ရခိုင်ပြည်နယ်တွင်းပြဿနာ ထပ်မံမဖြစ်ပွားစေရေး အဖွဲ့အစည်းစုံ ကြိုးပမ်းနေ

‎ရခိုင်ပြည်နယ် မြို့နယ်သုံးခုအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး အဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
''အန်ကယ်တို့ပါတီကရော၊ မြို့မိမြို့ဖတွေကရော ဘာသာရေး အဖွဲ့ အစည်းတွေကရော နောက်ထပ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းနေ ကြတယ်''ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဇွန်လ ၅ ရက်နေ့ ပေါ်ပြူလာနယူးစ်ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအရ ပဋိပက္ခဖြစ်ရာ သုံးနေရာစလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ် ပြီ ဖြစ်ကြောင်း၊ ဈေးများနှင့် အခြေခံ ပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ပြီဖြစ်ကြောင်း တောင်ကုတ်မြို့နေသူ တစ်ဦးက ပြောသည်။
''လက်ရှိကတော့ အေးအေးဆေးဆေးပါဗျာ''ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု အသတ်ခံရမှုဖြစ်စဉ်အား တရားခံဟုယူဆရသူ ၃ ဦးကို စစ်ဆေးမှုပြု လုပ်နေကြောင်း၊ တောင်ကုတ်မြို့၌ ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁ဝ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုး သမီးတစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု၊ အသတ်ခံရသည်မှ အစပြု ခဲ့ခြင်းဖြစ်ပြီး ယင်းပဋိပက္ခများအား နိုင်ငံပိုင်သတင်းစာမှလည်း ဖော်ပြထားသည်။

မိုးမြင့်မြတ်

၁ - ၂၈.၅.၂ဝ၁၂ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေး ၂၇ နှစ် (ဘ) ဦးလှတင်သည် ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီး နေ အိမ်သို့ ပြန်လာစဉ် ကျောက်နီမော်ကျေးရွာ ကျောက်ထရံရပ်ကွက်နှင့် ချောင်းဝကျေးရွာသို့သွားသော တာပေါင်လမ်းဘေးရှိ ကုက္ကိုပင်အနီး ပျားတော (ဒီရေတော)၌ ၄င်းအား လူ(၃)ဦးက ဓားဖြင့် ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
၂ -၃.၆.၂ဝ၁၂ နံနက် ၆ နာရီတွင် မသီတာထွေးဖြစ်စဉ်နှင့် ပတ်သက် ၍ တောက်ကုတ်မြို့တွင် အသိပေးနှိုးဆော်စာ ဖြန့်ဝေခြင်း ဖြစ်ပွားခဲ့သည်။ ထိုနေ့ညနေ ၄ နာရီတွင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ မှန်လုံယာဉ်ပေါ်မှ လူဆယ်ဦးအား သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
၃ -၃.၆.၂ဝ၁၂ ညပိုင်းတွင် လူစုလူဝေးဖြင့် စစ်တွေမြို့ ရဲစခငန်းအား ဝိုင်းဝန်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
၎ - ၄.၆.၂ဝ၁၂ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက အားလုံးပြန် လည် တည်ငြိမ်အေးချမ်းစေရန် ရပ်မိရပ်ဖများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်နိုင်ခဲ့သည်။ သံတွဲ နည်းပညာ ကောလိပ်အား ဆယ်ရက်မျှ ကျောင်း ပိတ်ထားလိုက်သည်။
၅ - ၅.၆.၂ဝ၁၂ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ သည်။

Popular Myanmar News Journal
ရခိုင်ပြည်နယ်တွင်းပြဿနာ ထပ်မံမဖြစ်ပွားစေရေး အဖွဲ့အစည်းစုံ ကြိုးပမ်းနေ ရခိုင်ပြည်နယ်တွင်းပြဿနာ ထပ်မံမဖြစ်ပွားစေရေး အဖွဲ့အစည်းစုံ ကြိုးပမ်းနေ Reviewed by သစ်ထူးလွင် on 15:18 Rating: 5

No comments:

Powered by Blogger.