စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါ ဖြစ်ပွားသူတစ်ရာကျော်သို့ရောက်ရှိ

ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။

ရခိုင်ပြည်နယ်တွင် ဒေသတွင်းဆူပူအကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်ရခိုင် ဒုက္ခသည် စခန်းများတွင် ၀မ်းရောဂါ ဖြစ်ပွားသူ ကလေးငယ် တစ်ရာကျော်ခန့် ရှိနေပြီိဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယနေ့မွန်းလွဲ ၂နာရီခန့်က The Voice Weekly သို့ပြောကြားသည်။
The Voice Weekly
စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါ ဖြစ်ပွားသူတစ်ရာကျော်သို့ရောက်ရှိ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါ ဖြစ်ပွားသူတစ်ရာကျော်သို့ရောက်ရှိ Reviewed by သစ်ထူးလွင် on 15:34 Rating: 5

No comments:

Powered by Blogger.