးငွေနှင့် ပတ်သက်၍ CNPC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


SEAGP ဖက်စပ် ကုမ္ပဏီမှ ကူမင်း - ကျောက်ဖြူ စွမ်းအင် ပိုက်လိုင်း လယ်ယာမြေ လျော်ကြေးနှင့် ပတ်သက်သော သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းစဉ် - The Voice Weekly

မြန်မာနိုင်ငံအတွင်းကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်း လုပ်ကိုင်လျက်ရှိသည့် China  National Proleum Corporation (CNPC)မှ ပိုက်လိုင်း ဖြတ်သန်းရာဒေသများရှိ မြေလျော်ကြေး၊ လယ်ယာစိုက်ခင်းသီးနှံများ လျော်ကြေးငွေပေးအပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၂ ဇွန်လ ၂၄ ရက်နေ့ တွင် ဆီဒိုးနားပိာုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းဖြတ်သန်းရာဒေသများတွင် လယ်ယာလျော်ကြေးငွေပြဿနာများ တက်လျက်ရှိပြီး ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြေလည်မှုရရှိနိုင်စေရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

CNPC မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည် ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည်လုပ်ကိုင်နိုင်ရန် CNPC မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

The Voice Weekly
မြေယာလျော် ကြေးငွေနှင့် ပတ်သက်၍ CNPC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မြေယာလျော် ကြေးငွေနှင့် ပတ်သက်၍ CNPC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် Reviewed by သစ်ထူးလွင် on 19:34 Rating: 5

No comments:

Powered by Blogger.