ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင်

လာမည့်ဂျွန်လ ၁၄ ရက်မှ စတင်မည့်   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်၏ဥရောပခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီစနစ်အုတ်မြစ်ခိုင်မာမည့်အခြေ
အနေမျိုးသို့ရောက်ရှိနိုင်ကြောင်းနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းရှယ်လ်မက်ခ်နဲဘွန်
ဒယ်ဘစ်ခ် (Kjell Magne Bondevik)ကယနေ့မြန်မာသတင်းဌာနကိုပြောဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက်၊အလွန်အသုံးဝင်ပြီးအကျိုး
ရှိတဲ့ကိစ္စတွေဖော်ဆောင်နိုင်မှာပါ၊ နှစ်ပေါင်းများစွာစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့
မြန်မာနိုင်ငံမှာ၊ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးအတွက် အထောက်ပံ့အကူညီတွေရမှာဖြစ်သလို၊မြန်မာ့ဒီမိုကရေစီရေးအတွက်ခိုင်မာတဲ့
အုတ်မြစ်ချနိုင်မှာဖြစ်ပါတယ်”ဟု ယနေ့မြန်မာသတင်းအယ်ဒီတာကိုညိုနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

၂၀၀၅ခုနှစ်မှစ၍ရာထူးမှအနားယူခဲ့သည့်နော်ဝေး၀န်ကြီးချုပ်ဟောင်းသည်၊ဒေါ်အောင်
ဆန်းစုကြည်ပထမဆုံးနေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး၂၀၀၆ခုနှစ်မှစ၍ရန်ကုန်မြို့
သို့(၃)ကြိမ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်ကျနော်တို့ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြပါတယ်။
သူဟာနော်ဝေးအစိုးရ၊ပါလီမန်အမတ်တွေ၊နိုဘယ်ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့လည်း
တွေ့ဆုံမှာဖြစ်သလို၊သူ့အတွက်နိုင်ငံတော်ကသီးသန့်စီစဉ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဂုဏ်ပြုပွဲမှာ
နိုဘယ်လ်မိန့်ခွန်းပြောမှာလည်းဖြစ်ပါတယ်၊၂၀၀၆ခုကစပြီးမြန်မာ့အရေးအတွက်ကျနော်တို့
အာရုံစိုက်လုပ်ဆောင်ခဲ့တယ်၊ကျနော်ကိုယ်တိုင်ရန်ကုန်ကို(၃)ကြိမ်လောက်သွားခဲ့ပြီး
ပြောဆိုဆွေးနွေးခဲ့တဲ့အချိန်တွေရဲ့ရလဒ်ဟာအခုဆိုက်ရောက်လာပါပြီ”ဟုမစ္စတာဘွန်ဒယ်ဗစ်ခ်
ကပြောသည်။

(၂၄)နှစ်အတွင်းဒုတိယမြောက်ပြည်ပခရီးစဉ်အဖြစ်ဥရောပ(၅)နိုင်ငံသို့
ခရီးလှည့်လည်မည့်၊၁၉၉၁ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်
ရန်ကုန်မြို့မှဂျွန်လ(၁၄)တွင်စတင်ထွက်ခွါလာမည်ဟုသိရှိရသည်။ဂျွန်လ(၁၅)ရက်ဆွီဇာလန်နိုင်င်
တွင်ကျင်းပမည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့အခမ်းအနားတွင်မိန့်ခွန်းပြောပြီး
နောက်နော်ဝေးနိုင်ငံသို့ခရီးဆက်မည်ဟုသိရသည်။

နိုင်ငံတကာမိသားစု၏အထူးထောက်ခံစိတ်ဝင်စားမှုခံနေရသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည်သူ့ကိုဂုဏ်ပြုမည့်နိုဘယ်လ်အခမ်းအနားကျင်းပမည့်
ဂျွှန်လ(၁၆)ရက်နေ့လည်(၁၁)နာရီတွင်ဝန်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်ဦးစီးသည့်
အော်စလိုစင်တာ၌၊အကန့်အသပ်နှင့်ဖိတ်ကြားထားသည့်၊နိုင်ငံတကာနှင့်
၊နော်ဝေးတတ်သိပညာရှင်အနည်းငယ်တို့နှင့်အတူဒီမိုကရေစီရေးဆိုင်ရာဆွေးနွေးခြင်းနှင့်
အပြန်အလှန်အမေးအဖြေပြုလုပ်မည့်အစီအစဉ်ရှိကြောင်းလည်းသိရသည်။

