လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ

လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ ပါလာသော သားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်းသိရသည်။ ၄င်းနောက် ပျော်ဘွယ်မြို့နယ် ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှင့် ဒုစရိုက်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား ယနေ့ နံနက်တွင် ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့နေ့လည်တွင် ခေါ်ဆောင် လာကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal
လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 16:09 Rating: 5

19 comments:

Anonymous said...

အမယ်..သူကသွေးအေးအေးလူသတ်ပြီး သူ့မြို့မှာ သူပြန်သွားနေ နေသေးတယ်..အဲ့လောက် လူမဆန်တဲ့အကောင်မျိုးကိုထောင်ချတာထက်ပိုဆိုးတဲ့ ပြစ်ဒဏ်ကိုပေးသင့်တယ်..တကယ်သေမဲ့ သေဒဏ်မျိုး.....ဥပမာ...မသေမချင်းကျောက်တုံးနဲ့ ပေါက်သတ်ရတာမျိုး..ကုလားနိုင်ငံတွေမှာလုပ်သလိုမျိးလေ....

pyaponthu said...

မြန်မာပြည်ကရဲတွေတော်ကြပါတယ်။မလုပ်ချင်လို့။စားဝတ်နေရေးမပြေလည်လို့လဒ်စားနေရတာပါ။ချမ်းသာရင်ဘယ်သူမှလဒ်စားမှာမဟုတ်ပါဘူး

hlawgyi said...

သူ့ ကိုလည်းအရှင်လတ်လတ်မီးရို့ ပြီးသေဒဏ်ပြန်ပေးပါ....

yein said...

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊သပြေချောင်ကျေးရွာမှ..မသီတာထွေးအား
လူမဆန်စွာရက်ရက်စက်စက်မုဒိန်းကျင့်သတ်ဖြတ်ခဲ့သော
မူဆလင်ကုလားသုံးကောင်၏နောက်ဆက်တွဲအမှုအခြေအနေ
ကိုmyanmar news nowမှဆက်လက်ဖေါ်ပြပေးပါရန်
မေတ္တာရပ်ခံပါသည်။

Anonymous said...

ရဲတပ်ဖွဲ့ကိုကျေးဇူးတင်ပါသည် တစ်ခါတစ်ရံရဲတပ်ဖွဲ့အား အားမလိုအားမရပုတ်ခတ်ဘူးပါသည် ဒီလိုအမြဲတော်နေလျင်အမြဲချီးကျုးနေပါမည်

chochoaung said...

ဒါမှ တို့  ပြည်သူ့ ၇ဲ တွေ ။ တဖြေးဖြေးနဲ့  တော်လာ ကြပြီ ။

Anonymous said...

သိပ်တော်တယ်ဗျာ။
ဒါမှ ပြည်သူတွေ အားကိုးတဲ့ ပြည်သူ့ရဲ ။
အမှုတွေအားလုံး ဒီလိုချက်ချင်း ဆောင်ရွက်နိုင်ရင်
သိပ်ကောင်းမှာဘဲဗျာ။

မရဏမင်း said...

အခုလိုဆောင်ရွက်သွားတဲ့မြန်မာနိုင်ငံရဲအားလေးစားပါတယ်ဗျာ..

naung Ye Sat said...

ကြားရတဲ့ သတင်းတွေက တစ်ကယ်ကို စိတ်မချမ်းသာစရာပဲ ... မြန်မာတွေလည်း တော်တော်ပျက်စီးနေပြီ .... အော် .... လောကကြီးက တစ်အားကြောက်ဖို့ကောင်းနေပြီဗျာ .... :( :( :(

minsoeaung said...

လူသတ် မီးရှို့ ပစ္စည်းယူ အမှုကြူးလွန်သူတွေကသုံးမှုတွဲ
နေသလိုနောက်ထပ်မလုပ်ရဲအောင်ထောင်အနှစ် ၂၀

ချသင့်ပါတယ်။အခုအချိနိမျိုးမှာပိုပြီးပြုလုပ်သင့်ပါသည်ဟု
မှတ်ချက်ပေးပါသည်။အမှုခိုင်မာပါကအမြန်ဆုံးပြစ်ဒဏ်ချ
မှတ်ပေးပါလို့

boyaing said...

ဦးစံရှား တော်တယ်ဗျာ.......

family memb said...

အထက်က သတင်းနည်းနည်းလွဲနေတယ် ထင်တယ်။ ဒီနေ့ နံနက် (၂။၆။၂၀၁၂) တ၇ားခံ ၀န် ခံသွား ပါပြီ။ လူမဆန် တဲ့ကောင် သေ ဒဏ်ပေးသင့် ပြီ။ နေ ခင်း ကြီး လုယက် လူသတ် အလောင်းဖျောက် မီးရှို့ သွားတာ ကြို တင် ကြံစည် မှု နဲ့ လုပ်သွားတာ။ မိသားစု ၀င် အားလုံး ယူကြုံးမ၇ ဖြစ်နေ ၇။ နေ့ ည မအား ကြိုးစားပေး ခဲ့တဲ့ ၇ဲ ၀န် ထမ်း များ သက်သေများ အားလုံး အထူးကျေးဇူးတင် ရှိပါသည်။ အသေးစိတ်အခြေအနေ ကို ရဲစခန်းမှ ထုတ်ပြန်ပေးပါ့လိမ့်မည်။

DOTA LOVER said...

တော်တော် လူပါး ဝတဲ့ကောင်ပဲ....သေဒဏ်လောက်ပေးသင့်တယ်...

anawmar said...

တော်ရင်တော်သလို ပြည်သူတွေက ချီးမွမ်းဂုဏ်ပြုကြသည်ကို ရဲတပ်ဖွဲ့မှ ဂရုပြုသင့်၏။ ကျွန်ုပ်တို့သည် သင်တို့အား အမြဲ အဆိုးမမြင်ပါ။

ငမမ်း said...

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကတော်လာပြီ ငါးလောင်းပြိုင်လူသတ်မှုကြီး အမြန်ဆုံးဖော်ထုတ်ကြတော့မယ် တဲ့ ........၀မ်းသာစရာသတင်းကောင်းဘဲ .......

Anonymous said...

လူသတ်မူ့  ကျူးလွန်တဲ့ သူကို နိုင်ငံတော်တော်များများမှာ သေဒဏ် ပေးပါတယ်။မြန်မာနိုင်ငံမှာလည်း သေဒဏ်ပေးမယ့် ဥပဒေ နဲ့  သေဒဏ်ပေးသင့် တယ်လို့ ထင်ပါတယ်။
လူဆိုးတွေပပျောက်ရေးက အဓိကပဲမဟုတ်ပါလား။

Theingi said...

တော်သေတာပေါ့မသတ်ခင်ကောင်မလေးကို ဖျက်ဆီမသွားတာ။

COBRA said...

ကြိုးပေးမှာ ...... မပူပါနဲ. ။ နည်းတောင်နည်းသေး .... ။

justinsoelin said...

မြန်မာပြည့်ကရဲတွေကိုချီးကျူးပါတယ်ဗျာ
ဒီလိုပဲ့အမြဲတမ်းဖြစ်ပါစေးဗျာ။

Powered by Blogger.