“ကျနော်နောက်ဆုံးအကြိမ်(ဂျွန်လ၁၅ရက်၂၀၁၂)ရန်ကုန်မှာသူနဲ့တွေ့တော့၊ကျမအော်စလိုကို
မိန့်ခွန်းပြောဘို့၊အင်တာဗျူးအမေးအဖြေလုပ်ဖို့လောက်နဲ့တော့မလာချင်ပါဘူး၊ကျမလူတွေနဲ့
စကားပြောဆို၊ဆွေးနွေးချင်တာပါ၊လို့ပြောခဲ့တာကိုမှတ်သားထားပြီး၊အော်စလိုငြိမ်းချမ်းရေး
စင်တာရုံးခန်းမှာဒီကပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး၊သူနဲ့တွေ့ဆုံဆွေးနွေး၊မေးမြန်းစကားပြောကြဘို့
စီစဉ်ထားပါတယ်”ဟုမစ္စတာဘွန်ဒယ်ဘစ်ခ်ကပြောသည်။

နော်ဝေးနိုင်ငံဘုရင်နှင့်တော်ဝင်မိသားစုပါတက်ရောက်မည့်၁၉၉၁နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
အားဂုဏ်ပြုမည့်အခမ်းအနားသည်နိုဘယ်လ်ဆုချီးမြှင့်သည့်သမိုင်းတွင်တကြိမ်မှမရှိခဲ့ဘူးသော
ဒုတိယအကြိမ်မြောက်ကျင်းပသည့်နိုဘယ်လ်အခမ်းအနားပင်ဖြစ်သည်။ပထမအကြိမ်
၁၉၉၁ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုနေအိမ်အကျယ်ချုပ်ကျခံနေရသူ
အားချီးမြှင့်မှုမှာလည်းနိုဘယ်လ်ဆုရွေးချယ်ရေးသမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်ခဲ့ဘူးပါသည်။

ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းမိုက်ကယ်လ်အဲလစ်(၁၉၉၉ကွယ်လွန်)နှင့်သား
၂ ဦးကလက်ခံခဲ့ပါသည်။

နောက်ထပ်ထူးခြားမှုတခုကားနှစ်စဉ်နိုဘယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားကို၊နော်ဝေးနိုင်ငံ၏
လွန်စွာချမ်းအေးလှသည့်ဒီဇင်ဘာလ၌သာကျင်းပလေ့ရှိသော်လည်း၊ယခုအခါဒေါ်အောင်ဆန်း
စုကြည်အားသီးသန့်ဂုဏ်ပြုလိုသည့်အတွက်၊ရာသီဥတုကောင်းမွန်လှပပြီးအများသူငါအားလပ်
အနားယူကြသည့်နွေရာသီတွင်ကျင်းပခြင်းပင်ဖြစ်သည်။

နိုဘယ်ဂုဏ်ပြုပွဲအပြီးညနေပိုင်းတွင်အခမ်းအနားကျင်းပမည့်မြို့တော်ခမ်းမရှေ့၌ဒေါ်အောင်
ဆန်းစုကြည်လူထုအစည်းအဝေးမိန့်ခွန်းပြောကြားရန်နော်ဝေးနိုင်ငံသားများနှင့်ဖွဲ့စည်းထား
သည့်နော်ဝေးမြန်မာကော်မတီ(NBC)နှင့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က
လည်းစီစဉ်ထားပါသည်။

ထိုသို့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့်ပြည်သူလူထုတိုက်ရိုက်တွေ့ဆုံမိန့်ခွန်းပြောဆိုမည့်
အစီအစဉ်ကလည်းယခင်ကတကြိမ်မှမရှိခဲံဘူးသောအစီအစဉ်တရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်(၃)ရက်ကြာနော်ဝေးနိုင်ငံ၌နေထိုင်နေစဉ်နိုဘယ်ငြိမ်းချမ်းရေး
 ကော်မတီ၏အတီးအမှုတ်များနှင့်ဂုဏ်ပြုညစာစားပွဲအပါအ၀င်၊အော်စလိုရှိနိုင်ငံဘုရင့်နန်းတော်
ဧည့်ခံပွဲ၊၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးအပါအ၀င်နော်ဝေးအစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း၊
နိုင်ငံတကာခေါင်းဆောင်များ၊နိုဘယ်လ်ဆုရှင်များနဲ့ဖွဲ့စည်းထားသောအော်စလိုဖိုရမ်ဖွင့်
့လှစ်ပွဲကျင်းပပြီးမိန့်ခွန်းပြောခြင်း၊နော်ဝေးပါလီမန်နှင့်အော်စလိုမြို့တော်တ၀ိုက်ကြည့်ရှုလည်
ပတ်မှုများပြုလုပ်မည်ဖြစ်သလို၊နော်ဝေးနိုင်ငံ၏ဒုတိယမြို့တော်ဘာဂင်မြို့သို့သွားရောက်မည့်
အစီအစဉ်ရှိကြောင်းလည်းသိရသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း၊နော်ဝေး၊အိုင်ယာလန်၊
အင်္ဂလန်တွင်နေထိုင်နေကြသည့်မြန်မာနိုင်ငံသားများနှင့်လည်းတွေ့ဆုံမည်ဟုသိရသည်။
ဂျွန်လ၁၆ရက်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မည့်အခမ်းအနားအပြီးညနေတွင်အော်စလို
ဆိပ်ကမ်းအနီးရှိနိုဘယ်လ်ငြိမ်းချမ်းရေးစင်တာအဆောက်အဦးတွင်ဒေါ်အောင်ဆန်းစုကြည်
နှင့်မြန်မာများ(၁)နာရီကြာတွေ့ဆုံပြီးဒေါ်အောင်ဆန်းစုကြည်ကအဝေးရောက်မြန်မာများကို
သြ၀ါဒစကားပြောဆိုမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အော်စလိုသို့ဆိုက်ရောက်မည့် ဂျွန်လ၁၅ရက်နေ့လည်တွင်တည်း
ခိုရာဂရင်းဟော်တယ်(Grand Hotel)ရှေ့တွင်မြန်မာနိုင်ငံသားတိုင်းရင်းသားအစုံအညီနှင့်
သိုက်သိုက်ဝန်းဝန်းကြိုဆိုမည်ဟုလည်းသတင်းရရှိသည်။

ဂျွန်လ(၁၈)ရက်တွင်နော်ဝေးနိုင်ငံမှတဆင့်အိုင်ယာလန်သို့သွားမည်ဖြစ်ပြီး၂၀၀၉ခုနှစ်က
ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ခဲ့သည့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အမြင့်
ဆုံးဆုကိုကမ္ဘာကျော်U2တေးဂီတအဖွဲ့ခေါင်းဆောင်ဘိုနိုမှတဆင့်လက်ခံယူမည်ဟုသိရသည်။

ဇွန်လ(၁၉)ရက်အင်္ဂလန်တွင်ဒေါ်အောင်ဆန်းစုကြည်၏(၆၇)နှစ်မြောက်မွေးနေ့ပွဲကိုသား(၂)
ယောက်အပါအ၀င်ဆွေမျိုး၊မိတ်သင်္ဂဟများနှင့်အတူကျင်းပမည်ဖြစ်သည်။ဂျွန်လ၂၂ရက်တွင်၊
လန်ဒန်ရှိမြန်မာအသိုင်းအ၀ိုင်းများနှင့်တွေ့ဆုံစကားပြောမည်ဖြစ်သလို၊မြန်မာ့ဆိုင်းဝိုင်းနှင့်
အတူနိုင်ငံကျော်အဆိုတော်ဒေါ်မာမာအေးလည်းဧည့်ခံဖြော်ဖြေမည်ဟ
ုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်တွင်နေထိုင်စဉ်အတွင်း၊အောက်စ်ဖို့စ်တက္ကသိုလ်မှချီးမြှင့်သည့်
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တက်ရောက်ယူမည်ဖြစ်သလို၊အင်္ဂလန်ပါလီမန်တွင်လည်းမိန့်ခွန်း
ပြောကြားမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်သည်၁၀ရက်ကျော်ကြာမြင့်ပြီးပြင်သစ်နိုင်ငံ
သို့လည်းသွားရောက်လည်ပတ်မည်ဟုသိရသည်။

ကိုညို (နော်ဝေး)
နော်ဝေး၀န်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်
ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင် ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး  အတွက်ပိုမိုအကျိုးရှိနိုင် Reviewed by သစ်ထူးလွင် on 12:50 Rating: 5

11 comments:

ဝေလင်း said...

အဲဒါကွ မြန်မာကိုကမ္ဘာက သိစေရမယ်ဆိုတာ
အမေသွားလေရာလာလေရာမှာ
ဘေးကင်းပါစေ

tkm said...

ကဲ....ဒီလောက်တော်တဲ့အမေကွ
မြန်မာနိုင်ငံသားစစ်စစ်ကွ
မြန်မာနိုင်ငံအခုလိုထင်ပေါ်ကျော်ကြားနေတာ
အမေစုကြောင့်ကွ..သိပြီလား..
မြန်မာကို..ကမ္ဘာကသိနေပြီနော်
အမေအတွက်..ဂုဏ်ယူတယ်ဗျာ

kyaw tut said...

ဒေါ်စုလိုဘဲ ဆရာထက် ပိုတော်တဲ့တပည့် မိဘထက် ပိုတော်တဲ့ သားသမီး ဖြစ်အောင် လူငယ်တွေ အတုယူနိုင်ကြပါစေ

Unknown said...

ဟုတ်တယ် ဝမ်းသာလိုက်တာ စာကို ဖတ်လိုက်တာနဲ့ ပီတိဖြစ်ရတယ် နောက်ဆို ဘယ်သူမဆို မြန်မာ ဆိုတာ သိလာတော့မှာပါ သူဟာ ကျနော့်တို့ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရာတနာ တပါး ပါပဲ ဘာပဲဖြစ်ဖြစ် သွားလေရာ ဘေးအန္တာရာယ် ကင်းရှင်းပါစေ... ရင်ထဲက လေးလေးနက်နက်ဆုတောင်းပါတယ်...
နောက်ပီး အန်တီဆုရဲ့ လုံချုံရေးကို အထူးဂရုစိုက်ပေးပါလို့လည်း အန်အယ်ဒီ ပုဂ္ဂိုလ်များ ကိုပြောပေးစေလို ပါတယ် ခင်ဗျာ အရင်ထက်ပိုပီး ဂရုစိုက်ပေးကြဖို့ပါ .. နည်းနည်းလေး သတိလစ်သွားတာနဲ့ ကျနော်တို့ တိုင်းးပြည်ဟာ မတွေးဝံ့ စရာပါပဲ စိုးရိမ်မူကို နားလည်ပေးပါခင်ဗျာ

Unknown said...

နိုင်ငံဂုဏ်ဆောင် တို့အမေစု

sailashio said...

အမေစု ၇ဲ့ ခရီးစဉ် အောင်မြင်ပါစေ

kaung.san3333 said...

မြန်မာပြည် က ဝေလငါးကြီိး ကမ္ဘာ့ သမုဒ္ဒယကြီးထဲမှာ စတင်ကူးခပ်နေပါပြီ

Theingi said...

Bergen ကိုလာဖြစ်အောင်လာပါ စောင့်ကြိုနေပါ့မယ် အမေ

tun tun lin said...

ဒီသတင်းကို အာဏာရှင်တွေ ဖတ်မိရင် ရူးသွပ်သွားမလား မသိဘူး

minsoeaung said...

မြန်မာ့အားကစားကမ္ဘာကိုလွမ်းတား ဆိုတာမသေချပေမဲ့
burma ကနေmyanmarဖြစ်သွားပါဘီ။
မြန်မာဆိုဘယ်လိုလျးူိ မ မျိုးလဲဆိုတာအားလုံးသိကြပါဘီေ
နော်။အမေတာဝန်ကျေပါတယ်ကျေးဇူးများစွာဖြင့်

pyaponthu said...

ဂုဏ်ယူစရာကောင်းတဲ့ဒို့မြန်မာကွ

Powered by Blogger.